How to Make Beautiful Holder

in myanmar •  7 years ago  (edited)

Beautiful Holder
img1518758814207.jpg
ဒီတစ်​ခုကို​တော့​ရောင်​စုံစာရွက်​၊ပန်းစာရွက်​၊ကတ်​ထူစက္ကူ၊ခဲတံ၊ကတ်​​ကြေး၊​ပေတံများကိုအသုံးပြု၍ဖန်​တီးပြုလုပ်​ထားခြင်းပါ။လိုအပ်​တဲ့ပုံစံများကိုအရင်​ဆုံးဖြတ်​ပြီးမှတစ်​ခုနှင့်​တစ်​ခုကိုဆက်​ကာပုံ​ဖော်​လိုက်​ခြင်းပါ။ပထမဆုံးလုပ်​ဖြစ်​တာက​ဘေးနှစ်​ဘက်​မှာထားရမဲ့အကာနှစ်​ခုပါ။ပြုလုပ်​နည်းကအရွယ်​တူကတ်​ထူစက္ကူနှစ်​ခုကိုစက်​၀ိုင်းပုံဖြတ်​မှာပါ။ပြီး​နောက်​ပုံပါအတိုင်းနှစ်​ခုစလုံးဖြတ်​မှာပါ။နောက်​တစ်​ဆင့်​မှာ​တော့အ၀ါ​ရောင်​စာရွက်​နှင့်​တစ်​ခုလုံးကို​ကော်​ကပ်​လိုက်​မယ်​။
IMG_20180215_210922.jpgပြီး​တော့​နောက်​တစ်​ခုပြုလုပ်​ပါဦးမယ်​။အ၀ါ​ရောင်​နှင့်​ပန်း​ရောင်​စက္ကူကို၊ကတ်​ထူတစ်​ခု​ပေါ်မှာတစ်​ဘက်​စီ​ကော်​ကပ်​မှာပါ။ပြီး​နောက်​ပန်းစာရွက်​အနက်​​ရောင်​ကို​ခေါက်​ချိုးပြီး​ကော်​ကပ်​ကာ၊အပိုင်းပိုင်းဖြတ်​ပြီး၊အ၀ါ​ရောင်​မျက်​နာပြင်​​ပေါ်​ထောင့်​စွန်းနှစ်​ခုကိုအရင်​ဆုံး​ကော်​ကပ်​ပြီးမှတစ်​ခုစီကို​နေရာချကာအကွက်​ပုံစံ​ဖန်​တီးလိုက်​မှာပါ။နောက်​တစ်​ဆင့်​မှာ​တော့စက်​၀ိုင်းပုံစံနှစ်​ခုနှင့်​A4sizeအ၀ါ​ရောင်​စာရွက်​ကိုဆက်​လိုက်​မယ်​။ဆက်​ဖို့အတွက်​စက်​၀ိုင်းပုံစံနှစ်​ခုကို​ဘေးနှစ်​ဘက်​မှာထားပြီး၊အ၀ါ​ရောင်​မှာအကွက်​​ဖော်​ထားတဲ့စာရွက်​ကိုအလယ်​မှာထားကာ၊စက်​၀ိုင်းပုံနှစ်​ခုနှင့်​တစ်​ဘက်​စီ​ကော်​ကပ်​လိုက်​မယ်​။ပို၍ခိုင်​ခံ့သွား​အောင်​အနက်​​ရောင်​ပန်းစာရွက်​ကိုအပိုင်းများ​ခေါက်​ပြီး၊​ကော်​ကပ်​ထားတဲ့​နေရာ​တွေမှာထပ်​မံပြီး​တပတ်​လည်​လုံး​ကော်​ကပ်​မှာပါ။ဒါဆိုရင်​ပုံစံ​ပေါ်ပြီးခိုင်​ခံ့ပါပြီ။IMG_20180215_210842.jpgIMG_20180216_094306.jpgIMG_20180216_085525.jpgIMG_20180216_094426.jpgဒီအဆင့်​မှာ​တော့ပန်းတစ်​ပွင့်​ပြုလုပ်​ပါ့မယ်​။စာရွက်​ရဲ့အတိုင်းအတာကို​တော့အလျားနှင့်​အနံမတူညီပါ။ဒီပုံမှာ​တော့အလျား10cm၊​အနံ5cmယူပါ့မယ်​။ပထမဆုံးစာရွက်​ကိုအလယ်​တည့်​တည့်​မှ​ခေါက်​ပြီး၊အလယ်​မျဉ်းထိကိုတစ်​ဘက်​စီ​ခေါက်​မှာပါ။စာရွက်​ကိုတစ်​ဘက်​သို့လှည့်​ပြီးထက်​၀က်​​ခေါက်​မယ်​။ပြီး​နောက်​ပြန်​ဖြန့်​မှာပါ။အလယ်​မျဉ်း​ထိကိုထပ်​မံ​ခေါက်​ပြီးတစ်​ဘက်​သို့လှည့်​ကာအစွန်းထွက်​​နေ​သောအနားများကိုအ​ပေါ်ဘက်​သို့​ခေါက်​လိုက်​မှာပါ။ထို့​နောက်​ပုံမှာပြထားတဲ့အ​နေအထားတိုင်း​ခေါက်​မယ်​။ပန်းတစ်​ပွင့်​မှာဒီလိုစက္ကူ​ခေါက်​ရှစ်​ခုလိုအပ်​တာပါ။ရှစ်​ခု​ခေါက်​ပြီးရင်​​တော့တစ်​ခုနှင့်​တစ်​ခု​ကော်​ကပ်​ကာ၊ပန်းပွင့်​ရဲ့အ​နောက်​ဘက်​မှာအခြားကတ်​ထူစက္ကူကိုအနည်းငယ်​ဖြတ်​ယူပြီး​ကော်​ကပ်​လိုက်​မယ်​။ရရှိလာတဲ့ပန်းပွင့်​ကိုအလှဆင်​ရန်​​ကော်​ကပ်​မှာပါ။IMG_20180216_092008.jpgIMG_20180216_092826.jpgIMG_20180216_101913.jpgIMG_20180216_101930.jpgIMG_20180216_101950.jpgimg1518758929835.jpgMy Beautiful Holder
Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အစ်မလုပ်ပြလာတွေတောင်တော်တော်များနေပြီ ဘာကြောင့်အဲလောက်တောင် idea ကောင်းရတာလဲဗျ ချီးကျူးပါတယ် အစ်မရယ်

ခုလိုအား​ပေးလို​.​ကျေးဇူးပါ...😊

တကယ်တော်တယ်ဗျာ ညီမကိုတော့တကယ်လေးစားတယ်

အား​ပေးလို့​ကျေးဇူးပါ😊

Good post

Thank you

လုပ်နည်းလေးတွေဒေါင်းထားလိုက်တယ်

Ok,​ဒေါင်းပါ

လုပ်နည်းလေးတွေဒေါင်းထားလိုက်တယ်

Okey

ကိုယ်​တိုင်​လာသင်​ရ​မယ်​...😄😄

လာသင်​ပါ...သင်​​ပေးမယ်​😀

အမြဲ အားပေးလျှက်ပါ beautyful art

အမြဲအား​ပေးလို့​ကျေးဇူးပါ

အစ်မတင်ပေးတဲ့ design လေးတွေဟာ အရမ်းလှပြီးစနစ်တကျ ရှိပါတယ်။အောင်မြင်ပါစေခင်ဗျ။good post!

ဟုကဲ့...​ကျေးဇူးပါ....အား​ပေးလို့😊

တစ်​ခုနဲ့တစ်​ခု မရိုးနိုင်​​အောင်​ပါပဲ

ဟု..​ကျေး​ကျေးပါ

လက်မှု့ပညာ အတော်ကို ကျွမ်းတာဘဲတော်တယ်ဗျာ

ကျေးဇူးပါ...

ဗဟုသုတအများကြီးရပါတယ်

ဟုကဲ့.. thank you

beautiful art

Thank you

အမြဲအားပေးလျက်ပါ မှော်မမ

Thanks par😂😀

အားပေးလျက်ပါ

ဟု...​ကျေးဇူး​နော့

Lovely holder!

Thank for ur comment😊

handmade လေးတွေ

ဟုတယ်​😊

အရမ်းလှ ယွန်းရေ😁😁တကယ့် မှော်ဆရာမလေး

ဟီးဟီး...​ပျော်​ပီ​လေ@kyi😍😍😊

That's pretty nice sis

Thank you

သင်နေတယ်အစ်မရေ နောက်လဲ တင်ပေးပါ :D

ဟု..တင်​​ပေးပါ့မယ်
Thanks par

လှတယ်​웃❤유

Thanks par😊

v100$0.08vnm.

Thank you

v100%$0.08 v n m .

Thank you