How to Make Beautiful Accessories Box

in myanmar •  6 years ago 

Beautiful Accessories Box

img1530552460159.jpg

ဒီတစ်​ခါပြုလုပ်​ဖြစ်​တာကaccessories boxတစ်​ခုပါ။boxပြုလုပ်​နည်းက​တော့ယခင်​ပြုလုပ်​နည်းနှင့်​ကွဲပြားပြီးပြုလုပ်​ထားတာပါ။လိုအပ်​တာ​တွေကပန်းစက္ကူ၊​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊ခဲတံ၊​ပေတံစသဖြင့်​လိုအပ်​တာပါ။ပြုလုပ်​ရမည့့်​အဆင့်​​တွေကboxတစ်​ခုပုံ​ဖော်​မယ်​။အလှဆင်​ရန်​ပန်းပွင့်​များပြုလုပ်​မယ်​။ပြီး​တော့ကတ်​ထူတစ်​ခုထပ်​မံဖြတ်​ကာပုံ​လေး​တွေထည့်​လို့ရ​အောင်​frame​သေး​သေး​လေးတစ်​ခုပြုလုပ်​ရပါမယ်​။

IMG_20180702_233226.jpg

IMG_20180702_233209.jpg

IMG_20180702_233154.jpg

IMG_20180702_232957.jpg

IMG_20180702_233624.jpg

ဒီအဆင့်​မှာ​တော့ကတ်​ထူဘူးခွံတစ်​ခုကိုဖြတ်​၍ပုံ​ဖော်​ကာboxပြုလုပ်​ပါ့မယ်​။ဘူးခွံကိုပုံမှာမြင်​ရတဲ့အတိုင်းVပုံစံညီညာစွာနှစ်​ဘက်​စလုံးပုံ​ဖော်​မှာပါ။ပြီး​နောက်​​ခေါက်​ချိုးလိုက်​မယ်​။ထို့​နောက်​​ဘေးဘက်​အကာနှစ်​ခုအဖြစ်​ကတ်​ထူကိုတိုင်းတာဖြတ်​၍ကာလိုက်​ပါ့မယ်​။နောက်​တစ်​ဆင့်​မှာ​တော့ပန်းစက္ကူသုံး၍တစ်​ခုလုံးဖုံးကာ​ကော်​ကပ်​လိုက်​မယ်​။ပြီး​တော့​ထောင့်​စွန်းအနား​တွေကိုလည်း​ရောင်​စုံစာရွက်​ဖြင့်​အနားသပ်​​ကော်​ကပ်​မှာပါ။ပြုလုပ်​ပုံကိုပုံများနှင့်​ပြထားပါတယ်​။

IMG_20180604_110242.jpg

ဆက်​လက်​ပြီးပန်းပွင့်​ပြုလုပ်​ပါ့မယ်​။အ​ရောင်​နှစ်​မျိုးနှင့်​ပန်းပွင့်​များပြုလုပ်​မှာပါ။ပထမဆုံးပန်း​ရောင်​နှင့်​အပြာ​ရောင်​အရွယ်​တူစက်​၀ိုင်းများဖြတ်​လိုက်​မယ်​။ပြီး​တော့အလယ်​မှ​ခေါက်​ချိုးမယ်​။စက္ကူ​ခေါက်​များကိုအ​ရောင်​တစ်​ခုချင်းစီခြား၍​ကော်​ကပ်​မှာပါ။စက်​၀ိုင်းပုံကတ်​ထူတစ်​ခုဖြတ်​ပြီး၊အဲဒီအ​ပေါ်မှာစက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ပါ့မယ်​။အ​ရောင်​နှစ်​မျိုးနှင့်​ပန်းပွင့်​များရရှိမှာဖြစ်​ပြီး၊စုစု​ပေါင်းပန်းပွင့်​ငါးပွင့်​ပြုလုပ်​လိုက်​ပါ့မယ်​။

IMG_20180604_105425.jpg

IMG_20180604_110758.jpg

IMG_20180604_110033.jpg

IMG_20180604_114956.jpg

ကတ်​ထူတစ်​ခုကိုဖြတ်​ပါဦးမယ်​။boxရဲ့​ကျောဘက်​မှာကပ်​ထားရန်​ဖြစ်​ပါတယ်​။ကတ်​ထူကိုboxအရှည်​နှင့်​အညီတိုင်းတာဖြတ်​၍အ​ပေါ်ဘက်​​ထောင့်​စွန်းနှစ်​ဘက်​ကိုအနည်းငယ်​၀ိုက်​၍ဖြတ်​မှာပါ။ပြီး​တော့ပန်းစာရွက်​နှင့်​​ကော်​ကပ်​မှာပါ။ဆက်​လက်​ပြီးအဲဒီကတ်​ထူ​ပေါ်မှာပုံ​လေး​တွေထည့်​လို့ရ​အောင်​frameတစ်​ခုပြုလုပ်​ပါ့မယ်​။ပြုလုပ်​မှာကကတ်​ထူကိုပုံစံနှစ်​မျိုးဖြတ်​မယ်​။ပြီး​နောက်​တစ်​ခုနှင့်​တစ်​ခုပူး၍​ကော်​ကပ်​မယ်​။အစိမ်း​ရောင်​စာရွက်​နှင့်​ထပ်​မံ​ကော်​ကပ်​လိုက်​မယ်​။frameကို​တော့ကတ်​ထူရဲ့ဘယ်​ဘက်​ခြမ်းမှာထား၍ပန်းပွင့်​နှစ်​ပွင့်​ဖြင့်​အလှဆင်​ပါ့မယ်​။

IMG_20180702_233755.jpg

IMG_20180604_163324.jpg

IMG_20180604_164615.jpg

IMG_20180605_113501.jpg

Boxမှာလည်းပန်းပွင့်​သုံးပွင့်​​ကော်​ကပ်​အလှဆင်​မှာပါ။

IMG_20180702_233818.jpg

My Accessories Box

img1530551946270.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အမြဲတမ်း အစ်အသစ်တွေနဲ့ wall ပေါ်အလှဆင်တဲ့ မမယွန်း😍😍

အား​ပေး​လို.​ကျေးဇူး​နော့.. ..😊

လှပတဲ့ ပစ္စည်းလေးတွေကို ဖန်တီးပြီးတင်ပေးနေတဲ့ အစ်မရေ အလှအပ လေးတွေကို တွေ့မြင်ရတဲ့ ကျွန်တော်တို့အတွင်လည်း လှပတဲ့ စိတ်ကူးအသစ်လေးတွေရရှိပြီး ကြည်နူးမှုရစေပါတယ်။တော်ပါတယ်ခင်ဗျာ။

ဟုတ်​ကဲ့...ခုလိုသူငယ်​ချင်း​တွေရဲ့အား​ပေးမှု​ကြောင့်​အများကြီးပုံ​ဖော်​နိုင်​တာပါ....လိုအပ်​တာဆိုလည်း​ပြောပြ​ပေးပါ....​ကျေးဇူးပါ

ပညာတွေကမကုန်နိုင်ဘူး
ချီးကျုးပါတယ်ဗျာ

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ကျေးဇူးပါ...

Idea ​တွေက မကုန်​နိုင်​ဘူးပဲ ဒီတစ်​ခါလည်း အဆန်း​လေး

ဟုတ်​တယ်​...တစ်​မျိုးနှင့်​တစ်​မျိုးမရိုးရ​အောင်​....😊

နောက်နှစ် ဆုံဖြစ်ရင် လက်ဆောင် အများကြီးပေးပါလို့😍

အင်း...​ပေးမယ်​အများကြီး...​နောက်​နှစ်​တကယ်​ဆုံမှာ😍

အစ်မရဲ့ လက်ရာလေးတွေကို အားမပေးဖြစ်တာတောင် တော်တော်ကြာနေပါပြီဗျ

ဟုတ်​တယ်​​နော့....ပိုစ့်​မ​တွေ့တာလည်းသတိထားမိတယ်​...အား​ပေးလို.​ကျေးဇူးပါ....

  ·  6 years ago (edited)

accessories box လေးတစ်ခုလောက် လက်ဆောင်လိုချင်လိုက်တာဗျာ

အိုခီ...​ပေးပါ့မယ်​...လက်​​ဆောင်​box​လေး

တပတ်​နဲ့တပတ်​ အလျှင်​မှီ​အောင်​ ငါတာဆိုအ​လော​နေမှာ

ဒီလိုဘဲ...အားရင်​ပြုလုပ်​နည်းကိုပုံရိုက်​စုထားလိုက်​တယ်​...ပြီး​တော့ပုံကြည့်​စာ​ရေး...လည်​ပတ်​​အောင်​လုပ်​ရတာ😀

အနုပညာေ မြာက်‌တယ်‌ဗျာ။လက်‌ရာ‌လေး‌တွေ အ‌ရောင်‌‌ရွေးတာ‌လေး‌တွေ ‌တော်‌ ပါ‌ပေတယ်‌။

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ
လိုအပ်​တာလည်း​ပြောပြ​ပေးပါ....

ဒီ box ကလေးကို ချစ်လိုက်တာ အရောင်လေးကော ဒီဇိုင်းလေးကော အရမ်းလှတာပဲ ။ ဖန်တီးနိုင်တဲ့စွမ်းအားကို အားကျရပါတယ်လေ...။ 💓

ခုလိုအား​ပေးတာ​ကျေးဇူးပါ...ဆက်​ပြီးလည်းအသစ်​အဆန်း​လေး​တွေပြုလုပ်​ပါ့မယ်​လို့......

အသစ်အသစ်နဲ့ ချစ်ချစ်စရာလေးတွေ

ဟုတ်​ကဲ့...​ကျေးဇူးပါ....