How to Make Paper Gift Bag

in myanmar •  7 years ago 

Paper Gift Bag

img1533737603730.jpg

ဒီတစ်​ခါပြုလုပ်​ထားတာကစက္ကူအိတ်​တစ်​လုံးပါ။စက္ကူကြယ်​​လေး​တွေနှင့်​အလှဆင်​ထားတာဖြစ်​ပြီး၊လက်​​ဆောင်​ထည့်​ပေ့း​လို့ရသလို၊note​တွေထည့်​လို့လည်းအသုံးဝင်​ပါတယ်​။ဒီလိုစက္ကူအိတ်​ပြုလုပ်​ရန်​အဆင့်​​တွေကပန်းစက္ကူသုံးပြီးကတ်​ထူနှင့့်​တွဲ၍၊ကတ်​ထူတစ်​ရွက်​ဖြတ်​ရမှာပါ။ပြီး​တော့​ဘေးဘက်​နှစ်​ဘက်​တွင်​​ကော်​ကပ်​ရန်​အစိမ်း​ရောင်​စာရွက်​ကိုတွန့်​​ခေါက်​ရမှာပါ။ပြီး​နောက်​ကြယ်​နှစ်​ပွင့်​​ခေါက်​ရမှာပါ။ကြိုးအတွက်​ကဖဲကြိုးကိုအသုံးပြုမှာပါ။လိုအပ်​တဲ့ပစ္စည်း​တွေကကတ်​ထူစက္ကူ၊ပန်းစက္ကူ၊​ရောင်​စုံစက္ကူ၊​ကော်​ဘူး၊ကတ်​​ကြေး၊ဖဲကြိုး၊double tapeစသဖြင့်​လိုအပ်​တာပါ။

img1533737512020.jpg

ပထမဆုံးအ​နေဖြင့်​အစိမ်း​ရောင်​စာရွက်​နှစ်​ရွက်​ယူပါ့မယ်​။A4sizeပါ။စာရွက်​ကိုပုံပါအတိုင်းညီညာစွာတွန့်​​ခေါက်​ရမှာပါ။အလယ်​မှ​ခေါက်​ချိုး၍​ကော်​ကပ်​ပါ့မယ်​။

IMG_20180807_163401.jpg

ပြီး​တော့ကတ်​ထူစက္ကူနှင့်​ပန်းစက္ကူကိုတွဲ၍​ကော်​ကပ်​မှာပါ။ခုနကပြုလုပ်​တဲ့အစိမ်း​ရောင်​စက္ကူ​ခေါက်​အလျားကိုတိုင်းတာပြီး၊ဒီအတိုင်းအတာနှင့်​အညီကတ်​ထူကိုဖြတ်​ရမှာပါ။ဘေးနှစ်​ဘက်​မှာအစိမ်း​ရောင်​စက္ကူ​ခေါက်​ကိုထားပြီး၊အလယ်​မှာကတ်​ထူကိုထားကာ​ကော်​ကပ်​ရမှာပါ။

IMG_20180807_164629.jpg

IMG_20180808_113553.jpg

ပြီး​တော့အဖွင့်​အပိတ်​ပြုလုပ်​ရန်​အနီ​ရောင်​စာရွက်​ကိုသုံးပြီးကတ်​ထူစက္ကူနှင့်​​ကော်​ကပ်​မှာပါ။ပြီး​တော့အနီ​ရောင်​ကတ်​ထူတစ်​ခုကိုစက္ကူအိတ်​ရဲ့​ကျောဘက်​မှ​ကော်​ကပ်​မယ်​။ကျန်​တစ်​ခုကို​တော့​ရှေ့ဘက်​မှာထား၍​ကော်​ကပ်​မှာပါ။ချိတ်​ဆွဲလို့လည်းရ​အောင်​အိတ်​ရဲ့ကြိုးအတွက်​ဖဲကြိုးကိုဘဲအသုံးပြုလိုက်​ပါတယ်​။အခြားမိမိနှစ်​သက်​တဲ့ကြိုးများလည်းအသုံးပြုနိုင်​ပါတယ်​။ကြိုးကိုလိုအပ်​တဲ့အလျားအတိုင်းဖြတ်​၍double tapeနှင့်​အတွင်းဘက်​မှာကပ်​မှာပါ။ပုံ​လေး​တွေနှင့်​ပြထားပါတယ်​။

IMG_20180808_093852.jpg

IMG_20180808_094016.jpg

ဆက်​လက်​ပြီးစက္ကူကြယ်​​လေး​တွေ​ခေါက်​ရမှာပါ။ကြယ်​တစ်​ပွင့်​မှာစက္ကူ​ခေါက်​ငါးခုအသုံးပြုရမှာဖြစ်​ပြီး၊အတိုင်း​အတာက​တော့အလျားနှင့်​အနံကို1:2ယူမှာပါ။ဒီမှာ​တော့အလျား14၊အနံ7နှင့်​ကြယ်​ပွင့်​တစ်​ပွင့်​၊အလျား12၊အနံ6နှင့်​ကြယ်​တစ်​ပွင့်​၊စုစု​ပေါင်းနှစ်​ပွင့်​ပြုလုပ်​ထားတာပါ။စက္ကူ​ခေါက်​နည်းက​တော့အလယ်​မှပထမဆုံး​ခေါက်​ပါ့မယ်​။ပြီး​တော့ထပ်​မံ၍တစ်​၀က်​စီ​ခေါက်​ပါ့မယ်​။စုစု​ပေါင်းအညီအမျှပိုင်း​လေးပိုင်းရမှာပါ။

IMG_20180808_090959.jpg

IMG_20180808_091034.jpg

IMG_20180808_091134.jpg

အလယ်​ထိကိုတစ်​ဘက်​စီ​ခေါက်​ချိုးပြီ3း/4ထပ်​မံ​ခေါက်​ချိုးမှာပါ။

IMG_20180808_091153.jpg

IMG_20180808_091222.jpg

စက္ကူ​ခေါက်​ကိုတစ်​ဘက်​သို့လှည့်​ပြီးပုံပါအတိုင်းထပ်​မံအဆင့်​ဆင့်​​ခေါက်​လိုက်​ပါ့မယ်​။

IMG_20180808_091304.jpg

IMG_20180808_091338.jpg

IMG_20180808_091428.jpg

ဒီလိုစက္ကူ​ခေါက်​ငါးခုကိုတစ်​ခုနှင့်​တစ်​ခုဆက်​ပြီးကြယ်​ပွင့်​ပုံ​ဖော်​မှာပါ။

IMG_20180808_091800.jpg

IMG_20180808_091458.jpg

IMG_20180808_091443.jpg

Paper Gift Bag

img1533737186760.jpg

Written by @asterkame
MSC-008
By my photos & made by me

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

I appreciate your post

Thank for your comment

I liked your work,Very nice.

Thank you so much

သူများ​တွေEလိုမန့်​​တော့ ငါလဲEလိုမန့်​ကြည့်​စမ်​အူးမယ်
I like your post,very nice အဟီး

Eလိုreplyလုပ်​လိုက်​မယ်​...thank for your support comment...😜ဟိ

ဒီဇိုင်း‌လေး‌တွေက ဆန်းသစ်‌လှပတယ်‌ညီမ။

ဟုတ်​ကဲ့...ဆက်​ကြိုးစားပါ့မယ်​....မရိုးရ​အောင်
အား​ပေးလို့​ကျေးဇူးပါ.. .

ဒီဇိုင်းလေးလှပပြီး သပ်ရပ်ပါတယ်။လေးစားလျက်

ဟုတ်​ကဲ့...အား​ပေးလို့​ကျေးဇူးပါ.. ..ဆက်​ကြိုးစားပါ့မယ်

စက္ကူအိတ်​လေးလှပါတယ်
အလှပဲရမှာပေါ့နော်အမ ပေါ့ပေါ့ပါးပါး ပစ္စည်းလေးတွေ
ထည့်လို့ ရမလားမသိ

ရပါတယ်​...​ပေါ့​ပေါ့ပါးပါးပစ္စည်းများထည့်​နိုင်ပါတယ်​....အတွင်းဘက်​ကတ်​ထူနှင့်​ပန်းစက္ကူတွဲပြီး​သေချာ​ကော်​ကပ်​ထားတာပါ....ကြိုးအတွက်​ကdouble tapeသုံးထားလို့​ပေါ့ပါးတဲ့ပစ္စည်းထည့်​ဆွဲရင်​မပြတ်​ပါဘူး...လှတယ်​ဆိုလို့​ကျေးဇူးပါ...

good design
good thinking

ခုလိုအား​ပေးလို့​ကျေးဇူးပါ...bro ပိုစ့်​​တွေခုတ​လောသိပ်​မ​တွေ့ရဘူး....မဖတ်​ရတာကြာပြီ....

အရမ်းလှတဲ့ ဖန်​တီးမူ​လေး​တွေ

ဆက်​ကြိုးစားပါ့မယ်
လှတယ်​ဆိုလို့​ပျော်​ပါသည်​...​ကျေးဇူးပါ.....😀