င​နောင်​ (အပိုင်း ၄)

in myanmar •  7 years ago 

အပိုင်း ၁ ဖတ်​ရှုရန်
အပိုင်း ၂ ဖတ်​ရှုပရန်
အပိုင်း ၃ ဖတ်​ရှုရန်

တစ်​​နေ့
င​နောင်​တစ်​​ယောက်​ မိခင်​မှ မသွားရန်​တား​နေသည့်​ကြားမှ သူ့၏သူငယ်​ချင်းအိမ်​ဟုဆိုကာ ထွက်​သွား​လေသည်​။
သူ့၏သူငယ်​ချင်းအိမ်​၌အ​ပေါင်းသင်းများစုကာ အရက်​ဝိုင်းတည်​ခင်းကြပါ​တော့သည်​။
အရက်​က​လေး​ ​ထွေလာကြရာ သင်္ချိုင်းကုန်းသို့ ချိုးငှက်​ပစ်​သွားရန်​ တိုင်​ပင်​ကြ​လေသည်​။ကြောက်​တတ်​သူအချို့က မလိုက်​လို​သော်​လည်း "မင်း​ယောကျာင်္းမဟုတ်​ဘူးလား၊ ငါတို့​တောင်​သွားရဲ​သေးတာ မင်းကမလိုက်​ရဲဘူးလား"စသည့်​ စကားလုံးများဖြင့်​ စိတ်​ဆွ၍ ​မပါ​ပာအောင်​​ခေါ်​ဆောင်​ကြ​လေသည်​။ဤသို့ဖြင့်​ အရက်​သမားတစ်​စု သင်္ချိုင်းကုန်း​သို့ ချိုးငှက်​ပစ်​သွားကြ​တော့သည်​။အချိန်​ကား ညပိုင်း၇နာရီဝန်းကျင်​ခန့်​ပင်​ဖြစ်​​လေ၏။ မူးမူးရူးရူး နှင့်​သချိင်္ုင်းအတွင်း ရုတ်​ရင်းကြမ်းတမ်း​သောစကားများကိုလည်း​ကောင်း၊ စည်းမဲ့ကမ်းမဲ့ အပြုမူတို့ကိုလည်း​ကောင်း ​ပြောဆို၊ပြုမူခဲ့ပုံ​ပေါ်​ပေ၏။
.FB_IMG_1526749916593.jpg
Crd-org-source
အိမ်​သို့ပြန်​​ရောက်​​သော်​ င​နောင်​တစ်​​ယောက်​ ထိန်​လန့် ​ကြောက်​ရွံ​နေ​လေ​တော့သည်​။ပါးစပ်​မှလည်း" မလာနဲ့ မလာနဲ့ သွားသွား"စသည့်​စကားတို့​ပြောဆို​နေ​တော့သည်​။လက်​မှလည်း တစ်​စုံတစ်​ခု သူ့၏နားကပ်​လာ၍ တွန်းထုတ်​ခါ​နေ​လေသည်​။ မိခင်​ဖြစ်​သူမှ "ဘာမှမရှိပါဘူး "င​နောင်​ရယ်​ အိပ်​​တော့အိပ်​​တော့ "
ဆို၍ အိပ်​ရာခင်း​ပေး၊ခြင်​​ထောင်​ ​ထောင်​​ပေးပြီး အိပ်​ခိုင်းရ​လေ၏။သို့​သော်​ မိခင်​ရှိ​နေစဉ်​၌သာ ​ခေတ္တခဏ အိပ်​၍ ပြန်​လည်​၍ထိတ်​လန့်​​နေပြန်​​လေ၏။ အိပ်​​နေရမှ ပြန်​လည်​ထ၍ မိခင်​အိပ​နေသည့်​ အနားသို့သွာ၍ "အ​မေ သားကိုလာထိုင်​ကြည့်​​နေတယ်​ သားမအိပ်​ရဲဘူး" ဟူ၍ မိခင်​အိပ်​​နေရာအနီး၌ ထိုင်​​နေ​လေသည်​။
မိခင်​ဖြစ်​သူလည်း အိပ်​​နေရာမှထ၍ ဘုရားစင်​​ပေါ်၌ရှိ​သော ပုရိတ်​​ရေအားတိုက်​ခါ အိပ်​ခိုင်းရပြန်​​ပေသည်​။ အတန်​ငယ်​ငြိမ်​သက်​သွားမှ မိခင်​ဖြစ်​သူလည်း ပြန်​လည်​ကာအိပ်​စက်​ခြင်းပြု​လေသည်​။
ကိုကြီးသက်​နိုင်​လည်း င​နောင်​ယခုလိုဖြစ်​​နေ​သောအခါ အိပ်​၍ကားမရ​ချေ။ မနက်​၂နာရီပင်​​ကျော်​​၍​နေပြီးဖြစ်​ရာ ယခုထိတ​ရေးမှ အိပ်​လို့ မရ​သေး၍ င​နောင်​မြန်​မြန်​အိပ်​​ပျော်​ပါ​စေဟုသာ ဆု​တောင်း​နေရ​လေသည်​။
ဤလိုနှင့်​ နာရီဝက်​ တစ်​နာရီခန့်​ ငြိမ်​သက်​သွား​လေ၏။ မိသားစုအားလုံးလည်း အိပ်​​မောကြကုန်​​ပေ​တော့သည်​။
" မလာနဲ့ မလာနဲ့ ငါ့နားမလာနဲ့​နော်​ မလိုက်​ဘူး ငါမလိုက်​ဘူး​နော်​" စူးစူးဝါးဝါးနှင့်​ င​နောင်​၏​အော်​သံပင်​။ အားလုံးလန့်​၍ပင်​နိုးလာကြ​တော့သည်​။ ပါးစပ်​ကလည်း​အော်​ဟစ်​၍ လက်​မှလည်း တကာကာ ပြုခါ ​သူ့အိပ်​ရာ​ခေါင်းရင်း၌ရှိ​သော ပြတင်း​ပေါက်​နား တိုး၍တိုး၍ ကပ်​သွား​လေသည်​။ ထို့​နောက်​ ပြတင်း​ပေါက်​မှပင်​ခုန်​၍ပင်​ ချပါ​လေ​တော့သည်​။ မည်​သူမှ ဆွဲချိန်​ပင်​ မရလိုက်​ကြ​ပေ။
ခေါင်းရင်းပြတင်း​ပေါက်​ ​အောက်​တည့်​တည့်​ရှိ ခြံစည်းရိုးမှဝါးချွန်​များ င​နောင်​၏​ပေါင်​သို့ စိုက်​ဝင်​ကုန်​​တော့၏။ အား ခနဲကျယ်​​လောင်​စွာ​အော်​သံ​ကြောင့်​ အနီးနားအိမ်​များမှပင်​ လာ​ရောက်​ကြည့်​ရှုကုန်​​တော့သည်​။
ကားအမြန်​ငှါး၍ ​ဆေးရုံသို့ ပို့​ဆောင်​ကြရ​လေသည်​။
ဆေးရုံ​ရောက်​၍ ၂ရက်​၃ရက်​ခန့်​ထိပင်​ င​နောင်​တစ်​​ယောက်​ အ​ကြောက်​မ​ပြေ​သေး​ပေ။
ပေါင်​မှ ဝါးချွန်းထိုးမိသည့်​ ဒဏ်​ရာသက်​သာရန်​ပင်​ တစ်​ပတ်​ခန့်​ ​ဆေးရုံ၌ ​နေခဲ့ရ​ပေသည်​။
ဒဏ်​ရာသက်​သာ၍ ​ဆေးရုံမှ ဆင်းလာ​သော်​လည်း ​ခြေ​ထောက်​သည်​ ​ထော့နဲ့​ထော့နဲ့နှင့်​သာ င​နောင်​တစ်​​ယောက်​​လျှောက်​နိုင်​​သေး​ပေသည်​။
.hos.jpg
Crd-org-source
မိခင်​စကားနားမ​ထောင်​​သောင​နောင်​ ဤခံစားရမှုများ​ကြောင့်​ လိမ္မာသွားမည်​​လော၊သို့မဟုတ်​ ဆက်​၍ဆိုးမိုက်​​နေမည်​​လော 
အပိုင်း ၅ ဆက်​၍ဖတ်​​ပေးပါရန်
.
Msc No 179
@aunggyi100
Myanmar Steemit မိသားစုဝင်​အားလုံး ​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​​စေ။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကျော်ဗေဒင်ဆီသွားမေးတာတော့ ငနောင်လိမ်မာသွားမယ်လို့ပြောတယ်။ဗေဒင်ခ5000တော့ညေးအောင်ကြီးကပြန်ပေးရလိမ့်မယ်။စေတနာနဲ့သွားမေးပေးထားတာမိုလို့။ဟီ

ငမ်း ​ဈေးကြီးတယ်​ ဒီဘက်​မှာ ၂၅၀၀ ရှိ​တာကို
😂😂

နည်းနည်းလန့်သွားပီဆိုတော့ လိမ္မာတော့မယ်ထင်တယ် ခ်ခ်

လိမ္မာပါ​စေ ဆု​တောင်းရတာဘဲအမ

သရဲဝင်​ပူး​တော့​ကြာက်​သွားမှာ​ပေါ့။

ကြောက်သွားတာ​တော့ တကယ်​အမ

ကြောက်စရာ

သရဲ သရဲ

ဒီအပတ် ဇာတ်သိမ်းတွေဖတ်ရတာများတယ်
ကောင်းကြတယ်ဗျို့ 

ဟုတ်​ ဦး​ထွေး

အပိုင်းဆက်တွေ ရေးရတာလည်း ရှေ့က လင့်တွေ ပြန်ပြန် ချရတာ မစားသာဘူး

Note ထဲသိမ်းထား​လေ အမ ​ရှေ့ကလင့်​​တွေ

မလာနဲ့ ကွောင်ကြီး မလာနဲ့ သွားသွား 😁😁

ငိ ကျ​နော်​လာပရ​စေ😂

မည်သို့ဖြစ်မည် လော ဆိုတာ

မည့်​သို့ဖြစ်​မည်​​လော​ပေါ့​နော်​ အမ😂

တကယ်​​တော့ မဖဲဝါ ဦးအင်းနဲ့စိတ်​ဆိုးပြီး င​နောင့်​ဆီ လိုက်​လာတာပါ .. ​သူတို့ ​ပြေလည်​ရင်​ ပြန်​သွားမှာပါ ..😂😂 ​နောက်​တစ်​ပိုင်း ​မျှော်​​နေပါတယ်​ ကို​အောင်​ကြီး​ရေ ..

အော်​ အာ့မဖဲဝါပါလာတာကိုး😀

ကိုအောင်ကတော့ ငါးဖမ်းလိုက်ရေချိုးလိုက်ပဲနော...

ဟုတ်​ အကို😂

တစ်​ခါလန့်​သွာပြီဆို​တော့
နောင်​ကြည်​သွားလိမ့်​ထင်​တယ်

နောင်​ကြဉ်​​သွားပါ​စေ အကို​ရေ

သချိုင်းက သရဲတွေ လိုက်လာတယ်ဖြစ်မယ်နော်

သရဲကိုသရဲလို့ မ​ခေါ်ပါနဲ့ ကျ​နော်​​ကြောက်​လို့😂

လာမှာပဲ လာမှာပဲ မသွားဘူး

လာပါနဲ လာပါနဲ့ 😂😂

ကောင်းတယ်ဗျာ

ဟုတ်​ ​ကျေးဇူးပါ​ဗျ

သင်္ချိုင်းက စကီလေးလိုက်လာလို့လား...

စကီ​လေးက လိုက်​​ခြောက်​​နေလားမသိ😂

အားဆပးလျှက်

ဟုတ်​ ​ကျေးဇူးပါပဲ အကို

ဇာတ်ရှိန်တက်နေပြီဆိုမှ တန်းလန်းကြီးလိမ္မာသွားဖို့ပဲ
မျော်လင့်ပါတယ်

မျှော်​လင့်​တဲ့အတိုင်း ဖြစ်​ပါ​စေ ဗျာ

ညဘက်ကြီးဖတ်မိတော့ကြောက်တောင်ကြောက်တယ်ဗျာ

မ​ကြောက်​ပါနဲ့ bro ​ကျော်​နဲ့အတူအိမ်​မလို့တဲ့😂😂

ငိ ပြေးပြီ

😂😂

Congratulations! This post has been upvoted from the communal account, @minnowsupport, by aunggyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 6.73% upvote from @redlambo courtesy of @aunggyi100! Make sure to use tag #redlambo to be considered for the curation post!

This post has received a 10.87% upvote from @msp-bidbot thanks to: @aunggyi100. Delegate SP to this public bot and get paid daily: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP Don't delegate so much that you have less than 50SP left on your account.

Release the Kraken! You got a 14.64% upvote from @seakraken courtesy of @aunggyi100!

sneaky-ninja-sword-xs.jpg
Sneaky Ninja Attack! You have just been defended with a 1.45% upvote!
I was summoned by @aunggyi100. I have done their bidding and now I will vanish...

woosh
A portion of the proceeds from your bid was used in support of youarehope and tarc.

Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?