Electrical ShortsteemCreated with Sketch.

in myanmar •  7 years ago 

image

(၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်း၌
လူတစ်ဦး ဓာတ်လိုက်သေဆုံး

ပြင်​ဦးလွင်​မြို့နယ်​ လွန်ကောင်းကျေးရွာအုပ်စု၊
(၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်းမှ
လူတစ်ဦးဓာတ်လိုက်သေဆုံး၍
မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း 

ဆေးရုံကြီးမှ ပြင်​စာရဲစခန်းသို့ ဧပြီ ၄ ရက်​ ည ၉နာရီခွဲအချိန်​က
အကြောင်းကြားချက်အရ ပြင်စာရဲစခန်း
စခန်းမှူး ရဲအုပ်ဝင်းဗိုလ်နှင့် အဖွဲ့ဝင်များ၊
ပြင်စာကျေးရွာမှ ဦးချစ်ကိုကို၊ ဦးမောင်ချိုတို့နှင့်အတူ
မန္တလေးဆေးရုံကြီးသို့ သွားရောက်စစ်ဆေးရာ
(၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်းမှ
ဝန်ထမ်းဖြစ်သူ ချစ်ပို(၁၈)နှစ် တအုံကျေးရွာ၊
ဝက်လက်မြို့နယ်နေသူသည်​ ဓာတ်လိုက်ပြီး
လဲကျရာမှ ဦးခေါင်းနောက်စေ့ ဖူးရောင်ပေါက်ပြဲဒဏ်ရာဖြင့်
သေဆုံးလျက်ရှိကြောင်း ​တွေ့ရှိရသည်​။

ထို့​နောက်​ စခန်းမှူး ရဲအုပ်ဝင်းဗိုလ်နှင့် အဖွဲ့သည်
အခင်းဖြစ်နေရာသို့ သွားရောက်၍
ချစ်ပိုနှင့်အတူ အလုပ်လုပ်ကိုင်နေသူ ရဲဝင်းအောင် (၂၄)နှစ် (ဘ)ဦးအောင်မြင့်၊ မပတ(မမှတ်မိ)၊
(၆)မိုင် ရေလှိုင်းကမ္ဘာ အပန်းဖြေစခန်းနေသူအား
စစ်​​ဆေးမေးမြန်းရာ . . .

၎င်းနှင့်ချစ်ပိုတို့သည်
အပန်းဖြေစခန်းအတွင်း
အရှေ့ဘက်ရှိ အမြင့် (၂၀)ပေခန့် ကွန်ကရစ် ဓာတ်မီးတိုင်၏
(၅)ပေခန့်အမြင့်ရှိသည့် မိန်းဘုတ်ခုံကို
ရေမောင်းရန်အတွက် မီးခလုတ်ဖွင့်စဉ်
မီးကြိုးပြတ်နေသည့်အတွက် မီးကြိုးဆက်ရာ
လက်ဖြင့် မီးကြိုးအား ကိုင်မိပြီး ဓာတ်လိုက်၍
လမ်းပေါ်သို့ နောက်ပြန်လန်ကျပြီး
(၁)လက်မခန့် ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့်
မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးကာ
ဆေးကုသခံမှုနေစဉ် သေဆုံးကြောင်း စစ်​​ဆေးသိရှိရသည်​.

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  7 years ago Reveal Comment

WARNING - The message you received from @mamunsardar is a CONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!
For more information, read this post: https://steemit.com/steemit/@arcange/virus-infection-threat-reported-searchingmagnified-dot-com
Please consider to upvote this warning if you find my work to protect you and the platform valuable. Your support is welcome!