How to Make Paper Mobile Holder

in myanmar •  6 years ago 

Paper Mobile Holder

img1540732750285.jpg

ဒီတစ်​ခါဖုန်းထည့်​လို့ရတဲ့mobile holderတစ်​ခုပြုလုပ်​လိုက်​ပါတယ်​။ကျောဘက်​မှာကတ်​ထူနှင့်​စက္ကူအလိပ်​​တွေပြုလုပ်​၍သုံးထားတာဖြစ်​ပြီး၊​ဘေးဘက်​နှစ်​ဘက်​မှာ​တော့ပန်း​စက္ကူကိုဖြတ်​၍​ခေါက်​ပြီး၊ထိုစက္ကူ​ခေါက်​များတစ်​ခုနှင့်​တစ်​ခုဆက်​ရင်းပြုလုပ်​ထားတာပါ။ရှေ့ဘက်​ကို​တော့ပန်းပွင့်​​လေးပွင့်​ပြုလုပ်​ပြီးအလှဆင်​ထားပါတယ်​။လိုအပ်​တဲ့ပစ္စည်း​တွေကပန်းစက္ကူ၊​ရောင်​စုံစက္ကူ၊ကတ်​ထူ၊​ကော်​ဘူး၊ကတ်​​ကြေး၊ခဲတံ၊​ပေတံ၊double tapeစသဖြင့်​လိုအပ်​ပါတယ်​။

img1540732888332.jpg

ပထမဆုံးမှာ​တော့​ကျောဘက်​ထားရန်​ကတ်​ထူ၊​ရှေ့ဘက်​ထားရန်​ကတ်​ထူတစ်​ခု၊​အ​ခြေမှာထားရန်​ကတ်​ထူတစ်​ခုလိုအပ်​ပါတယ်​။ကျောဘက်​မှာထားရန်​အတွက်​ကတ်​ထူကိုလိုအပ်​သလိုတိုင်းတာဖြတ်​မယ်​။အ​ပေါ်ဘက်​​အစွန်းနှစ်​ခုကိုအနည်းငယ်​ညှိလိုက်​မယ်​။ပြီး​တော့စက္ကူအလိပ်​များပြုလုပ်​မယ်​။စက္ကူအလိပ်​အနည်းငယ်​ကြီးချင်​တာ​ကြောင့်​သတင်းစာစက္ကူနဲ့ပထမဆုံးအလိပ်​လုပ်​ပြီး၊အ​ပေါ်ဆုံးတွင်​မှပန်းစက္ကူဖြင့်​ပတ်​လိုက်​ပါတယ်​။ထိုစက္ကူအလိပ်​များပြုလုပ်​ပြီး၊ကတ်​ထူမှာ​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​နောက်​အ​ခြေမှာထားရန်​ကတ်​ထူနှင့်​​ရှေ့ဘက်​ထားရန်​ကတ်​ထူကိုဖြတ်​၍၊ပန်းစက္ကူဖြင့်​ထပ်​မံ​ကော်​ကပ်​လိုက်​ပါတယ်​။

IMG_20181028_084755.jpg

IMG_20181028_090815.jpg

ဆက်​လက်​ပြီး​ဘေးဘက်​မှာထားရန်​အတွက်​စက္ကူ​ခေါက်​များပြုလုပ်​ပါ့မယ်​။ပန်းစက္ကူကိုဖြတ်​၍အပိုင်းငယ်​များ​ခေါက်​​ကော်​ကပ်​လိုက်​ပါတယ်​။ပြီး​တော့​ကော်​ဘူးမှာပတ်​၍အဆုံးမှာ​ကော်​ကပ်​လိုက်​ပါတယ်​။အနည်းငယ်​ပုံစံ​ဖော်​လိုက်​ပါတယ်​။ထိုနည်းအတိုင်းစက္ကူ​ခေါက်​အများကြီးပြုလုပ်​လိုက်​ပါတယ်​။ပြီး​နောက်​​ကျောဘက်​၊​ရှေ့ဘက်​၊​ဘေးဘက်​၊အ​ခြေတို့အတွက်​ပြုလုပ်​ပြီးတဲ့ကတ်​ထူ​တွေကိုပုံပါအတိုင်းဆက်​လိုက်​ပါတယ်​။

IMG_20181026_130252.jpg

IMG_20181028_123905.jpg

IMG_20181028_123949.jpg

အလှဆင်​ရန်​ပန်းပွင့်​ပြုလုပ်​ချင်​ပါတယ်​။အလျားအနံတူညီတဲ့စာရွက်​ကို​ထောင့်​ဖြတ်​အတိုင်း​ခေါက်​လိုက်​တယ်​။ပြီး​နောက်​အလယ်​အထိကိုတစ်​ဘက်​စီမှ​ခေါက်​ပါမယ်​။ထို့​နောက်​တစ်​၀က်​ထပ်​မံ​ခေါက်​ပြီး၊အလယ်​မျဉ်းထိကိုတစ်​ဘက်​စီမှဆက်​​ခေါက်​ပါတယ်​။ပြီး​တော့ပုံပါအတိုင်းအလယ်​သို့​ခေါက်​ပါဦးမယ်​။နောက်​တစ်​ဆင့်​မှာရရှိထားတဲ့​ခေါက်​ချိုးမျဉ်းအတိုင်းပုံစံအ​နေအထား​ပြောင်းလိုက်​ပါတယ်​။ထောင့်​​တွေကို​လေး​ထောင့်​ပုံစံ​ခေါက်​လိုက်​ပါ့မယ်​။ဆက်​ပြီးအနား​တွေကို​ခေါက်​ပါ့မယ်​။ထောင့်​​လေး​ထောင့်​ကို​ကျောဘက်​သို့​ခေါက်​ချိုးပြီး၊ပုံပါအတိုင်းထပ်​မံ​ခေါက်​လိုက်​ပါတယ်​။ပြီး​နောက်​အတွင်းသို့​ခေါက်​ပြီး၊​ဘေးဘက်​အစွန်း​တွေကိုအတွင်းသို့​ခေါက်​လိုက်​တယ်​။ကျန်​တစ်​ဘက်​ကိုလည်း​ခေါက်​ရမယ်​။အ​ပေါ်ဘက်​ပွင့်​ဖတ်​ပုံစံ​တွေကို​တော့ခဲတံသုံးပြီးအလိပ်​ပုံစံ​ခေါက်​လိုက်​ပါတယ်​။ပန်းပွင့်​​လေးပွင့်​ပြုလုပ်​ထားပါတယ်​။

IMG_20181028_205023.jpgIMG_20181028_205112.jpg

img1540732636292.jpg

Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အမြဲအားပေးလျက်ပါ@aster

Posted using Partiko Android

ဟုတ်​ကဲ့....ခုလိုအား​ပေးတာ​ကျေးဇူးပါ...

Posted using Partiko Android

ဖုန်းထည့်လို့ရတော့ အရမ်းအသုံးဝင်တာပေါ့ ညီမရေ

ဟုတ်​ပါတယ်​...ဒီတစ်​ခါ​တော့ဖုန်းအတွက်​အသုံးဝင်​တာ​လေးပြုလုပ်​ဖြစ်​တာပါ...

Posted using Partiko Android

ဟုတ်​ပါတယ်​...ဒီတစ်​ခါ​တော့ဖုန်းအတွက်​အသုံးဝင်​တာ​လေးပြုလုပ်​ဖြစ်​တာပါ...

Posted using Partiko Android

ဟုတ်​ပါတယ်​...ဒီတစ်​ခါ​တော့ဖုန်းအတွက်​အသုံးဝင်​တာ​လေးပြုလုပ်​ဖြစ်​တာပါ...

Posted using Partiko Android

လှတယ်‌ဗျာ၊တစ်‌မျိုးပြီး တစ်‌မျိုး မရိုးပါလား။

အဟီး😁
နောက်​လည်းမရိုးရ​အောင်​အသစ်​အဆန်းများကြိုးစားပါ့မယ်​...

Posted using Partiko Android

ချစ်​စရာ​လေးဗျာ

Posted using Partiko Android

ချစ်​စရာ​လေးဆိုလို့​ကျေးဇူးပါ...​နောက်​လည်းလာပါဦးမယ်​...

Posted using Partiko Android

အရမ်းအသုံးဝင်ပါတယ် ညီမရေ။

Your post has been chosen by C2 myanmar curation team.Members: @mmunited, @aggamun @nayhlaingsoe and @lwanwai.

ဟုတ်​ကဲ့...ခုလိုအား​ပေးလို့​ကျေးဇူးပါ....

Posted using Partiko Android


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

ဟုတ်​ကဲ့...​ကျေးဇူးပါ....

Posted using Partiko Android

လုပ်​တပ်​တဲ့သူ လုပ်​​တော့လည်း လှတယ်​​နော်

လှတယ်​ဆို​တော့လည်းဆက်​ကြိုးစားဖို့အားဖြစ်​​စေပါတယ်​...​ကျေးဇူးပါ

Posted using Partiko Android

ချစ်စရာကောင်းတဲ့လက်မှုလုပ်ငန်းလေး။

ဟုတ်​ကဲ့...​ကျေးဇူးပါ

Posted using Partiko Android

ဟာ😱😱ဖုန်းတင်စရာလေး အလုပ်စားပွဲပေါ် တင်ထားချင်မိ😁

Posted using Partiko Android

ဒါဆို...တင်​လိုက်​​တော့​လေ...😀

Posted using Partiko Android

မိုက်တယ် မိုက်တယ်

မိုက်​မိုက်​​လေးလုပ်​ထားတာပါ...😊

Posted using Partiko Android