{ဌာ​နေလွမ်းတဲ့ တို့ အညာ​မြေ}

in myanmar •  7 years ago  (edited)

FB_IMG_1516161189835.jpg

{ဌာ​နေလွမ်းတဲ့ တို့ အညာ​မြေ}
**********
၊​လေရူး​ကြောင့်​​ရော်​ဝါရွက်​​တွေ
တ​ဝေ့​ဝေ့​ကြွေကျ​နေသည်​.
၊​မြေတလင်းဝယ်​ တလိမ့်​လိမ့်​မို့
၊​မြေဖြူဖြူတို့ လွင့်​ပါး​နေသည်
၊​ရွှေဝါ​ရောင်​​ နေရီဆည်းဆာ
အညာ​မြေဆီ ဖုံးလွှမ်း​နေ​သည်​ ။
တမာပင်​ညိုညို ​အညာ​မြေရိပ်​ပျို
၊​နွေ ဥသြသံများ ကြား​နေရသည်​ ။
လွမ်း​မောစရာ ဌာ​နေတစ်​ခု​မို့
၊​နေဝင်​​တေးသံ ပျို​မေတစ်​သိုက်​ဆို
သံပြိုင်​ဟစ်​လို့​ရေခပ်​ဆင်းသည်​ ။
၊​ရေအိုးကိုယ်​စီ​​ခေါင်​​ပေါ်ရွက်​လို့
ပါးက ပါးကွက်​ကြား​ သနပ်​ခါးကြမ်းက
ကန်​​ဘောင်​ရိုးတွင်​သင်းရနံ့ကြိုင်​​နေခဲ့ပြီ။
၊​ငွေရောင်​ဖျော့​ဖျော့ လ​ရောင်​ရိပ်​ဖြင့်
၊​နွေဦးကောင်​ကင်​ ည​တွေမှာဖြင့်
၊​ငွေကြယ်​​ပွင့်​တွေ လင်းလက်​​နေသည်​ ။
ကြည်​နူးဖွယ်​ညချမ်း​က​လေးနဲ့
ရွာအဝင်​ဆီးမီးခွက်​တို့
အညာ​မြေတွက်​ အလှတရားတစ်​ခု​ ။
၊​ငွေလ​ရောင်​ဖြန်းတဲ့ ​​တလင်းပြင်​မှာ
ထုပ်​စည်း​ထိုးပွဲ​ ဆော့ကစား​နေသည်​ ။
ဆူဆူညံညံ ဟစ်​​အော်​ခြင်းက
သာယာနာဖွယ်​ အညာ​မြေအလွမ်း​ပေါ့ ။
ထန်း​​ပင်​​တော လှည်းလမ်းက​လေးနဲ့
စည်​​ဗြေားသံသာ ဒိုးပက်​ဝိုင်း​က
အိုးစည်​သံများ မြိုင်​ဆိုင်​​စေတယ်​ ။
ဦး​ရွှေရိုးနှင့်​ ဒေါ်​​မိုးအက
သူမပါရင်​ မပြီးတဲ့ အလှူပွဲ​​ပေါ့ ။
ကွမ်း​တောင်​ကိုင်​မမ ပျို​မေအလှနှင့်
ကာလသားများ ဝိုင်းဝန်း​​စေတယ်​။
အညာ​မြေစွဲ လွမ်း​မောဖွယ်
ပု​လွေသံများ လွမ်းဆွတ်​​စေတယ်
ဌာ​နေတစ်​​ခေါက်​ အညာ​မြေ​ရောက်​ရင်
ကိုယ့်​ဘဝအ​ကြောင်း အောက်​​မေ့​စေတယ်​ ။
@arkarsoe
Photo.Google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!