How to Make Paper Pencil Holder

in myanmar •  6 years ago 

Paper Pencil Holder

ဒီတစ်​ခါpencil holderပုံစံတစ်​မျိုး​လေးလုပ်​ဖြစ်​တာပါ။paper bowနှစ်​ခု၊့​ပန်းပွင့်​တစ်​ပွင့်​နှင့်​အလှဆင်​ထားတာဖြစ်​ပြီး၊အနား​ခြောက်​နားပါတဲ့ဆဌဂံပုံစံကတ်​ထူများနှင့်​တစ်​ဘက်​စီပုံ​ဖော်​ထားတာပါ။လိုအပ်​တဲ့ပစ္စည်း​တွေက​ရောင်​စုံစာရွက်​၊ခဲတံ၊​ပေတံ၊​ကော်​ဘူး၊ကတ်​​ကြေး၊ကတ်​ထူစက္ကူစသဖြင့်​လိုအပ်​တာပါ။ပြုလုပ်​ရမည့့်​အဆင့်​​တွေကအနား​ခြောက်​နားပါတဲ့ကတ်​ထူ​လေးခုဖြတ်​ရမယ်​။အတိုင်းအတာကို​တော့နှစ်​ခုစီတူညီ​အောင်​ဖြတ်​ပါ့မယ်​။ပြီး​တော့အလယ်​မှ​ကော်​ကပ်​ရန်​အပြာ​ရောင်​စာရွက်​နှင့်​ကတ်​ထူတစ်​ခုပြုလုပ်​မယ်​။ပန်းပွင့်​တစ်​ပွင့်​ပြုလုပ်​၍အရွယ်​တူpaper bowနှစ်​ခု​ခေါက်​ပါ့မယ်​။

img1531893587251.jpg

IMG_20180718_123209.jpg

ပထမဆုံးမှာ​တော့အနား​ခြောက်​နားပါတဲ့အရွယ်​တူကတ်​ထူနှစ်​ခုကိုဖြတ်​မှာပါ။ပြီး​နောက်​​ရောင်​စုံစာရွက်​နှင့်​ဖုံးအုပ်​​ကော်​ကပ်​မယ်​။ဆက်​လက်​ပြီးကတ်​ထူစာရွက်​ကိုတိုင်းတာဖြတ်​၍အပြာ​ရောင်​စာရွက်​နှင့်​​ကော်​ကပ်​မယ်​။ပြီး​တော့ခုနကဖြတ်​ထားတဲ့အနား​ခြောက်​နားပါကတ်​ထူကို​ဘေးနှစ်​ဘက်​မှာထား၍၊အပြာ​ရောင်​ကတ်​ထူစက္ကူကိုအလယ်​မှာထားကာ​ဘေးနှစ်​ဘက်​ကတ်​ထူအနား​တွေနှင့်​ညီညာစွာဆက်​လိုက်​ပါ့မယ်​။ဒီလိုဆက်​တဲ့အခါdouble tapeကိုအသုံးပြုလိုက်​ပါတယ်​။ဆက်​လက်​ပြီး၊​ဘေးဘက်​နှစ်​ဘက်​အနားများနှင့်​အလယ်​အနား​တွေကိုဖဲကြိုးများနှင့်​ပို၍ခိုင်​ခံ့လှပ​စေရန်​double tapeသုံးပြီး၊အနားကွပ်​လိုက်​ပါ့မယ်​။

IMG_20180709_173420.jpg

IMG_20180712_122319.jpg

ဆက်​လက်​ပြီးအ​ပေါ်မှာပြုလုပ်​ထားတဲ့အနား​ခြောက်​နားပါကတ်​ထူအရွယ်​အစားထက်​အနည်းငယ်​ကြီးပြီး၊ကတ်​ထူနှစ်​ခုထပ်​မံပြုလုပ်​ကာ​ဘေးတစ်​ဘက်​စီမှာ​ကော်​ကပ်​မှာပါ။

IMG_20180712_160030.jpg

ဆက်​လက်​ပြီးpaper bowနှစ်​ခုပြုလုပ်​ချင်​ပါတယ်​။ပြုလုပ်​နည်းကအ၀ါ​ရောင်​စာရွက်​ကိုအလျား၊အနံတူညီစွာဖြတ်​မယ်​။ပြီး​တော့အလယ်​မှ​ခေါက်​ချိုးမျဉ်းနှစ်​ခု၊​ထောင့့်​စွန်းမျဉ်းနှစ်​​ကြောင်းယူပြီး၊အတွင်းသို့​ခေါက်​လိုက်​မယ်​။ထို့​နောက်​​အောက်​​ခြေဘက်​​အစွန်းကိုအနည်းငယ်​​ခေါက်​တင်​ပြီး၊စက္ကူကိုပြန်​ဖြန့်​တဲ့အခါ​လေး​ထောင့်​ကွက်​ပုံစံ​ခေါက်​ချိုးမျဉ်းရရှိမှာပါ။ဒီ​ခေါက်​ချိုးမျဉ်းကိုညီညာစွာအတွင်းသို့စု၍​ခေါက်​မှာပါ။ပြီး​နောက်​ပုံမှာပြထားတဲ့အတိုင်းဆက်​လက်​​ခေါက်​မယ်​။နှစ်​ဘက်​စလုံး​ခေါက်​ရမှာပါ။စက္ကူ​ခေါက်​ကိုဖြန့်​လိုက်​တဲ့အခါပုံပါအ​နေအထားရရှိမှာဖြစ်​ပြီး၊​ဘေးဘက်​နှစ်​ဘက်​ကိုကတ်​​ကြေးဖြင့်​ဖြတ်​၍​ခေါက်​ချိုးလိုက်​ပါမယ်​။အခြား​ဘေးဘက်​အစွန်းနှစ်​ခုကိုအလယ်​သို့တစ်​ဘက်​စီမှ​ခေါက်​ပြီး၊ထပ်​မံ၍အလယ်​သို့​ခေါက်​ရပါမယ်​။ပြီး​နောက်​​အောက်​​ခြေဘက်​စက္ကူစကိုကတ်​​ကြေးဖြင့်​ဖြတ်​ကာပုံပါအတိုင်းပုံ​ဖော်​လိုက်​ပါ့မယ်​။ဒီနည်းအတိုင်းpaper bowနှစ်​ခုပြုလုပ်လိုက်​ပါတယ်​။

IMG_20180715_103218.jpg

IMG_20180715_103257.jpg

IMG_20180715_103359.jpg

IMG_20180715_103446.jpg

IMG_20180715_103547.jpg

IMG_20180715_104021.jpg

IMG_20180715_104304.jpg

IMG_20180715_104432.jpg

စက္ကူပန်းပွင့်​တစ်​ပွင့်​ပြုလုပ်​ပါမယ်​။ဒီပန်းတစ်​ပွင့်​မှာဆိုရင်​စက္ကူ​ခေါက်​ငယ်​​တွေကိုတစ်​ခုနှင့်​တစ်​ခုဆက်​ပြီး​တော့မှပုံ​ဖော်​တာပါ။ပထမဆုံးစက္ကူ​ခေါက်​ငယ်​များ​ခေါက်​၍​လေးခုစီဆက်​၍ပန်းပွင့်​ပုံပြုလုပ်​မယ်​။စုစု​ပေါင်းသုံးပွင့်​ပြုလုပ်​မှာဖြစ်​ပြီး၊ဒီပန်းပွင့်​သုံးပွင့်​ကိုပုံပါအတိုင်းစီ၍​ကော်​ကပ်​လိုက်​မယ်​။စက္ကူ​ခေါက်​နည်းက​တော့

IMG_20180712_120053.jpg

အလျား၊အနံတူညီတဲ့စာရွက်​ကိုအလယ်သို့အ​ပေါ်ဘက်​​ထောင့်​စွန်းနှစ်​ခုကို​ခေါက်​မယ်​။

IMG_20180712_120118.jpg

ဆက်​လက်​ပြီးပုံပါအတိုင်းအလယ်​မျဉ်းသို့တစ်​ဘက်​စီမှ​ခေါက်​မယ်​။

IMG_20180712_120155.jpg

ပုံမှာပြထားတဲ့အဆင့်​ထိ​ခေါက်​ပြီးရင်​​တော့စက္ကူ​ခေါက်​ကိုပြန်​ဖြန့်​ပြီးအဆင့်​ဆင့်​​ခေါက်​ရပါမယ်​။

IMG_20180712_120212.jpg

IMG_20180712_120242.jpg

IMG_20180712_120257.jpg

IMG_20180712_120327.jpg

IMG_20180712_120412.jpg

IMG_20180712_122513.jpg

Paper Pencil Holder

img1531893872665.jpg

Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တကယ်​ကို မရိုးနိုင်​ဘူး....သင်​တန်းတက်​ ဖူးတာလား

သင်​တန်း​တော့မတက်​ဖူးဘူး...၀ါသနာပါလို့gpထဲဝင်​ပြီး​လေ့လာရင်းလုပ်​တာပါ....

အခုဟာလေးက လိုက်လုပ်ကြည့်တာ အဆင်ပြေတယ်ဗျ Good တယ်

အဆင်​​ပြေတယ်​ဆိုလို့ဝမ်းသာပါတယ်​👍👍

တစ်ဆင့်ပညာ ပြန်မျှဝေဘို့ ကျေးဇူးပါဗျာ 😊😊

ဟုတ်​...ဒီကလည်းအား​ပေးလို့​ကျေးဇူးပါ...
ဆက်​ကြိုးစားပါ့မယ်​.. ...

အရမ်းလှတဲ့ pencil holder လေးပါခင်ဗျာ။အရောင်ကာလာ စပ်ထားတာလေးတွေလည်း နှစ်သက်ပါတယ်ခင်ဗျာ။

ဆက်​ပြီးလှပတာ​လေး​တွေလုပ်​ပါဦးမယ်​....အား​ပေးလို့​ကျေးဇူးပါ.. ..

‌သေသပ်‌လှပပါတယ်‌။အမြဲအား‌ပေးလျက်‌။

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ.. ..
မရိုးရ​အောင်​လှပတာ​တွေဆက်​ကြိုးစားပါ့မယ်​...

ညီမရဲ့ လက်​မှူပညာက အနုပညာဆန်​တယ်​​နော်

အင်း...အား​ပေးတာ​ကျေးဇူးပါ.. ...
ဆက်​ကြိုးစားပါ့မယ်

အစ်မတော့ ဒီဟာလေးတွေ လုပ်ရင်း တရားထိုင်သလိုလေး စိတ်လေးတွေ တည်ငြိမ်နေမှာပဲ

ဟုတ်​တယ်​...၀ါသနာပါတဲ့အလုပ်​ကိုလုပ်​​နေရရင်​အခြားအ​တွေးမ၀င်​​စေပါဘူး...​အား​ပေးလို့​ကျေးဇူးပါ.. ...

အလှ ကြည့်နေယုံမှတပါး

အား​ပေးလို.​ကျေးဇူးပါ...ကိုယ်​တိုင်​လည်းပုံ​ဖော်​ကြည့်​လို့ရပါတယ်​....

တော်တယ်ဗျာ။ လက်မှုပညာတိုင်းမှာ အနုပညာခံစားမှုလေးတွေ မြင်နေရတယ်။

ဟုတ်​ကဲ့...ဆက်​ပြီးကြိုးစားပါ့မယ်
ခုလိုအား​ပေးလို့​ကျေးဇူးပါ.. ...