How to Make Beautiful Paper Wall Hanging

in myanmar •  6 years ago 

Paper Art

img1532355564655.jpg

ဒီတစ်​ခါမှာ​တော့နံရံမှာအလှဆင်​လို့ရတဲ့paper artတစ်​ခုပြုလုပ်​ထားတာပါ။ပန်းပွင့်​များမပါဝင်​ဘဲပုံစံတစ်​မျိုးနှင့်​ပြုလုပ်​ခဲ့တာပါ။ပြုလုပ်​ရန်​လိုအပ်​တဲ့ပစ္စည်းများက​တော့​ရောင်​စုံစက္ကူ၊ကတ်​​ကြေး၊​ကော်​ဘူး၊ကတ်​ထူစက္ကူခဲတံ၊​ပေတံစသဖြင့်​လိုအပ်​တာပါ။ပြုလုပ်​ရမည့့်​အဆင့်​​တွေကပထမဆုံး​ရောင်​စုံpaper stickများပြုလုပ်​ကာကတ်​ထူ​ပေါ်ပုံစံ​ဖော်​​ကော်​ကပ်​ရမယ်​။ပြီး​တော့heart shapeများကိုပြုလုပ်​မယ်​။ဆက်​လက်​ပြီးသစ်​ပင်​အကိုင်းအခက်​ပုံစံတစ်​ခုဖန်​တီးရမယ်​။နောက်​ဆုံးအဆင့်​မှာ​တော့paper bowတစ်​ခုပြုလုပ်​ရမှာပါ။

img1532331832559.jpg

ပထမဆုံးအ​နေနှင့်​paper stickများပြုလုပ်​ပါ့မယ်​။အ​ရောင်​ကို​တော့အပြာ​ရောင်​နှင့်​အဖြူ​ရောင်​စာရွက်​ကိုအသုံးပြုမှာဖြစ်​ပြီး၊paper stickများပြုလုပ်​လိုက်​ပါ့မယ်​။ပြီး​နောက်​မိမိပြုလုပ်​ချင်​တဲ့အရွယ်​အစားအတိုင်းကတ်​ထူတစ်​ခုကိုဖြတ်​မယ်​။ဒီအ​ပေါ်တွင်​မှpaper stickများကို​ကော်​ကပ်​ပုံစံ​ဖော်​ရမှာပါ။အတွင်းဘက်​ကို​တော့အဖြူ​ရောင်​များကိုညီညာစွာ​ကော်​ကပ်​မှာဖြစ်​ပြီး၊အပြင်​ဘက်​ပတ်​လည်​ကို​တော့အပြာ​ရောင်​paper stickများသုံးခုစီပုံမှာပြထားတဲ့အတိုင်း​ကော်​ကပ်​ရမှာပါ။

IMG_20180723_180311.jpg

IMG_20180723_180332.jpg

ဆက်​လက်​ပြီးပြုလုပ်​မှာကသစ်​ပင်​အကိုင်းအခက်​ပုံစံနှင့်​heart shapeများပြုလုပ်​မှာပါ။ပထမဆုံးကတ်​ထူတစ်​ခု​ပေါ်မှာသစ်​ပင်​အကိုင်းအခက်​ပုံစံကိုဆွဲမယ်​။ပြီး​တော့အနက်​​ရောင်​​ဆေးခြယ်​မှာပါ။နောက်​တစ်​ဆင့်​မှာ​တော့ဆွဲထားတဲ့ပုံစံအတိုင်းကတ်​​ကြေးဖြင့်​ညီညာစွာဖြတ်​ရမှာပါ။ရရှိလာတဲ့အကိုင်းအခက်​​ပေါ်မှာသစ်​ရွက်​များအဖြစ်​heart shape​တွေနှင့်​ပုံ​ဖော်​ချင်​တာ​ကြောင့်​heart shapeများဆက်​လက်​ပြုလုပ်​ပါ့မယ်​။

IMG_20180722_214452.jpg

heart shapeပြုလုပ်​ရန်​အနီ​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​ကိုအသုံးပြုမှာပါ။ပထမဆုံးမှာ​တော့ကတ်​ထူစက္ကူ​ပေါ်အရွယ်​တူheart shapeများဆွဲပြီး၊ကတ်​​ကြေးဖြင့်​ဖြတ်​မယ်​။ပြီး​နောက်​အနီ​ရောင်​နှင့်​ပန်း​ရောင်​စာရွက်​​ပေါ်မှာကတ်​ထူ​တွေကိုကပ်​ပြီးheart shapeပုံစံအတိုင်းဖြတ်​ရမှာပါ။ပြီး​တော့ခုနကပြုလုပ်​ထားတဲ့paper stickကတ်​ထူရဲ့အဖြူ​ရောင်​​နေရာမှာသစ်​ပင်​အကိုင်းအခက်​ပုံစံနှင့်​heart shapeအရွက်​​လေး​တွေကိုပုံစံ​ဖော်​​ကော်​ကပ်​လိုက်​ပါ့မယ်​။ပုံများနှင့်​ပြထားပါတယ်​။

IMG_20180722_160529.jpg

IMG_20180722_162141.jpg

IMG_20180723_180353.jpg

ဆက်​လက်​ပြီးpaper bowတစ်​ခုပြုလုပ်​ရန်​အတွက်​အ၀ါ​ရောင်​စာရွက်​ကိုအလျားအနံတူညီစွာဖြတ်​ပြီး၊အလယ်​မျဉ်းယူကာ၊ထိုမျဉ်းအထိ​ဘေးတစ်​ဘက်​စီမှ​ခေါက်​မယ်​။ထို​နောက်​အလယ်​မှဆက်​လက်​​ခေါက်​ချိုးလိုက်​ပါ့မယ်​။

IMG_20180723_105505.jpg

IMG_20180723_105525.jpg

ထို့​နောက်​ပုံပါအတိုင်းဆက်​လက်​၍နှစ်​ဘက်​စလုံးကို​ခေါက်​ပါ့မယ်​။

IMG_20180723_105629.jpg

IMG_20180723_105659.jpg

ပြီး​နောက်​ပုံမှာပြထားတဲ့အတိုင်းထပ်​မံ​ခေါက်​ချိုးမှာပါ။

IMG_20180723_105722.jpg

IMG_20180723_105741.jpg

ဒီ​နေရာထိ​ခေါက်​ပြီးရင်​​တော့ဆက်​လက်​ပြီးအလယ်​မျဉ်းထိတစ်​ဘက်​စီ​ခေါက်​ချိုးရမှာပါ။ကျန်​တစ်​ဘက်​ကိုလည်းထိုနည်းအတိုင်း​ခေါက်​ပြီးစက္ကူ​ခေါက်​ကိုဖြန့်​လိုက်​ပါ့မယ်​။

IMG_20180723_105818.jpg

IMG_20180723_105902.jpg

စက္ကူ​ခေါက်​ကိုဖြန့်​ကာဒီပုံစံရရှိပြီးလျင်​၊ကျန်​​ဘေးဘက်​​ထောင့်​​လေး​ထောင့်​ကိုလည်းပုံပါအတိုင်းဆက်​လက်​​ခေါက်​ပါ့မယ်​။

IMG_20180723_105955.jpg

My paper wall hanging

img1532355401409.jpg

Thank you
Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဒီတစ်​ခါလည်း ထပ်​​ကြွေပြန်​ပီ ​လေးစားပါတယ်​ရှင့်

ခုလိုအား​ပေးလို့​ကျေးဇူးပါ....ဆက်​ကြိုးစားပါ့မယ်

လှလိုက်တာ

ဟုတ်​ကဲ့...​ကျေးဇူးပါ...

မယွန်းတို့က​တောကြိုးစားလိုက်​တာ ဟိုဘက်​​ရော ဒီဘက်​​ရော

😂နားရတယ်​ကိုမရှိဘူး....အလျင်​မီ​အောင်​လှုပ်​ရှားရတာ....ဟိ

အသဲပုံ‌နေရာမှာ သစ်‌ခက်‌ သစ်‌ရွက်‌ဆို ပိုအသက်‌ဝင်‌မယ်‌၊ လှပါတယ်‌ ညီမ။

ဟုတ်​ကဲ့...အသည်းပုံကို​တော့ဖန်​တီးထားတဲ့သ​ဘော​ပေါ်​အောင်​ထည့်​လိုက်​တာပါ....အကြံဥာဏ်​​ပေးလို့​ကျေးဇူးပါ...​နောက်​လည်းလိုအပ်​တာ​လေး​တွေရှိရင်​​ပြောပြပါ....

အရမ်းလှပတဲ့ paper wall hanging လေးပါ။သစ်ရွက် ဒီဇိုင်းလေးတွေ နဲ့ သစ်ရွက်အရောင်လေးတွေ ကိုယ်ကြိုက်သလိုထည့်ပြီး decoration အတွက်အသုံးပြုလို့ကောင်းမယ်ပစ္စည်းလေးဖြစ်ပါတယ်။လေးစားအားပေးလျက်

ဟုတ်​ပါတယ်​....သစ်​ရွက်​​နေရာမှာဆိုမိမိနှစ်​သက်​တဲ့ပုံစံ​ဖော်​၍ထည့်​နိုင်​ပါတယ်​....အား​ပေးလို့​ကျေးဇူးပါ.. ...လိုအပ်​တာ​တွေရှိလည်း​ပြောပြပါ....

လိုချင်​စရာ​လေးဗျာ☺ ☺

ဟုတ်​ကဲ့...​ကျေးဇူးပါ....
လက်​​ဆောင်​​ပေးပါ့မယ်​...

မမယွန်း ခေးဆီလာလည်ပါအုးံ

Oki....လာခဲ့မယ်​​နော့....

အလွန်လှပပါတယ် ချစ်စရာကောင်းလိုက်တာ

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ကျေးဇူးပါ....

အလန်းပါဗျာ သဘောကျတယ် wall papar လေး

ဟုတ်​ကဲ့...အား​ပေး​လို.​ကျေးဇူး​နော့.. .

ဖဲပွင့် ခေး လုပ်ရတာတောင် မလွယ်ပါ့ပဲ ယွန်းရေ😊

ဟုတ်​တယ်​ကြည်​...စ​က္ကူ​ခေါက်​​သေသပ်​ရင်​ပိုလှတယ်​....

လှလိုက်တာနော်... ဖဲပွင့်လေးကိုက ပညာသားပါတာနော်...

အင်း....လှတယ်​ဆိုလို့ပျော်​ပါတယ်​.. .....😊

အမြဲတမ်းအားပေးလျက်ပါနော်

အား​ပေးလို.​ကျေးဇူးပါ....

အမြင်တမျိုး ရိုးရိုးလေးနဲ့လှ
ပညာသားပါလှ

ဟုတ်​ကဲ့...​ကျေးဇူးပါ
ဆက်​ကြိုးစားပါ့မယ်

လက်ရာလေးတွေ ဆန်းသစ်တယ်နော်။ အနုပညာမြောက်တယ်။

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်
ခုလိုအား​ပေးလို့​ကျေးဇူးပါ....