( ၊ဝေးလျှက်နဲ့ ချစ်နေတယ် )
လွင့်ပျံလာတဲ့လေအဝေ့မှာ
ထင်းရှုးရနဲ့တွေကပ်ပါလာလေသလား
ပွင့်ငုံလာတဲ့ချယ်ရီရိပ်မှာ
အလွမ်းအဆွေးတစ်ပုဒ်ကို
၊တေးသီနေမလားနန်းရေ။
၊ဝေးပြီးမှလွမ်းနေရတာထက်
လွမ်းရင်းနဲ့ဝေးသွားတာပဲ
ကိုယ့်တွက်ကံကြမ္မာကပေးတဲ့
ဆုလာဒ်တစ်ခုလို့
မြတ်နိုးစွာတန်းဖိုးထားနေပါ့မယ်နန်း။
ပူလောင်တဲ့ကန္တာရထဲမှာ
၊ရေတစ်ပေါက်ဟာတန်ဖိုးကြီးမားတယ်။
၊မေတ္တာငတ်ခဲ့တဲ့ကိုယ့်ဘ၀မှာ
နန်းရဲ့အချစ်တွေဟာ အနှိုင်းမဲ့ကြင်နာခြင်းတွေပါနန်း။
အတ္တတွေရောင်စုံခြယ်ထားတဲ့
မျက်နှာဖုံးတပ် အပြုံးတုတွေနောက်မှာ
ရိုးသားဖြူစင်စွာ ကြင်နာမိခဲ့တဲ့အချစ်အတွက်
ရက်စက်ခြင်းတွေ လက်ဆောင်မပေးပါနဲ့လား။
@arkarsoe
Photo.Google
This post has received a 0.85 % upvote from @boomerang thanks to: @arkarsoe
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit