"အမုန်းတို့ဖြင့် စတင်သော အချစ်"

in myanmar •  7 years ago  (edited)

"အမုန်းတို့ဖြင့် စတင်သော အချစ်"
image

part -21

" မဖြစ်နိုင်ဘူး …မင်းလိမ်နေတာ ။
ခြယ်မုန်းရံ က ငါဘေးနားကနေ ဘယ်မှ သွားလိုမရဘူး …သူကို ငါပိုင်တယ် "

မင်းလက်ယာ မယုံကြည်နိုင်ခြင်း များစွာ
တို့ဖြင့် ကုမ္ပဏီကနေ စံတော်တော်ဆီ ကို ကားမောင်းလာခဲ့သည်။

စိတ်ထဲမှာ တောင်းဆုတစ်ခု ပြုနေမိတာက ခြယ်စံတော်အိမ်မှာ ရှိနေဖို့။

ကျေးဇူးပြုပြီး စံတော်အိမ်မှာ မင်းရှိနေပေးပါ …ခြယ်။

အရင်က မင်းကို ငါနဲ့ အနီးဆုံးနေရာမှာ
ရှိနေစေချင်ခဲ့တာဟာ ငါရဲ့အတ္တနဲ့ အမုန်းတရား များစွာ ကြောင့်ပါ။

အခု မင်းကို ငါနဲ့ အနီးဆုံးနေရာမှာ
ရှိနေစေချင်ခဲ့တာဟာ ငါရဲ့ ပြောင်းလဲ
လာတဲ့ ရင်ဘက်ထဲက ချစ်ခြင်းသံဇဉ်တွေ
ကြောင့်ပါ ။

"ကျီ………"

မင်းလက်ယာ တစ်ယောက်
ခြံရှေ့မှာ ကားကို ဖြစ်သလို ထိုးရပ်လိုက်
ရင်း …… စံတော်အိမ်ကြီးထဲကို အပြေး
အလွှားဝင်လာခဲ့သည်။

"ခြယ် ………''

"ခြယ် ………"

သူ …ခြယ်နမည်ကို အသံကုန် အော်ခေါ်
ရင်း …အပေါ်ထပ် အောက်ထပ် နှံနေအောင် ရှာသော်လည်း လုံးဝ ရှာမတွေ။ ခြယ်ပုံရိပ်လေးက ပျောက်ဆုံး
နေသည်။

အရင်က ခြယ် ရှိနေတက်သည် အခန်းလေးထဲမှာ ဘယ်သူမှ ရှိမနေ တိပ်ဆိတ်စွာဖြင့် …။

ခြယ်…ခြယ် တစ်ကယ်ဘဲ ထွက်ခွာသွား
ခဲ့ပြီလား ။

"မဟုတ်ဘူး …ခြယ် ……"

ဒူးထောက်ကာ ထိုင်ချလိုက်ရင်း ကြွေကွဲ စွာဖြင့် ခြယ်နမည်လေးကို အသံကုန် အော်ဟစ်ကာ ခေါ်လိုက်တော့ သူရင်ဘက်ထဲမှာ ခြယ် နမည်လေးက ပဲ့တင်ထပ်နေသည်။

ဆံပင်တွေထဲကို လက်ထိုးဖွရင်း …အရူး
တစ်ယောက်လို ခေါင်းငိုက်စိုက်နေပြီး
တော့မှ အတွေးတွေထဲ မြင်ယောင်လာမိ
သည်က မင်းခေတ်။

တစ်ချိန်တုန်းက ပြောခဲ့ဘူးသည် သူတို့ရဲ့
စကားသံများ ။

{"အခုဆို ခြယ်မုန်းရံကို ဘယ်သူ ပိုင်ဆိုင်သလည်း မင်းသိလောက်ပြီလို ထင်တယ် မင်းခေတ်"

"မင်းမှာ ပိုင်ဆိုင်ခွင့် အပြည့်အဝ ရှိနေတယ်လို ငါတော့မထင်ဘူး …မင်းလက်ယာ "}

"မဟုတ်ဘူး …ခြယ်ကို ငါပိုင်တယ်…
ခြယ်ကို ငါပိုင်တယ် "

မျက်ဝန်းတွေက နီရဲကာ ခက်ထန်လာပြီး
ဒေါသတစ်ကြီး ထရပ်လိုက်သည်။

"ခြယ်မုန်းရံဟာ ငါရဲ့ မှုပိုင် ကကြိုးရုပ် တစ်ခုဘဲ … ငါဆီကနေ ဘယ်တော့မှ မင်းလုယူလို မရစေရဘူး …မင်းခေတ် "

"မင်းခေတ်က ခြယ်မုန်းရံကို ကိုမင်းဆီကနေ လုယူသွားတယ်လို
ကိုမင်း ထင်နေတာလား ……"

နောက်ပါးဆီမှ ထွက်ပေါ်လာသော စကားသံကြောင့် လှည့်ကြည့်လိုက်တော့
မာယာချို …။

မာယာချိုက လက်ထဲမှာ ကိုင်ဆောင်ထားသည် ဓာက်ပုံ အချို့ကို
ထောင်ပြရင်း ……

"ဒီ ဓာက်ပုံတွေကို မြင်ကတည်းက ကိုမင်း
သဘောပေါက်သင့်တယ် ။ မင်းခေတ်က ကိုမင်း ဆီက ခြယ်မုန်းရံကို လုယူသွားတယ်လို ထင်ရအောင် ဒီပုံတွေထဲမှာ မင်းခေတ်က ခြယ်မုန်းရံကို အတင်းကားပေါ်ကို ဖမ်းဆီးခေါ်ဆောင်
သွားတာ တွေလား ။"

မာယာချို စကားကြောင့် မင်းလက်ယာ
ဆွံ့အနေသလိုပင် ဘာစကားမှ မဆိုနိုင်။

ရင်ဘက်တစ်ခုလုံးကို မုန်းတိုင်းဝင်တိုက်
ခက်နေသလို …နုလုံးသား တစ်စုံလုံး
စုတ်ပြက်သက်ကာ ယိမ်းထိုးနေသည်။

" တစ်ကယ်တော့ ခြယ်မုန်းရံ ကိုယ်တိုင်က
ကိုမင်း အနားက ထွက်ပြေးသွားတာ ဆိုရင်ရော……
သူကိုယ်တိုင်က သူချစ်တဲ့ သူနောက်ကို
လိုက်ပါသွားခဲ့သည် ဆိုရင်ရော ……"

မာယာချို ဆက်တိုက်ပြောနေသည် စကားတို့က သူကို လက်နက်ကြီးငယ်နှင့် နှိပ်စက်နေသလို။

ဆိုးဝါးစွာ ခံရခက်ခြင်း …ပူလောင်ခြင်း
တို့နှင့်အတူ ရူးသွပ်သွားတော့မည် လူတစ်ယောက် အတိုင်း။

"အဲဒီလိုဆို ကိုမင်း ဘာဆက်လုပ်မလည်း
…"

အမေးစကားကို မဖြေဘဲ မာယာချိုကို
မင်းလက်ယာ ကျောခိုင်းလိုက်သည်။

"ကိုမင်း …သူကို မုန်းလိုက်ပြီလား …"

မာယာချိုရဲ့ အမေးစကားက သူရင်ဘက်ထဲကို စစ်ခနဲ့ နာကျင်စေသည်။

အဖြေမထုတ်ချင်တော့တဲ့ ပုစ္စာတစ်ပုဒ်လို
မာယာချိုရဲ့ အမေစကားကိုလည်း သူအဖြေ မထုတ်ချင်တော့။

မာယာချိုကို ကျောခိုင်းရင်း …
သူ လှေကားထိပ်မှ တစ်လှမ်းခြင်း အောက်ထပ်ကို ဆင်းလာခဲ့သည်။

"ကိုယ်ကို မချစ်လို အနားက ပစ်ခွာပြေး
သွားတဲ့ အဲဒီမိန်းမကို ကိုမင်း မုန်းလိုက်ပါ
…ဒါမှမဟုတ်ရင်လည်း ဥပေက္ခာ
ပြုလိုက်ပါ …ကိုမင်း"

မာယာချိုရဲ့ စကားသံ အဆုံးမှာ မင်းလက်ယာ ကျိခနဲ့ အံကိုကြိတ်ရင်း
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်
လိုက်သည်။

မုန်းခြင်း နဲ့ ဥပေက္ခာ ။

ခြယ်မုန်းရံအတွက် တိုက်တန်ခြင်း ဆုလာဘ်က ထို့အရာ နှစ်ခုလား ။

အမုန်းတရားတွေကြားမှာ ရှင်သန်စပြုနေတဲ့
သူအချစ်သစ်ပင်လေးက အဆိပ်ရေနဲ့
လောင်းခံရလိုက်သလို ချက်ချင်း ညိုးနွမ်းသွားခဲ့သည်။

အစကတည်းက မင်းအတွက် ငါဆီမှာ
အမုန်းတရားတွေဘဲ ရှိခဲ့သင့်တာ …
ခြယ်မုန်းရံ …။

မင်းနဲ့ပတ်သက်ပြီး ချစ်ခြင်းရင်ခုန်သံတွေ ဖြစ်ပေါ်လာတဲ့ ငါနှလုံးသားကို ငါကိုယ်တိုင်ဘဲ မီးလောင်တိုက် သွင်းပစ်မယ် ခြယ်မုန်းရံ ……။

အခုကစပြီး ငါနှလုံးသားမှာ မင်းအတွက် အမုန်းတရားများစွာဘဲ ရှိပါရစေ ။

သေခြာတာက သူရင်ဘက်ထဲမှာ ခြယ်မုန်းရံ နဲ့ ပတ်သက်ပြီး ဘာမှ ရှိမနေ။

……………………………………

" ငါကို တစ်ခုဘဲ ဖြေပေးပါ…ခြယ်…
နင် ……နင် မင်းလက်ယာကို ချစ်နေမိပြီလား…"

မထင်မှတ်ထားသည် စကားမို့ ခြယ် ငိုရှိုက်နေရာမှ မင်းခေတ်ကို မော့ကြည့်သည်။

မင်းခေတ် နှင့် အတန်ကြာအောင် အကြည့်ချင်း ဆုံနေမိရာမှ… အတွေးတွေ
က ရှုပ်ထွေးစွာဖြင့် ။

{ မင်းက ငါအတွက် ကကြိုးရုပ်တစ်ခုဘဲ
ခြယ်မုန်းရံ………။

ကျေးဇူးပြုပြီး …ငါရင်ခွင်ထဲမှာ မင်းသမီးလေး လုပ်ပေးပါ …ခြယ် }

မာနကြီးပြီး အမုန်းတရားများစွာ နှင့်
မင်းလက်ယာ ။

အမြဲတမ်း သူမ အပေါ်မှာ အနစ်နာခံတဲ့ ချစ်ခြင်းများစွာတိုဖြင့် မင်းခေတ်။

စရိုက် နှစ်မျိုး နှင့် သူတို့ နှစ်ယောက်။

ခြယ်ရဲ့ ချစ်ခြင်းရင်ခုန်သံတွေက ဘယ်သူ
ဆီမှာ ရှိနေသလည်း ဆိုတာတော့ …
သူမ ကိုယ်တိုင်မှ လွဲ၍……။

ခြယ် ……… မျက်နှာလေးကို ဖျက်ခနဲ့ လွဲလိုက်ရင်း……

" မင်းခေတ် …ငါ ……………"

ခြယ် ……စကားသံတို့က ဆက်၍ ထွက်မလာခဲ့။မျှော်လင့်ချက် အပြည့်ဖြင့်
ငေးစိုက်ကြည့်နေသော မင်းခေတ်ကို
ကြည့်ကာ သူမရင်ထဲက ခံစားချက် အစစ်
အမှန်ကို ဖွင့်ဟ၍ ပြောပြဖို့အတွက်
သူမ အားအင်များ မရှိ။

မင်းခေတ် တစ်ယောက် ခြယ်… မျက်နှာလေးကို ငေးစိုက်ကြည့်ရင်း…
သူမ ဖြေမည် အဖြေကို သူနား
လည်လိုက်သည်။

" ငါ…ငါ နင်ကို အိမ်ပြန်ပို့ပေးပါမယ် …ခြယ်"

"မင်းခေတ် …ငါ "

"ငါ နားလည်ပါတယ်…ခြယ်။ နင်ရဲ့
မျက်ဝန်း အကြည့်တွေကို မြင်ကတည်းက
နင်ရဲ့ ချစ်ခြင်းတွေက ဘယ်သူဆီမှာ
ရှိနေလည်း ဆိုတာ …ငါ… ငါ သဘောပေါက်ပါတယ်ဟာ……"

ပျက်သွားသော မျက်နှာလေးကို ဖုန်းကွယ်
ရင်း …ပြောနေသော မင်းခေတ်ကို ကြည့်ကာ ခြယ် နှုတ်ဖျားတို့မှ ထွက်လာသော စကားသံတို့က တိုးရှစွာ။

"ငါ …ငါ …တောင်းပန်ပါတယ် မင်းခေတ် …နင် အချစ်တွေကို "

"မလိုပါဘူး …ခြယ်… ငါရဲ့အချစ်က
နင်အတွက် ပေးစပ်ခြင်း သက်သက်ပါ။
သူရင်ခွင်ထဲမှာ နင်… ပျော်ရွှင်နေမယ်ဆို ငါအဆင်ပြေ
ပါတယ်…တောင်းပန်ဖို့ မလိုပါဘူး…"

"မင်းခေတ်ရယ် ………"

သူမ အပေါ် ပေးစက်ခြင်း များစွာ နဲ့
ချစ်သော မင်းခေတ်ကို ခြယ် မျက်ရည်လေးများ ဝဲရင်း မော့ကြည့်သည်။

စူးရှလွန်းပြီး နက်မှောင်လဲ့နေသည် မင်းခေတ်ရဲ့ မျက်ဝန်းတွေက အခုတော့
အရောင်ဖျော့တော့စွာဖြင့် ။ ပါးလွှာပြီး
လေးကိုင်းသဏ္ဍာန်ဖြစ်နေသည် ပိရိလွန်း
လှသည် မင်းခေတ်ရဲ့ နှုတ်ခမ်းထက်မှ
အပြုံးတွေက အရင်လို မပီပြင်။

ဟန်ဆောင်ပြုံးနေရတဲ့ မင်းခေတ်ရဲ့
ဟန်ဆောင်မျက်နှာအောက်မှာ ဘာတွေ ခံစားနေရမလည်း ဆိုတာကို ခြယ် ရိပ်မိပါသည်။

သူမကိုငေးစိုက် ကြည့်နေတဲ့
မင်းခေတ်ရဲ့ ရင်ခွင်ထဲကို ခေါင်းလေး
တိုးရင်း ဝင်လိုက်ရင်း ………

" နင်က ငါအတွက် အချစ်ဆုံး
သူငယ်ချင်းတစ်ယောက်ပါ မင်းခေတ်"

ခြယ်ရဲ့ စကားကို ကြားရတော့ မင်းခေတ်
က ရင်နာစွာ ပြုံးသည်။

"အချစ်ဆုံး သူငယ်ချင်းတဲ့လား…ခြယ်။
နင်ပျော်မယ်ဆို သူငယ်ချင်း ဆိုတဲ့ စည်း
လေးမှာ ငါရပ်ရလည်း အဆင်ပြေပါတယ်
ဟာ…"

ထို့စကားကို မင်းခေတ် ရင်ထဲမှသာ တီးတိုးရွက်ဆိုနေမိဆဲ။

တစ်ကယ်ဆို ကိုယ်မြက်နိုးရသည် အရာ
တစ်ခုကို အခြားသူ လက်ထဲ ထည့်ပေး
ရတာဟာ ဘယ်လောက်ထိ နာကျင်ခံစားရလည်းဆိုတာ သူကိုယ်တိုင်
ဘဲ သိသည်။

သေခြာတဲ့ ဆုံးဖြက်ချက်တစ်ခုက ခြယ်ကို စံတော်အိမ်ဆီကို ပြန်ပို့ပေးဖို့။

သူ နှလုံးသားအတွက် သေဒဏ်ကို သူကိုယ်တိုင် ချမှတ်ခဲ့ခြင်းသာ။ရင်ထဲမှာ
အထပ်ထပ် ရေရွက်နေမိတာက ……

"နင်ပျော်မယ်ဆို ငါအဆင်ပြေပါတယ်
ခြယ်……"

……………………………………

{" ကျွန်မက အသက်ရှိတဲ့ လူတစ်ယောက် ရှင်ထင်သလို စေရာကမဲ့ ကကြိုးရုပ် တစ်ခု မဟုတ်ဘူးနော်………"}

နားထဲမှာ ပဲ့တင်ထပ်နေသော
ခြယ်…ရဲ့ အသံနှင့် အတူ ရှေ့မှာ ရှိနေ
သည် အရက်ဖန်ခွက်ကို ကောက်ယူကာ
တရှိန်ထိုး မော့ချလိုက်သည်။

"ဟား………"

မင်းလက်ယာ …စိတ်ရှိလက်ရှိ ပေါက်ကွဲစွာ အော်ဟစ်လိုက်ပြီးမှ …
ဖန်ခွက်ကို စားပွဲပေါ် ဒိုင်းခနဲ့ ပစ်ချသည်။

စားပွဲခုံပေါ်မှာ ပုံလဲနေသည် ပုလင်းအချို့။

ချာချာလည်အောင် မူးနေပြီ ဖြစ်သော်
လည်း သူဂရုမစိုက် ။

သောက်နေမိသည်က တစ်ခွက်ပြီး တစ်ခွက်။

မင်းလက်ယာ ထိုင်သောက်နေမိသည်က ခြံဝန်းထဲမှာမို့ အေးစက်သော လေအငွေ့အသက်ကို ရနေသည်။

သို့သော် သူ မအေးချမ်းနိုင်တာတော့
အမှန်။

ရှေ့မှာ ရှိနေသည် ဝီစကီပုလင်းထက်မှာ
ခြယ်ပုံရိပ်တွေ ထင်ဟက်လာတော့ သူထို့
ပုလင်းကို ဒေါသတစ်ကြီး ကိုင်ပေါက်ကာ
ပစ်ခွဲလိုက်သည်။

"ခွမ်း ………"

ခြံအောက်ခံက ကြွေပြားခင်းထား
သည်မို့ …ဖိတ်စင်ကျကုန်သော ဝီစကီအချို့ နှင့်မတူ ကွဲကြေသွားသော
ဖန်ပုလင်း။

ထို့အဖြစ်ကို ကြည့်ကာ အရူးတစ်ယောက်
လို အသက်မပါစွာ ပြုံးရင်း ……
နောက်ထပ် ဝီစကီ တစ်ပုလင်း ထပ်ဖောက်ကာ ဖန်ခွက်ထဲကို ထည့်သည်။

ဖန်ခွက်ကို သူတရှိန်ထိုး မော့သောက်ချိန်
တွင် ခြံရှေ့တွင် ကားတစ်စီး ထိုးရပ်သွား
သည်။

သို့သော် မင်းလက်ယာ ဂရုမစိုက်။

သူရင်ဘက်ထဲမှာ ဘာမှရှိမနေတော့ခြင်းနှင့်
အတူ ဘာကိုမှလည်း ဂရုမစိုက်။

"မင်းလက်ယာ ……"

နောက်ပါးဆီမှ ခေါ်သံကြောင့် မင်းလက်ယာ လှည့်ကြည့်လိုက်တော့ မင်းခေတ်။

"မင်း ………"
မင်းလက်ယာ မျက်နှာက ခက်ထန်သွား
သည်။

မင်းခေတ် နောက်ပါးမှ တလှမ်းချင်း လှမ်း
ထွက်လာသူက ခြယ်မုန်းရံ ။

"ခြယ်…မုန်း…ရံ ………"

မင်းလက်ယာ က မယုံကြည့်နိုင်ခြင်း များစွာတို့ဖြင့် ခေါ်သည်။

"မင်း … မင်းတို့"

ခြယ်မုန်းရံ နှင့် မင်းခေတ် တို့ကို တွေ့သည်နှင့် သူမျက်ဝန်းတွေက ဒေါသတစ်ကြီး နီရဲ
ခက်ထန်လာသည်။

မင်းလက်ယာ ……
စိတ်ပေါက်ကွဲမှု များစွာတို့ဖြင့် မင်းခေတ်
မျက်နှာကို အားကုန် ထိုးချလိုက်သည်။

"ဖြောင်း ………"

"ဟင်အင်း …မလုပ်ပါနဲ့ "

ခြယ် တားသော်လည်း မရ။ ခြယ် ကို ဂရုမစိုက် မင်းခေတ်ကို ထိုးနေမိသည်က
အချက်ပေါင်း များစွာ။

"မလုပ်ပါနဲ့တော့ "

မင်းခေတ် မျက်နှာထပ်မှာ စီးကျလာသည်
သွေးစများ ……။

မင်းလက်ယာ မကျေနပ်နိုင်သေး
ဒေါသအလျှောက် လက်ထဲမှာ ဆွဲကိုင်လိုက်မိသည်က စားပွဲပေါ်မှ ဝီစကီ ပုလင်း ။

ဒေါသတစ်ကြီး မင်းခေတ် ရင်ဘက်ကို လက်ဖြင့် စောင့်ဆွဲလိုက်ရင်း ဝီစကီ ပုလင်းကို မြှောက်လိုက်သည်။

" မလုပ်နဲ့ "

မင်းခေတ် ရှေ့မှာ ဝင်ရောက် တားဆီး
လိုက်သူက ခြယ်……။

မင်းခေတ် ခေါင်းကို ဦးတည်ထားသည် ပုလင်းက လေပေါ်မှာ ရပ်တန့်လျှက်။

"ခြယ် …ခြယ် တောင်းပန်ပါတယ်…
မင်းခေတ်ကို…မလုပ်ပါနဲ့ …တောင်းပန်ပါတယ် …"

မျက်ရည်လေး တစ်ဝဲဝဲဖြင့် သူရှေ့မှာ
လက်အုပ်လေး ချီကာ တောင်းပန်နေ
သော ခြယ်။

"တောက်…"

" သစ္စာဖောက်မ …မင်းက
ဒီလို အခြေအနေတောင် ရောက်နေပြီ
ပေါ့…ဟုတ်လား "

"ဟင်…အင်း ……" ငိုရှိုက်ရင်း ခေါင်းလေးခါယမ်းပြနေသည် ခြယ်ကို မင်းလက်ယာဒေါသတစ်ကြီး
ရှေ့မှ စောင့်တွန်း ထုတ်လိုက်သည်။

"အား ……"

ပုံခနဲ့ ပစ်လဲကျသွားပြီး လက်ထောက်မိ
သည်က ခုနက မင်းလက်ယာ ဒေါသတစ်
ကြီး ပေါက်ခွဲထားသည် ပုလင်းကွဲများ
ပေါ်သို့……။

နာကျင်မှုတို့နှင့်အတူ ကျလာသော သွေးစတို့က အတားအဆီးမဲ့။

သွေးများစွာ စီးကျနေသော ခြယ် လက်ကလေးကို မြင်တော့ မင်းခေတ်
ဒေါသတို့က အတားအဆီးမဲ့။

"မင်း ……"
မင်းခေတ် ဒေါသအရှိန်ဖြင့် မင်းလက်ယာကို စောင့်တွန်းလိုက်တော့
အရက်သောက်ထားသည် အရှိန်ဖြင့် မင်းလက်ယာ ယိုင်ကျသွားသည်။

ထို့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ
သည်က မင်းခေတ်ရဲ့ လက်သီး ။

"ဖြောင်း ……"

နှစ်ချက်ထိုး အပြီးမှာ ဖြာခနဲ ထွက်လာသည် နှုတ်ခမ်းထက်မှ သွေးစများ။

"မင်းခေတ် ………"

စိုးရိမ်တကြီး ခေါ်လိုက်သည် ခြယ်ရဲ့ ခေါ်သံလေး……။

သုံးချက်မြှောက် ပြင်းထန်သည် လက်သီးချက်က မင်းလက်ယာရဲ့ မျက်နှာထပ်မှာနီးကပ်လျှက်။

ငိုရှိုက်သံလေးဖြင့် သူကို ခေါင်းခါယမ်းပြ
နေသည် ခြယ်ကို တစ်ချက်ကြည့်ရင်း
မင်းခေတ်……'တောက်' တစ်ချက်ခက်ကာ လက်သီးကို ပြန်ချလိုက်သည်။

ခြယ် …မျက်ဝန်းထောင့်မှ စီးကျသွားသည် မျက်ရည်စလေးတွေကို မြင်တော့ မင်းခေတ် ကျောခိုင်းလိုက်သည်။

"ခြယ် မျက်ဝန်းက မျက်ရည်စတွေကို
သူ မမြင်ရက်နိုင်တော့ …ခြယ်ရယ်……
နင်မျက်ရည်တွေက ငါဒဏ်ရာက နာကျင်မှုထက် နှိုင်းစ၍ မရအောင် ပိုပါတယ်ဟာ …………

ခြယ်…မျက်ရည်တွေကို မြင်နိုင်စွမ်း မရှိ
နိုင်သည် သူအတွက်တော့………

မင်းခေတ် ကျောခိုင်းကာ အံကို ကြိတ်လိုက်ရင်း မင်းလက်ယာ ရှေ့ကို
လှည့်လိုက်သည်။

ထို့နောက် မင်းလက်ယာ ရှေ့မှာူဒူးထောက် ထိုင်ချရင်း ……

"ခြယ်ကို ခေါ်သွားတာ ငါဘဲ ။ မင်း မကျေနပ်ရင် ငါကို သက်နိုင်တယ် ……
…ဒါပေမယ် …ခြယ်ကို
တော့ ထိခိုက်နာကျင်အောင် မလုပ်ပါနဲ့"

"မင်း…ခေတ် "
ရှိုက်ငိုသံလေး ပါနေသော ခြယ် အသံကို
မင်းခေတ် မကြားချင်ယောင်ဆောင်၍
မင်းလက်ယာကို မော့ကြည့်သည်။

ခက်ထန်၍ စူးရဲတောက်ပနေသည် မျက်ဝန်း နှစ်ခုတို့က ခဏမျှ ကြာအောင်
ဆုံဆည်းနေလျှက်။

မင်းလက်ယာ က စားပွဲပေါ်မှ အရက်ပုလင်းကို ဆွဲယူလိုက်ရင်း လက်ကိုမြှောက်လိုက်သည်။

ုခြယ် …မျက်ဝန်းလေးများကို မှိတ်ပစ်လိုက်သည်။မျက်ဝန်းထောင့်မှ
ဖျက်ခနဲ့ စီးဆင်းကျသွားသည် မျက်ရည်စ
လေး တစ်ခု။

"ခွမ်း ………"

ပုလင်းကျကွဲသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ခြယ်…မျက်ဝန်းလေးကို ဖွင့်ကြည့်လိုက်တော့ အောက်ထဲမှာ
အစိတ်စိတ်အမြွှာမြွှာ ကွဲအက်နေသည်
အရက်ပုလင်း။

မင်းလက်ယာကို သူတို့ နှစ်ဦးလုံးကို တစ်ချက်ဝေ့ကြည့်ရင်း ကျောခိုင်းကာ
စံတော် အိမ်ထဲကို ဒေါသတစ်ကြီး
ဝင်သွားသည်။

ခြယ် …ပါးပြင်ထပ်မှ မျက်ရည်စလေးကို
လက်ခုံလေးဖြင့် ဖိပွတ်သုတ်ရင်း လဲကျနေသည် နေရာလေးမှ ကုန်းထကာ
မင်းခေတ်ဆီကို အပြေးအလွှား လာခဲ့သည်။

" မင်းခေတ် …နင်…နင်……"

"နင်အဆင်ပြေရဲ့လား …ခြယ်…လက်က
အတော်နာနေလားဟင် "

မင်းလက်ယာ ထိုးချက်ကြောင့် မျက်နှာ
ထပ်မှာ ဒဏ်ရာ များစွာ ရနေတာတောင်
သူမ အတွက် စိတ်ပူပေးနေသော
မင်းခေတ်ကို ကြည့်ကာ ခြယ် မျက်ရည်လေး ဝဲသွားရင်း ခေါင်းလေး
ညိမ့်ပြလိုက်သည်။

"ငါ …ငါဘာမှ မဖြစ်ပါဘူး …နင်ဒဏ်ရာ
တွေက အရမ်း နာနေလား …"

"ငါအဆင်ပြေပါတယ် …ခြယ် ဘာမှ မဖြစ်ဘူး …နင်သူငယ်ချင်း မင်းခေတ်ဘဲ ဒီလောက်ကတော့ အေးဆေးပါ "

မျက်နှာထပ်မှ ဒဏ်ရာ ရနေတာတောင်
ဟာသ ပြောနေသော မင်းခေတ်ကို
ကြည့်ကာ ခြယ် နှုတ်ခမ်းထပ်မှာ အပြုံးလေး တစ်ခု တွဲခိုသွားရင်း……
မျက်ဝန်းမှ မျက်ရည်စလေးကို သုတ်လိုက်ကာ ………

" အရူး …ဒါတောင် ဟာသပြောနိုင်သေးတယ်နော် "

"နင်ပျော်ဖို့ ဆိုရင်ပေါ့……"

ဖျက်ခနဲ့ ပြန်ဖြေလိုက်သော မင်းခေတ်ရဲ့
စကား အဓိပ္ပာယ်က အများကြီး သက်ရောက်နေသလို။

မင်းခေတ်ရဲ့ စူးရဲသော အကြည့်တွေကို
ခြယ် မျက်နှာလွဲလိုက်ရင်း ……

နင်အခု အိမ်ပြန်လိုက်ပါတော့နော် …မင်းခေတ် …"

"ခြယ်…နင်…နင် တစ်ယောက်တည်း
ဖြစ်ပါမလား။ အခုလို ဖြစ်ရတာ ငါအမှား
တွေလည်း ပါတယ်လေ…ဒါကြောင့်
ငါ ဝိုင်းပြီး ရှင်းပြ………"

" အရူး…… နင်ထပ်ပြီး အထိုးခံချင်သေးလိုလား ။ ငါ …
ငါ ဒီကိစ္စကို ဖြေရှင်းနိုင်မှာပါ …နင် စိတ်မပူနဲ့နော်"

ခြယ်က စိတ်မပူနဲ့ လို ပြောပေမဲ့ သူစိတ်ထဲမှာ ခြယ်အတွက် စိုးရီမ်ပူပန်နေမိတာတော့ အမှန်။

"ငါ …ငါသွားတော့မယ်…နင် မျက်နှာက
ဒဏ်ရာတွေကို ဂရုစိုက်နော် …"

ခြယ်က ပြောရင်း စံအိမ်အတွင်းကို ပြေးဝင်သွားသည်။

မင်းခေတ် တစ်ယောက် ခြယ် ပုံရိပ်လေး
ပျောက်ကွယ်သွားသည်အထိ ငေးကြည့်
နေပြီးမှ စံအိမ်ကို ကျောခိုင်းကာ ထထွက်လာခဲ့သည်။

ခြံရှေ့မှာ ရပ်ထားသည် သူကားလေးပေါ်
တက်ပြီးသည် အထိ သူကားလေး မထွက်
နိုင်သေး။

"ကျေးဇူးပြုပြီး ခြယ်နဲ့မင်းလက်ယာ အဆင်ပြေပါစေ …"

ထို့ဆုတောင်းဟာ သူရဲ့ စိတ်ရင်း အမှန်
နဲ့ ဆုတောင်းလိုက်တာတော့ အမှန်။

ဆုတောင်းပြီး အဆုံး သူနှလုံးသားမှ စူးအောင့်နာကျင်နေသည် ဆိုတာကတော့
………။

ခြံရှေ့မှာသာ မင်းခေတ် ကားလေးက အချိန်ကြာမြင့်စွာ ရပ်လျှက်။

ခြယ်တစ်ယောက် စံတော်အိမ်အတွင်းကို
ဝင်လာခဲ့သည်။ သူခြေလှမ်းတွေမှာ ကြောက်ရွံမှုတွေ ပါနေတာတော့ အမှန်။

သူမ ပြောမည် အမှန်တရားများကို မင်းလက်ယာ ယုံပါမလားမသိ။

ကျေးဇူးပြု၍ …သူအပေါ်မှာ ချစ်မိသည်
သူမရဲ့ အချစ်တွေ စစ်မှန်ခဲ့မည် ဆိုလျှင်
……သူမအပေါ် ထားရှိနေသည် မင်းလက်ယာရဲ့ အမုန်းတရားများ ပြေပျောက်ပါစေ…………။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hello, gentalman I upvoted you
please upvoted me
https://steemit.com/esteem/@mghan/kymyakhng-esao-ki-undefined-da2692d41530d

Thank you

အကိုအောက်ထိ vote ဖို့ဆွဲချတာ ၁ရက်လောက်မှ vote နေရာရောက်တယ်