( ကြယ်ကြွေည အလွမ်း)
မိုးသားတွေ ကြည်လင်နေတယ်
ကောင်းကင်းမှာ ကြယ်တွေကြွေနေတယ်
မဟူရာညရဲ့ စိတ္တဇအတွေးတွေက
အခန်းကျဉ်းထဲမှာ ငိုနေတယ် ။
လူသူမသိတဲ့ ဝေဒနာအပိုင်းအစနဲ့
ပျောက်ဆုံးနေတဲ့ ပုံရိပ်တချို့ကို
ကာရံမဲ့ နံရံပေါ်မှာ ရေးဆွဲထားခဲ့တယ် ။
တစ်ခန်းရပ် ပြဇတ်တွေနဲ့
နှလုံးသားကို ပေးခဲ့တယ်
ဝိုးတဝါး အကြည့်တွေက
အငြိုးဓားသွားလို ရက်စက်ခဲ့ပြီလေ။
အမှတ်တရ နေ့စွဲတွေ
အသက်မက ထားခဲ့ပေမဲ့
တစ်ရက်ကျ ထားသွားမယ်ဆိုတာ
မျှော်လင့်မထားခဲ့မိဘူး ။
အချစ်ကို ခြေတော်တင်
ဘဝင်မကျတဲ့ မျက်စောင်းတွေနဲ့
အပြန်တစ်ရာမကအောင်
နင်းချွေရက်ပြီလေ ။
တစ်ညတာ အိမ်မက်တွေက
ခဏတာ ပျော်ရွှင်ရသလို
တစ်ဘဝစာ စိတ်ကူးတွေက
မကြာခဏမှာ ပျက်သုန်းခဲ့ရပြီ ။
အတူတကွ လျှောက်လှမ်းဖို့တွက်
ထာဝရပါ ခင်းတဲ့လမ်းကို
မညီမျှပါဆိုတဲ့စကားနဲ့
စည်းခြားလို့ တားရစ်ခဲ့ပြီ ။
မနက်လင်းတိုင်း
လွှင့်ပျံနေတဲ့အာရုဏ်တွေက
သူရှိရာအရပ်ကို လိုက်ရှာမိတယ် ။
သူပျော်နေမလား
ရင်ခွင်သစ်ဆီမှာ
သူမျှော်နေမလား
ရင်ခွင်ဦးဆီကိုပေါ်...။
ဂိမ္မာန်နွေ နွေလေမြူး
ဥသြတွန်သံ ကြားရတဲ့အခါ
စိမ်းသရဖီး သူဆီသို့
စေတမန်အလွမ်း ပို့သမိတယ် ။
@arkarsoe
Photo .google
This post has received a 1.61 % upvote from @boomerang thanks to: @arkarsoe
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit