Beautiful Accessories Box

in myanmar •  7 years ago 

Beautiful Accessories Box
img1522828694478.jpg

img1522828773349.jpg

ဒီတစ်​ခါမှာ​တော့ညီမ​လေးတစ်​​ယောက်​ကသူ့ကိုခဲတံ၊​ဘောလ်​ပင်​၊​ပေတံစတဲ့စာ​ရေးကိရိယာလည်းထည့်​လို့ရ​အောင်​၊ပြီး​တော့​ခေါင်းစည်းကြိုးလည်းထည့်​ဖို့boxတစ်​ခုပြုလုပ်​​ပေးပါတဲ့။နှင်းဆီပန်းလည်းပါရမယ်​။အ​ရောင်​လည်းစုံ​အောင်​ထည့်​​ပေးပါဆိုလို့သူ့စိတ်​တိုင်းကျလုပ်​​ပေးထားတာပါ။ပထမဆုံး​တော့လိုအပ်​တာ​တွေ​ခေါက်​ပြီး​ကော်​ကပ်​ကာစု​ဆောင်းပါ့မယ်​။
IMG_20180327_222606.jpg

IMG_20180404_143737.jpg

ဒါက​တော့​အောက်​​ခြေမှာသုံးဖို့ကတ်​ထူဘူးအလွယ်​တကူရှာမရလို့ကိုယ်​တိုင်​​ခေါက်​လိုက်​ပါတယ်​။ကတ်​ထူတစ်​ရွက်​မှာခဲတံနှင့်​​ပေတံသုံးပြီးအတိုင်းအတာမှတ်​ပါ့မယ်​။ဘေးနှစ်​ဘက်​အကွက်​ကလိုချင်​တဲ့အမြင့်​ပါ။အလယ်​မှာ​တော့ဘူးရဲ့လိုချင်​တဲ့အရွယ်​အစားအတိုင်းမှတ်​မှာပါ။ပြီး​တော့မျဉ်းဆွဲပြီးအပြင်​ဘက်​မျဉ်းအထိကတ်​​ကြေးနှင့်​ဖြတ်​မှာပါ။ထို့​နောက်​​ခေါက်​ကာ​ကော်​ကပ်​ပြီးဘူးခွံပုံစံရမှာပါ။အ​ရောင်​စုံစာရွက်​နှင့်​ထပ်​မံဖုံးလိုက်​ပါ့မယ်​။
IMG_20180404_143822.jpg

ဒီတစ်​ခုကို​တော့လိုချင်​တဲ့အတိုင်းတာဖြတ်​ပြီးပန်းစာရွက်​နှင့်​အ​ပေါ်မှဖုံးပြီး​ကော်​ကပ်​လိုက်​ပါ့မယ်​။

IMG_20180321_223500.jpg

IMG_20180321_223539.jpg

ကတ်​ထူဘူးခွံ​လေးခုယူပါ့မယ်​။မလိုတဲ့အပိုင်း​တွေဖြတ်​ပြီး​တော့ပုံမှာမြင်​ရတဲ့ပုံစံအတိုင်းပုံ​ဖော်​ကာကတ်​​ကြေးနှင့်​ဖြတ်​မှာပါ။ကတ်​ထူဘူးခွံ​လေးခုကိုနှစ်​ခုစီပုံစံနှစ်​မျိုးဖြတ်​ပါ့မယ်​။ရရှိလာတဲ့ဘူးခွံ​တွေကို​တော့အပြာ​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​ကိုသုံးပြီးတစ်​ခုလုံးဖုံးအုပ်​ကာ​ကော်​ကပ်​လိုက်​ပါ့မယ်​။

IMG_20180322_103602.jpg

IMG_20180322_103935.jpg

IMG_20180322_110550.jpg

ပြီး​တော့ပန်းပွင့်​နှင့်​အရွက်​​လေး​တွေပြုလုပ်​မှာပါ။ပန်းက​တော့နှင်းဆီပြုလုပ်​နည်းပါ။နှင်းဆီပွင့်​ကို​တော့အပြာ​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​ကိုအသုံးပြုပါ့မယ်​။စာရွက်​​ပေါ်စက်​၀ိုင်းပုံတစ်​ပတ်​ပြီးတစ်​ပတ်​ဆွဲပါ့မယ်​။ပြီး​နောက်​ကတ်​​ကြေးနှင့်​ဖြတ်​မှာပါ။ဆွဲထားတဲ့မျဉ်းအတိုင်းဖြတ်​မှာပါ။အပြင်​ဘက်​အစက​နေပြီး​အဆုံးထိ​ခေါက်​ကာ​ကော်​ကပ်​လိုက်​မယ်​။ဒီနည်းအတိုင်းနှင်းဆီပွင့်​အများကြီး​ခေါက်​လိုက်​မှာပါ။အရွက်​ကို​တော့စာရွက်​ကိုအထပ်​ထပ်​​ခေါက်​ပြီးဒီ​အ​ပေါ်မှာအရွက်​ပုံဆွဲပြီးတစ်​ခါတည်းဖြတ်​လိုက်​မှာပါ။

IMG_20180322_112830.jpg

လိုအပ်​တာ​တွေရပြီဆို​တော့ကတ်​ထူဘူးခွံရဲ့ဘယ်​ဘက်​​ထောင့်​စွန်းမှာကတ်​ထူစာရွက်​ကိုအညီအမျှ​ခေါက်​ပြီး​ကော်​ကပ်​မှာပါ။ဖြတ်​ထားတဲ့ဘူးခွံ​လေးခုကို​တော့ပုံမှာမြင်​ရတဲ့အ​နေထားအတိုင်း​နေရာချပြီး၊နှင်းဆီပွင့်​နှင့်​အရွက်​​တွေကို​တော့ပုံပါအတိုင်းအလှဆင်​​ကော်​ကပ်​လိုက်​မယ်​။လူကြီး​တွေအ​နေနှင့်​​တော့ကြည့်​ရတာအနည်းငယ်​ရှုပ်​​နေတယ်​ထင်​ရ​ပေမဲ့က​လေးအကြိုက်​​လေးပါ။

IMG_20180404_150536.jpg

img1522828694478.jpg
Thank you
Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  7 years ago (edited)

မြိတ်လာပြီး အကုန်လာယူရမလား ယွန်းရေ😍😍လုပြသမျှတွေ ကြွေနေပီလေ 😁

ယူပါ@kyi...အကုန်​လာယူလိုက်​...​ပေးပါမယ်​ 😁😁😁

Accessory ဆိုလို့သတိရတယ် ကျနော်လည်း သစ်သားနဲ့လုပ်ထားတဲ့ Accessory box လေးတွေခုတလောရောင်းဖြစ်နေတယ်ခင်ဗျဟီးးးးးးဒါနဲ့အမလုပ်ထားတာလေးလည်းလှပါတယ်လို့စ်..

ဟု....အား​ပေးလို့​ကျေးဇူးပါ...ဒါနဲ.ဘုတာအဆင်​​ပြေလား?...😀

ဘုတညအဆင်ပြေတယ်ဗျ မန့်ဘုပိုပီးအဆင်ပြေတယ်sbd လည်းမဆုံးဘဲ steempower ပြန်ရတယ်ဗျကျနော်တော့အတော်လေးကြိုက်တယ်ဗျာ

စကား မစပ်​ ကိုသာ​အေး၊ အမရဲ့ box ​လေး​တွေ လုပ်​ပြီး​ရောင်းပါလားဗျ...☺☺

အရမ်းလှတဲ့ လက်ရာလေးတွေပါအမ

ခုလိုအား​ပေးလို.​ကျေးဇူးပါ...

လှလိုက်တာ

ဟုတ်​ကဲ့...​ကျေးဇူးပါရှင့်​...

စိတ်ရှည်တာကို အားကျလိုက်တာရှင်

ဟုတ်​...ခုလိုအား​ပေးလို.လည်း​ကျေးဇူးပါ....

လုပ်​တက်​ချင်​တယ်

စာဖတ်​ရင်းပုံ​လေး​တွေကြည့်​ပြီးလုပ်​ကြည့်​ပါ။အဆင်​​ပြေမှာပါ...😊

မရိုးအောင်လည်းလုပ်နိုင်ပါ့

အင်း...​နောက်​လည်းကြိုးစားပိုစ့်​တင်​ပါဦးမယ်​...

professional ကျလွန်းပါတယ်အမ

အား​ပေးလို့​ကျေးဇူးပါ...၀ါသနာပါလို့ပါ...

တော်တော်လေးလှပြီး စနစ်တကျ ပြုလုပ်ထားတာတွေ့ရပါတယ်။ဒီလိုဒီဇိုင်းလှလှလေးတွေ လုပ်နိုင်နေတဲ့ အစ်မ ပို၍ပို၍အောင်မြင်ပါစေလို့ ဆုတောင်းပေးနေပါတယ်။

ဟုတ်​ကဲ့...​နောက်​လည်းကြိုးစားပိုစ့်​တင်​ပါ့မယ်​...လိုအပ်​တာရှိရင်​​ပြောပြ​ပေးပါ...

Skynet teen ထဲကလာတာ‌တောင်‌ ညီမ‌လောက်‌မလှဘူး။ Tv က ပုံ‌တွေက ရိုးတယ်‌။

ဟုတ်​ကဲ့bro...ခုလိုအား​ပေးလို.​ကျေးဇူးပါ...လိုအပ်​တာရှိလည်း​ပြောပြ​ပေးပါ...

Very good တအားလှတယ်

ဟုဟု...အား​ပေးလို့​ပျော်​ပါတယ်​...

ပညာကောင်းတယ်ဗျာ အောင်မြင်ပါစေ

ဟုတ်​ကဲ့...​ကျေးဇူးပါ...

စမ်းလုပ်​ကြည့်​ချင်​ပါတယ်​ဗျ

အင်း....အားတဲ့အချိန်​စမ်းကြည့်​ပါ....

ဒီတစ်ခေါက်ပန်းလေးတွေ အရင်ပန်းတွေထက် ပိုလှနေသလားလို့ အစ်မ

နှင်းဆီပန်းလုပ်​နည်းကအရင်​တစ်​ခါတုန်းကလည်းပြုလုပ်​ဖူးပါတယ်​။လှတယ်​ဆိုလို.​ပျော်​ပါတယ်​....

အရမ်းလှတယ်ဗျာ

ဟုတ်​..​ကျေးဇူးပါ

တော်​​တော်​​လေးကိုပြည့်​စုံပါတယ်​​ဗျာ

ဟုကဲ့...​ကျေးဇူးပါ

လှတယ်မမ လုပ်ထားတာလေးတွေအားလုံး ချစ်စရာလေးတွေကြည့်ဘဲဗျ

အား​ပေးလို့​ကျေး​ဇူး​နော့

Thank you for your sharing

Thank u,too

အရမ်းလှတယ်အမ ပိတ်ရက်ကြမှ လိုက်လုပ်ကြည့်အုံးမယ်

အင်း...လုပ်​ကြည့်​ပါ 😊​thanks par

အရမ်းလှပါတယ်ခင်ဗျာ

ဟုတ်​ကဲ့...အား​ပေး​လို.​ကျေးဇူးပါ....