Beautiful Two Colors Flower Vase

in myanmar •  7 years ago 

Beautiful Flower Vaseimg1519130852385.jpg
ဒီတစ်​ခါ​တော့ပန်းအိုးတစ်​ခုပြုလုပ်​တာဖြစ်​ပြီးအ​ရောင်​နှစ်​မျိုးနှင့်​ပြုလုပ်​တာပါ။အပြာ​ရောင်​နှင့်​အနီ​ရောင်​နှစ်​မျိုးတည်းအသုံးပြုခြင်းပါ။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ကတ်​​ကြေး၊​ကော်​ဘူး၊ကတ်​ထူစက္ကူစသဖြင့်​ပါ။ပထမဆုံးပြုလုပ်​မှာကကတ်​ထူစက္ကူကို​ထောင့်​မှန်​စတုဂံပုံစံဖြတ်​မှာပါ။ပြီး​တော့မှပုံမှာမြင်​ရတဲ့အတိုင်းအ​ပေါ်ဘက်​ကိုတ​စောင်းညှပ်​လိုက်​မှာပါ။ဒီလိုပုံစံအတိုင်း​လေးခုပြုလုပ်​ပြီး၊​နောက်​တစ်​ဆင့်​မှာအပြာ​ရောင်​စာရွက်​ကိုသုံးပြီးကတ်​ထူ​လေးခုကိုဖုံးကာ​ကော်​ကပ်​မှာပါ။IMG_20180219_190456.jpg
ပြီးနောက်​အနီ​ရောင်​စာရွက်​ကိုအပိုင်းပိုင်းဖြတ်​ပြီးpaper sticksပြုလုပ်​မှာပါ။ပြီး​တော့ခုနက​အပြာ​ရောင်​ကတ်​ထူ​ပေါ်မှာpaper sticksကိုအဖျားနှစ်​ခု၊အလယ်​၊​နောက်​ဆုံးမှာတစ်​ဘက်​စီတစ်​ခုစီ၊စုစု​ပေါင်းငါးခု​ကော်​ကပ်​မှာပါ။အစွန်းထွက်​​နေတဲ့အနား​တွေကိုကတ်​​ကြေးနှင့်​ညှိလိုက်​မှာပါ။ဒီနည်းအတိုင်း​လေးခုစလုံးပြုလုပ်​မှာပါ။အပြာ​ရောင်​စက္ကူကိုသုံးပြီး1cmအကျယ်​ရှိတဲ့စက္ကူအပိုင်းများ​ခေါက်​ပြီး၊ခုနကကတ်​ထူစက္ကူရဲ့အ​ပေါ်ဘက်​ကိုအနားကွပ်​လိုက်​မှာပါ။ရရှိလာတဲ့ကတ်​ထူ​လေးခုကိုဆက်​ပါ့မယ်​။ဆက်​တဲ့အခါ​အ​ခြေမှာထားဖို့ကတ်​ထူစက္ကူရဲ့အကျယ်​ကိုတိုင်းပြီး​လေး​ထောင့်​ပုံစံကတ်​ထူကိုညှပ်​မှာပါ။ပြီး​တော့မှဒီအ​ပေါ်မှာပုံမှာမြင်​ရတဲ့အ​နေအထားအတိုင်းကတ်​ထူပြားများကိုတစ်​ခုနှင့်​တစ်​ခုဆက်​လိုက်​မှာပါ။
IMG_20180219_101124.jpgIMG_20180219_190401.jpgIMG_20180219_190340.jpgIMG_20180219_190133.jpg
ဒီအဆင့်​ထိပြီးသွားရင်​​တော့​နောက်​တစ်​ဆင့်​ကပန်းပွင့်​ပုံစံပြုလုပ်​ချင်​ပါတယ်​။ပြုလုပ်​နည်းကအပြာ​ရောင်​စာရွက်​ကိုဘဲအသုံးပြုမှာပါ။စာရွက်​ကို1cmအကျယ်​ခန့်​နှစ်​​ခေါက်​​ခေါက်​ပြီး​ကော်​ကပ်​မှာပါ။ပြီး​နောက်​ကတ်​​ကြေးဖြင့်​ဖြတ်​ပြီးစက္ကူ​ခေါက်​အပိုင်းများဖြစ်​​အောင်​ပြုလုပ်​မယ်​။ပြီး​တော့စက္ကူစကိုအ၀ိုင်းပုံစံေ​ခွကာအနားသတ်​ကို​ကော်​ကပ်​လိုက်​မယ်​။ပန်းတစ်​ပွင့်​မှာဆိုရင်​စက္ကူ​ခေါက်​5ခုကိုတစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ပြီးဆက်​မှာပါ။စုစု​ပေါင်းမျက်​နှာပြင်​​လေးခုဆို​တော့ပန်း4ပွင့်​ပြုလုပ်​မှာပါ။ဆက်​လက်​ပြီး​တော့အနီ​ရောင်​စာရွက်​​တွေကိုဘဲအ​ပေါ်ကပန်းပွင့်​ပြုလုပ်​နည်းအတိုင်း​ခေါက်​မယ်​။လက်​နှင့်​အနည်းငယ်​ဖိကာပုံ​ဖော်​လိုက်​ပါမယ်​။ရရှိလာတဲ့ပန်းပွင့်​​တွေကို​တော့မျက်​နှာပြင်​​လေးခုမှာ​ကော်​ကပ်​ပြီး၊အနီ​ရောင်​စက္ကူ​ခေါက်​​တွေကို​တော့၊​ထောင့်​စွန်း​တွေမှာ​ကော်​ကပ်​ကာအလှဆင်​လိုက်​မှာပါ။
IMG_20180219_101047.jpgIMG_20180220_082430.jpgIMG_20180220_095637.jpgimg1519130899606.jpgMy beautiful vase
written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မရောက်တာကြာပြီမို့ အလည်တစ်ခေါက်ရောက်ရှိခဲ့ပြီဗျာ
ပုံလေးတွေနဲ့ ခုချိန်ထိတင်နေနိုင်တုန်းပဲ
လေးစားပါတယ်ဗျာ

V100%$0.07 v n m.

Thank you

ဒါလေးကလည်းလှနေပြန်တော့ ဘယ်လိုမန့်ရမယ်မှန်းတောင် မသိတော့ဘူး

😀😀ကျေးဇူး​ပါ...လှတယ်​​ပြောလို့...

စီးပွားရေးတိုးတက်တဲ့ ထိုင်းလိုနေရာမှာသာ လက်မှု့ပစ္စည်းလေးတွေရောင်းပီဆိုပီ ဘ၀အတွက် အတော်လေးကိုအခိုင်အမာအထောက်အကူပြူမှာပေါ့ဗျာ

ဟု...အကြံ​ကောင်း​လေးဘဲ
Thank for comment

ချစ်​စဖွယ်​လက်​မှုပည​လောပါ..။

အား​ပေးလို့​ကျေးဇူးပါ

ကျွန်တော့် အတွက်တော့ မမတင်တဲ့ပိုလ့် တိုင်းက ဗဟုသုတရပါတယ်

ခုလိုအား​ပေး​ပြောလို့​ကျေးဇူးပါ...😊

လေ့လာမှတ်သားရပါတယ်ဗျ

ဟုတ်...thanks

ချစ်​စရာ​လေးဗျာ

Thanks par

လုပ်ထားတဲ့ ပစ္စည်းလေးတွေက တကယ်လိုချင်စရာလေးတွေပါ အရမ်းကောင်းပါတယ်

ဟုကဲ့...အား​ပေးလို.​ကျေးဇူးပါ...

ခ‌လေး‌တွေကို လုပ်‌ပြဖို့ ပစ္စည်း‌တွေကို ဘယ်‌လို ‌ပြော ဝယ်‌ရမလဲ ညီမ။

A4-size​ရောင်​စုံစက္ကူဆိုရပီbro..စာ​ရေးကိရိယာ​ရောင်းတဲ့ဆိုင်​​တွေမှာရှိတယ်​..

ဟုတ်‌ ‌ကျေးဇူးညီမ။

v100%$0.06 v n m.

Thank you

လုပ်ထားတာလေးမိုက်တယ်ဗျာ
သဘောကျတယ်

Oki,​ကျေးဇူး​နော့😊

Lovely flower vase!

Thank u so much

လက်မှုပညာတတ်ထားတာကောင်းတယ်

ဟု...​ကျေးဇူးပါ

အကုန်လိုချင်မိ😁😁အရမ်းလှ ယွန်းရေ

အကုန်​​ပေး​မေ@kyiကို😍😍😘

မမမှော်ဆရာအတွက် အကြံပေးချက်မရှိပါ

ဟုကဲ့ 😊😊

ဒီအပါတ်လဲတကယ်ကောင်းတဲ့ တင်ပြမှုလေူပါဗျာ တော်ပါပေတယ်ဗျာ

အား​ပေးလို့​ကျေးဇူးပါ😊

တော်​ထာရတပတ်​နဲ့တပတ်​မရိုးရဘူး

ဘာစာမှမ​ပေါ်ဘဲအကွက်​​တေဘဲ​ပေါ်​နေတယ်​...ဖတ်​မြဘူး😀

အမကတော့ ဆရာကျပါတ်ာဗျာ

ဟု...😁

ကောင်းပါ့ဗျာ

ဟုတ်​ကဲ့...​ကျေးဇူးပါ

မှတ်သာနေပါတယ် poatတိုင်ဖက်ရတာမရိုးသွားဘူး ဒေါင်ရုပ်လုပ်နည်းလေပြန်ပြောပြပါ

အင်း...​နောက်​တစ်​ခါကျရင်​တင်​​ပေးမယ်​...thanks

တစိပတ်တစ်မျိုးမရိုးနိုင်အောင်တင်ဆက်နေတာမြင်ရသူအံဩမိပါ့ဗျာ

ဟု...​ကျေးဇူးပါ...