၂ဝ၁၇ နှစ်ဝက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း ပေါင်(၂၉)သန်းအရှုံးပေါ်

in myanmar •  7 years ago  (edited)

image

၂ဝ၁၇ နှစ်ဝက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း ပေါင်(၂၉)သန်းအရှုံးပေါ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၇ ခုနှစ်ရဲ့ နောက်ဆုံး (၆)လမှာ ပေါင်(၂၉)သန်း အရှုံးပေါ်ခဲ့ပြီး ဒါဟာ (၇)နှစ်တာအတွင်းမှာ အဆိုးရွားဆုံး အခြေအနေဖြစ်ခဲ့ပါတယ်။
USA မှာ အခွန်အခပြောင်းလဲမှုတွေဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင်(၄၈.၈)သန်း ထိ နစ်နာစေခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါအပြောင်းအလဲအတွင်း ကုမ္ပဏီအများစု ထိခိုက်နစ်နာခဲ့ရပါတယ်။ အဲဒီ ပမာဏဟာ ၂၀၁၆ခုနှစ်ရဲ့ အဆိုပါ ကာလအတွင်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပေါင်(၁၈.၇) သန်းထိ အကျိုးအမြတ်နစ်နာခဲ့ရတာလည်းဖြစ် ပါတယ်။ အသင်းရဲ့ chief financial officer ဖြစ်သူ ကလစ်ဖ်ဘတ်တီကပြောကြားရာမှာတော့ ဒါဟာ တစ်ကြိမ်တည်း အရှုံးပေါ်တာဖြစ်ကြောင်း ဆိုပါတယ်။ ကလစ်ဖ်ကပြောကြားရာမှာ – ” ဒါက အကျိုးအမြတ်မဟုတ်ဘူးဆိုတာကို ထပ်တလဲလဲ ပြောဖို့ အရေးကြီး ပါတယ်။ ဒါကကျတော်တို့ရဲ့ အမြတ်အစွန်းရရှိအောင် ယှဉ်ပြိုင်မှုအပေါ် သက်ရောက်မှုမရှိသလို Financial Fair Play စည်းမျဉ်းတွေနဲ့ ငြိစွန်းတာမရှိပါဘူး။ ” လို့ ဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝင်ငွေဟာ လတ်တလောမှာ ပေါင်(၁၆၃.၉) သန်းအထိမြင့်တက်လာခဲ့ပြီး နောက်ဆုံး(၃)လအတွင်း အသင်းရဲ့ အသုံးစရိတ်ဟာ (၆၉.၆)သန်းသာရှိခဲ့ပါတယ်။ အဆိုပါဝင်ငွေတွေဟာနည်းပြမော်ရင်ဟိုကို သက်တမ်းတိုးဖို့အပြင် ဆန်းချက်ဇ်ကို အာဆင်နယ် အသင်းမှ ခေါ်ယူခဲ့ရာမှာ အထောက်အကူဖြစ်ခဲ့တယ်လို့ အသင်းရဲ့ Execuctive Vice chairmanဖြစ်သူ ဝုဒ်ဝါ့ဒ် က ဆိုပါတယ်။ ” ကျွန်တော်တို့ရဲ့ အခိုင်အမာချမှတ်ထားတဲ့ စီးပွားရေးမိုဒယ်က နည်းပြကိုသက်တမ်းတိုးဖို့နဲ့ ဆန်းချက်ဇ်ကိုခေါ်ယူဖို့ ဖြစ်စေခဲ့ပါတယ်။ လက်ကျန်ရာသီအချိန်ကို ယုံကြည်မှုရှိရှိနဲ့ ဖြတ်သန်းသွားပါမယ်” လို့ ဝုဒ်ဝါ့ဒ်ကပြောကြား ခဲ့ပါတယ်။

Credit, photo google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

I am post credit is google.See you to @cheetah