အမုန်းတို့ဖြင့် စတင်သောအချစ်
"မင်းကို ငါဘဝမှာ အမုန်းဆုံးဘဲ …
ခြယ်မုန်းရံ …ငါသူငယ်ချင်းကို မင်းသက်ခဲ့တာ …"
"ဟင်အင်း …ခြယ်…မသက်ဘူး "
သူမ အားကုန်ရုန်းရင်း အမှောင်ကမ္ဘာ ထဲမှ ကုန်းထလိုက်သည်။မျက်ဝန်းထဲမှာ
မျက်ရည်စများစွာနှင့်။
အိမ်မက်ထဲမှာတောင် မင်းလက်ယာရဲ့
စွတ်ဆွဲချက်တွေ့က ပြင်းထန်လှသည်။
သူမ ပတ်ဝန်ကျင်ကို ကြည့်လိုက်တော့
မှောင်မည်းနေလျှက်……။
သူမ မင်းလက်ယာ နှင့် စကားများပြီး
ထို့နေရာလေးမှာပင် …ထိုင်၍ ငိုရှိုက်
နေရင်း နှင့် အိပ်ပျော်သွားခဲ့သည်။
"အခုချိန်ထိ …မင်းလက်ယာ …ပြန်မရောက်သေးဘူးလား ……"
ခြယ် …တွေးရင်း မှောင်မှောင်မည်းမည်း ထဲမှာပင် ထရပ်၍ မီးခလုတ်ကို လိုက်စမ်း
ရင်း ရှာ၍ ဖွင့်လိုက်သည်။
တစ်အိမ်လုံး လင်းထိန်သွားသည် အချိန်မှာ ခြယ်……နာရီကို လှမ်းကြည့်
လိုက်သည်။
နာရီလက်တံက 10: 45 ကို ညွှန်ပြနေ
သည်။
သူမ နာရီလေးကို ငေးစိုက်ကြည့်နေရင်း
မှ ဆိုဖာပေါ် ထိုင်လိုက်ရင်း မင်းလက်ယာ
ကို စောင့်နေမိသည်။
ထိုင်စောင့်နေရင်းနှင့် အတွေးတွေ့က ဟိုအတိပ်ကို ပြန်ရောက်သွားသည်။
"ခြယ် ……နင် နောက်ကို ဟိုလူ တကောက်ကောက် လိုက်နေသလိုဘဲ…"
ခြယ်က အအေးသောက်မပျက်ဘဲ မင်းခေတ် …စကားကို …အေးစက်စွာ
ဖြင့် ……
"သိသားဘဲ ………''
"နင်သိနေတာလား ခြယ်……ဒါဆို …"
"အရူးကောင်…တစ်လွဲတွေးမနေနဲ့ …
သူဘာသာ နောက်က အရိပ်လို့ လိုက်နေတာ …"
"နင် ဘယ်လို ဆုံးဖြက်ထားလည်း…"
"ဘာကိုလည်း ………"
"မိန်းကလေး တစ်ယောက်နောက်ကို ယောကျာ်းလေးတစ်ယောက်က…အရိပ်
လို့ လိုက်နေတာက အချစ်ရေးအပြင်
ဘာရှိသေးလို့လည်း …"
မင်းခေတ် စကားကို ခြယ်ဟာသ တစ်ခုကို
ရီမောလိုက်ရင်း ………
" ဒါဆို မုန်းတီးပြီး လက်စားခြေချင်လို့
နောက်က အရိပ်လို့လိုက်တဲ့သူတွေ့
ကျတော့ရော ………"
''စကားကို ကပ်သက်ပြီး
ပြောနေတယ်…မိခြယ်…
ငါလူကဲခက် အဲဒီ
လောက်တော့ မညံသေးပါဘူးဟ…
အဲဒီလူရဲ့ မျက်ဝန်းထဲမှာ တွေ့နေရတာ
တွေ့က အချစ်လား အမုန်းလား ဆိုတာ
တော့ ငါသိပါတယ်…ခြယ်ရယ်"
"အဲဒီတော ဘာဖြစ်လည်း ……"
"ဟို …ငါပြောချင်တာက နင်သူကို ဘယ်လို စဉ်းစား ……"
ခြယ် ……မင်းခေတ် စကားမဆုံးခင် လက်ကာပြ၍ …
" ငါ အချစ်ရေးကိစ္စကို စိတ်မဝင်စားဘူးလို့ ပြောတယ်လေ…"
"ဒါဆို နင်သူကို အရင်က လူတွေ့လိုဘဲ
ငြင်းမယ်ဆိုတဲ့ သဘောလား "
"အဲဒီအပြင် ဘာရှိရမှာလည်း …"
မင်းခေတ်မျက်နှာမှာ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ခြယ်ဟာ ပန်းလေး တစ်ပွင့်ဖြစ်မယ်ဆို သူက ကိုယ်ရံတော်။
သူကိုယ်တိုင် ခူးခွင့်လည်းမရှိ…
တစ်ခြားသူလက်ထဲ ရောက်သွားမှာကို ကြောက်နေခဲ့သူ ……။
" အဲဒါ ငါသိပ်ချစ်တဲ့ ငါသူငယ်ချင်း
အလင်းရောင်ဘဲ …မင်းကြောင့်
သူသေသွားခဲ့ရတာ ခြယ်မုန်းရံ…"
"မင်းက ရက်စက်တဲ့ မိန်းမ …မင်းက
မယာများတဲ့မိန်းမ ……"
သူမ မျက်ဝန်းများကို မှိတ်ပစ်လိုက်သည်။
မင်းလက်ယာရဲ့ စွပ်ဆွဲသံတွေ့ကို သူမ
မကြားလိုတော့ ……။
ုခြယ် ……နာရီကို လှမ်းကြည့်လိုက်
တော့ …… " 12 : 11 "
သူမ မင်းလက်ယာကို ထိုင်စောင့်နေရင်း နှင့်ပင် မျက်ခွံများ လေးလံလာပြီး တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
……………………………………
"အား ……ကျွတ် …ကျွတ်…"
မင်းလက်ယာ…အိပ်ရာမှ နိုးလာတော့
မင်းထက်တို့ အိမ်ရောက်နေသည်။
သူ အိပ်ရာထပ်မှ ထထိုင်လိုက်သည်။
"ကျွတ်……ညက သူမူးပြီး မှောက်သွား တယ် ထင်တရ် …။
"ဘယ်လို့လည်း …ဟျောင့်…ခေါင်းကိုက် နေတုန်းဘဲ
လား ……"
မင်းထက်က သူဆီလျှောက်လာကာ
ရေခွက်ကို ကမ်းပေးသည်။
မင်းလက်ယာ …မင်းထက်ပေးသည် ရေခွက်ကို မော့သောက်လိုက်ရင်း……
"ဘာမှ မဖြစ်ဘူး …အဆင်ပြေပါတယ်
ကွာ ……ဒါနဲ့ ညက ဒီကို ဘယ်လို့ရောက်လာတာလည်း…"
"မင်းအရက်တွေ့ အရမ်းမူးပြီး မှောက်နေ
လို ငါခေါ်လာခဲ့တာ …မင်းကို အိမ်ပြန်ပို့ပေးဖို့ ငါစီစဉ်ပါသေးတယ်
မင်းက မသွားချင်ဘူး ပြောနေလို့"
"…ကျေးဇူးဘဲကွာ …"
သူဆံပင်များကို ထိုးဖွရင်း ပြောလိုက်သည်။ တစ်ကယ်ဆို သူညက
ဘာတွေ့ပြောခဲ့မှန်း သူမသိတော့။
"ဘယ်နှစ်နာရီ ထိုးပြီလည်း မင်းထက်…"
မင်းထက်က လက်မှနာရီကို တစ်ချက်
ကြည့်လိုက်ရင်း ……
"6ခွဲ ………"
"ကျွတ်……"
ဒီနေ 8 နာရီ ကုမ္ပဏီမှာ အစည်းအဝေး
ရှိ၍ ည ( 6 )နာရီတွင် မိုးထက်အာကာ
ကုမ္ပဏီ၏ (6)နှစ်ပြည့် ဧည့်ခံပါတီပွဲ့ တစ်ခုကို တက်ရောက်ရမည် ဖြစ်သည်။
မင်းလက်ယာ မင်းထက်တို့ အိမ်မှာပင်
ကိုယ်လက်သန့်စင်၍ ………
"ငါဒိုးတော့မယ် …ဟျောင့် …နောက်မှ
ဆုံမယ် …ဒီနေ ကုမ္ပဏီမှာ အစည်းအဝေး
ရှိလို………"
"အိုကေ ………"
သူ မင်းထက်ကို လက်ပြ နှုတ်ဆက်၍
ထွက်လာခဲ့ချိန်တွင်………
"ဟျောင့် …လက်ယာ …ငါပြောတာ
ကို မမေ့နဲ့နော် ။ ခြယ်မုန်းရံ အပေါ်
မှာထားရှိတဲ့ မင်းရဲ့ အမုန်းတွေ့ ဖျောက်သင့်တရ်……"
သူ မင်းထက်စကားကို မကြားချင်ယောင်
ဆောင်၍ ထွက်လာခဲ့ပေမယ် သူနားထဲ
မှာတော့ မင်းထက်စကားတွေ့က အထပ်ထပ်……။
"ကျွတ်……သွားစမ်းပါ…ခြယ်မုန်းရံ
ဆိုသည် မိန်းမကို ခွင့်လွှတ်ရမည်တဲ့
လား ………"
…………………………………
မင်းလက်ယာ ခြဲထဲကို ဝင်လာသည်
အထိ အိမ်ကြီးက တိတ်ဆိပ် နေသည်။
သူ အိမ်ထဲကိုရောက်တော့ ဆိုဖာပေါ်
မှာ မှီထိုင်လည်း အိမ်မောကျနေသည်
ခြယ်ကို တွေ့လိုက်ရသည်။
သူမ သူကို ညက တစ်ညလုံး ဒီဆိုဖာ ပေါ်မှာ ထိုင်ရင်း စောင့်နေခဲ့တာလား……။
အတွေးစတို့နှင့်အတူ ဘာရယ်မဟုတ် ခြယ်မုန်းရံကို ဖျက်ခနဲ့ ငေးစိုက်
ကြည့်မိသည်။
နက်မှောင်ပြီး ပြောင်အိနေသည် ဆံနွယ်
ပျော့ပျော့လေးတွေ့က ပခုံးနှစ်ဖက်ပေါ်
မှာ တစ်ချို့တစ်ဝက်က မျက်နှာထက်
ဝဲကျနေသည်။
မှိတ်ထားသည် မျက်ဝန်းထက်မှာ မျက်တောင်ရှည့်က ကောပျံစွာ။ ဖြောင်စင်းနေသည် နှာတံလေး နှင့်အတူ
နုအိပြီး ပန်းနုရောင် သမ်းနေသည် နှုတ်
ခမ်းလေးက လိုက်ဖက်စွာ ……။
ဘာရယ်ကြောင့်မှန်း မသိ ခြယ်မုန်းရံကို
သူ သတိလက်လွှတ် ငေးကြည့်နေမိသည်
မှာ မျက်နှာလွဲလိုက်ဖို့ သတိမရ။
ဖျက်ခနဲ့ သူအတွေးထဲ ဝင်လာသည်က
သူငယ်ချင်း အလင်းရောင်။
အလင်းရောင် ချစ်ခဲ့သည် မိန်းကလေး
က ဒီလို့ပုံစံလား …။
ကလေးတစ်ယောက် လို့ အပြစ်ကင်းစွာ
အိမ်ပျော်နေသော ခြယ်မုန်းရံကို ကြည့်ပြီး မင်းလက်ယာ ဒေါသတစ်ကြီး ပခုံး
နှစ်ဖက်ကို ကိုင်ကာ လှုပ်ခက်နိုးလိုက်
သည်။
"ခြယ်မုန်းရံ ……ခြယ်မုန်းရံ……"
"ဟင် ………"
ခြယ်တစ်ယောက် အိပ်ပျော်နေရာမှ မင်းလက်ယာရဲ့ လှုပ်ခက်နိုးမူကြောင့်
သူမ မျက်လုံးလေးများ ပွင့်လာပြီး
ရုတ်တရပ် ထရပ်လိုက်သည်။
ခြယ်တစ်ယောက် တစ်ညလုံး ဆိုဖာပေါ်
မှာ ထိုင်လျှက် အိပ်ပျော်နေခဲ့သည်
ဖြစ်သောကြောင့် ရုတ်တရက် ထရပ်လိုက်
ချိန်တွင် သူမ ခြေထောက်က ကျင်နေခဲ့
သည်။
"အမေ့ ………''
သူမ ကိုယ်လေး ယိုင်ခနဲ့ ဖြစ်သွားကာ
မင်းလက်ယာ ရင်ခွင်ကြီးထဲ ယိုင်ကျသည်။
ရုတ်တရက်မို့ ဆွဲဖက်လိုက်သည်
မင်းလက်ယာ လက်က ခြယ်ခါးပေါ်မှာ။
မင်းလက်ယာ မျက်နှာ နှင့် ခြယ်မျက်နှာ
လေး နှစ်ခုက နီးကပ်စွာ ။ နှုတ်ခမ်းလေး
နှစ်ခုက ထိလုမတက်။
ခြယ်…သူမကို ငေးစိုက်ကြည့်နေသော မင်းလက်ယာကို ငေးမောကြည့်နေရင်းမှ
မျက်နှာလွဲ လိုက်ကာ သူရင်ခွင်ထဲမှ
ရုန်းထွက်လိုက်သည်။
"ဟို ……ကျွန်မ ………"
မင်းလက်ယာက အပြုံးအရီ မရှိသည် မျက်နဖြင့် ခြယ်ကို ကျောခိုင်းကာ
အိမ်အပေါ် တက်သွားသည်။
ဧည့်ခန်းအလယ်လေးမှာ တစ်ယောက်တည်း ရပ်၍ ကျန်နေခဲ့သူက
ခြယ်………။
…………………………………
မင်းလက်ယာ ကုမ္ပဏီ သွားရန် အားလုံးပြင်ဆင်ပြီး
အောက်ထပ်ဆင်းလာတော့ ခြယ်မုန်းရံကို မတွေ့ရ။
မင်းလက်ယာ ထမင်းစားခန်းထဲ ဝင်လာခဲ့သည်။
" ခြယ်မုန်းရံ ………"
ခေါ်သံကြောင့် သူမ မနပ်စာပြင်ဆင်နေ
ရာမှ လှည့်ကြည့်လိုက်သည်။
" မနပ်စာ ပြင်လို ပြီးပါပြီ ……"
သူမကို မင်းလက်ယာက မနပ်စာပြင်လို
ပြီးပြီလားဟု မေးမည်ဟု ထင်၍ သူမ
မင်းလက်ယာ ဘာမှ မပြောရသေးခင်
အမြန်ဖြေလိုက်သည်။
"ကျွတ် ………"
မင်းလက်ယာ မျက်နှာကို မဲ့လိုက်ပြီးမှ
ခြယ်…ပြင်ဆင်ထားသည် ကော်ဖီ ခွက်ကို
တစ်ချက်ကြည့်ကာ ကောက်ယူ မော့
သောက်လိုက်သည်။ ပြီးမှ……
" ညနေ (6)နာရီ ပါတီပွဲ့ရှိတယ်…မင်းပြင်ဆင်ထားပါ ……"
"ရှင် ……
သူမ မျက်လုံးလေး ပြူး၍ မင်းလက်ယာကို မော့ကြည့်လိုက်ရင်း ………
" ခြယ် …ခြယ် မလိုက်လို့မရဘူးလား…"
"မရဘူး …မင်းလိုက်မှ ဖြစ်မှာ…အဲဒီပွဲ့
က အရေးကြီးတယ်…သတင်းထောက်
တွေ့လည်း လာကြမှာ …"
"အဲဒါ …ခြယ်နဲ့မှ မဆိုင်တာ …
ခြယ် မလိုက်ချင်ဘူး…"
"ဆိုင်တယ် ။ မင်းက ငါမိန်းမလေ…
…မင်းမလိုက်ချင်ဘူးဆို ငါက
ပိုတောင် ခေါ်ချင်သေးတယ်…(6)နာရီ
ကို သေခြာပြင်ဆင်ထားပါ……"
"ခြယ် ……………"
"ဒီမှာ ငါဘာမှ ထပ်မကြားချင်တော့ဘူး
…မင်းသိထားဖို့က ငါပြောသလို့လုပ်
ဖို့ဘဲ………"
မင်းလက်ယာက ဒေါသတစ်ကြီး ပြောရင်း
ထွက်သွားသည်။
ခြယ်…ထို့နေရာလေးမှာ ခြေစုံရပ်၍
ကျန်ခဲ့ရင်း …မင်းလက်ယာကို စိတ်ထဲမှ
မေတ္တာပို့နေမိသည်။
" မိခြယ်ရေ နင် ဒီအရူး လက်ထဲမှာ ဝဋ်ကြွေး ရှိသမျှတော့ခံလိုက်အုံးပေါ့… ဟူးးးးးး…"
ခြယ်… သက်ပြင်းချရင်း ညည်းညူးလိုက်သည်။
……………………………………
မင်းလက်ယာ တစ်ယောက်…ကုမ္ပဏီ ရောက်သည် အထိ အတွေး
ထဲမှာ တစ်ဝဲလည်လည် ဖြစ်နေတာက
မနက်က အဖြစ်အပျက်…နှင့်အတူ
ခြယ် ပုံရိပ်များစွာ…။
"ဟူး ……ငါဘာဖြစ်နေတာလည်း…
ညက အရက်သောက်တာဘဲ များသွား
လို့လား ……ဒါမှ မဟုတ် ခြယ်မုန်းရံ
ကို ငါ……………"
သူ ခေါင်းခါယမ်းရင်း အတွေးစကို ချက်ခြင်း ဖြက်တောက်
ပစ်လိုက်သည်။
"မဖြစ်နိုင်တာ ……ခြယ်မုန်းရံနဲ့
ပတ်သက်ပြီး ငါဆီမှ အမုန်းတွေ့ဘဲ ရှိတယ်……သူကြောင့် ငါသူငယ်ချင်း
သေခဲ့ရတာ ………"
"ဆရာ ……အစည်းအဝေးပွဲ့ စဖို့ အချိန်ရောက်ပါပြီ…"
"အိုကေ ……"
မင်းလက်ယာ လက်ကာပြလိုက်ပြီး ထရပ်
လိုက်သည်။
ခြယ်မုန်းရံ နှင့် ပတ်သက်သည် အတွေးစ
ကို သူဖြက်ပစ်လိုက်ပေမယ်…သူရင်ခုန်
သံတွေ့ ပြောင်းလဲလာမှာကိုတော့ ဖြက်ပစ်လို မရဘူး ဆိုတာ မင်းလက်ယာ
သိခဲ့မည်ဆိုလျှင်…………။
………………………………
"ကလင်……ကလင်……"
ခြယ် ……ပါတီပွဲ့သွားရန်အတွက်
ပြင်ဆင်နေရာမှ အိမ်ဖုန်းက လာနေသော
ကြောင့် သူမ ကိုင်လိုက်သည်။
"ဟလို……"
" ခြယ်မုန်းရံ ………မင်းပြင်ဆင်လို
ပြီးပြီလား ……အခုအိမ်အပြင်ကို ထွက်ခဲ့တော့ ……"
"ဟို……………"
"အခုချက်ချင်းထွက်လာခဲ့ …"
ခြယ်……ဘာမှပင် ထပ်မပြောရသေး တစ်ဖက်မှ ဖုန်းချသွားသည်။
"ကျွတ် ……"
ခြယ် ……ဖုန်းကို ပစ်ချလိုက်ပြီး အိမ်ရှေ့
ထွက်လာခဲ့သည်။
အနက်ရောင် ဂါဝန်ရှည် ခါးစည်းလေး
နှင့် သူမပုံစံက လှတာထက် ချစ်စရာ
ကောင်းနေသည်။ ပခုံးလောက် ရှိသည် ဆံနွယ်လေးကို ဒီအတိုင်း ဖြန့်ချထား
သည်က သူမ မျက်နှာနှင့် လိုက်ဖက်စွာ။
မင်းလက်ယာရဲ့ ကားလေးက ခြံရှေ့မှာ
ရပ်လျှက် ရှိသည်။
သူမ…ကားနားကို လျှောက်လာခဲ့
ပြီး …ကားနောက်တံခါးကို ဆွဲဖွင့်
လိုက်သည်။
" ဒီမှာ ငါကို မင်းရဲ့ ဒရိုက်ဘာများ
မှတ်နေတာလား …အခုအရှေ့ကိုလာ
ထိုင်……"
ခြယ်……သူမမြင်အောင် မျက်စောင်း
တစ်ချက်ထိုး၍ ကားအရှေ့ခန်းမှာ ထိုင်လိုက်သည်။ သူမ မင်းလက်ယာ
ဘေးမှာ ဝင်ထိုင်ပြီးသည်နှင့် စံတော်အိမ်ရှေ့မှ ကားလေး
မောင်းထွက်ခဲ့သည်။
"တွေ့ရတာ ဝမ်းသာပါတယ်… ကိုမင်းလက်ယာ "
"ဟုတ်ကဲ့ …ကျွန်တော်ကလည်း ဝမ်းသာ
ပါတယ် ကိုအာကာ…"
ကိုအာကာဆိုသည် လူက ဂါဝန်အနက်ရောင်လေးဖြင့် လှပနေသည်
ခြယ်ကို တစ်ချက်ကြည့်ရင်း ……
"သူက …ကိုလက်ယာရဲ့ မဟေသီလား"
"ဟုတ်ပါတယ် …ကိုအာကာ …"
"တွေ့ရတာ ဝမ်းသာပါတယ် ။ မင်္ဂလာဆောင်တုန်းက ကျွန်တော်က
US ရောက်နေလို့ မလာဖြစ်ခဲ့ဘူး…
တောင်းပန်ပါတယ်…"
"ရပါတယ်…ကိစ္စမရှိပါဘူး …ကိုအာကာ"
ထို့အချိန်တွင် ……သူမတို့ အနီးကို
ဓာက်ပုံဆရာများ ရောက်လာ၍ …ဓာက်ပုံများ တဖြက်ဖြက် ရိုက်ယူနေကြ
သည်။
မကြာပါ…မင်းလက်ယာ နှင့် ကိုအာကာ
တို့က အခြားဝိုင်းမှ စီးပွားရေး လုပ်ငန်း
ရှင်ကြီးများဖြင့် စကားပြောနေကြ
သည်။
ခြယ်တစ်ယောက်တည်း ယောင်လည်ယောင်လည် ဖြစ်နေသည်။
သူမအတွက် ဒီလိုပွဲ့မျိုး တက်ဖူးတာ
ပထမဆုံးအကြိမ်မဟုတ်ပေမယ်
ဒီပွဲ့မှာတော့ သူမ နှင့် သိသည် လူက
တစ်ယောက်မှ မရှိ။
မီးရောင်စုံတွေ့ ကြားထဲ ဆူညံနေသည်
လူတွေ့ ကြားထဲမှာ ခြယ်ခေါင်းတွေ့
ရှုပ်လာခြင်း နှင့်အတူ အားငယ်လာမိ
သည်။
မင်းလက်ယာကို လှမ်းကြည့်တော့လည်း
သူအနားမှာ လူတွေ့က ဝိုင်းကာဖြင့်
စကားပြော မပျက်။
ထို့စဉ် သူမကို ဘယ်သူက ပစ်တိုက်သွား
မှန်း မသိဘဲနဲ့ သူမကိုယ်လေး ယိုင်ပြိုလဲ
သွားသည်။
"ဟာ ………"
ထို့မြင်ကွင်းကို မြင်လိုက်ရသောကြောင့် မင်းလက်ယာ ခြယ်မုန်းရံဆီ အပြေးလေး
သွားရန် ပြင်လိုက်စဉ်………
ခြယ်မုန်းရံ ကိုယ်လေး ပစ်မလဲခင် အချိန်မှီ လှမ်းထိန်းပေးလိုက်သူက မင်းခေတ် ……။
"ဟင် …………"
"နင်အဆင်ပြေရဲ့လား …ခြယ်"
"ဟို…ပြေ…ပြေပါတယ်……"
သူမ မင်းခေတ် လက်ထဲမှ ရုန်းထွက်ရင်း
ပြောလိုက်သည်။
ထို့မြင်ကွင်းကို အစအဆုံး ကြည့်ရင်း
မင်းလက်ယာ ဒေါသထွက်နေမိသည်…။
"တောက်……… "
သူ ခြယ်မုန်းရံကို အချိန်မှီ ပြေးမထိန်း နိုင်
ခင် ထို့ကောင်က ကြားဖြက်သွားခြင်း။
မင်းလက်ယာ သူနှင့် စကားပြောနေသည်
သူတွေ့ကို နှုတ်ဆက်၍ ခြယ်မုန်းရံတို့ ဆီကို လျှောက်လာခဲ့သည်။
"ခြယ်မုန်းရံ ………"
"ဟင်……ရှင်……"
သူကို မြင်လိုက်ရ၍ မျက်လုံးလေး
ပြူးကာ အံသြနေသော ခြယ်မုန်းရံကို
ခါးလေးကနေ ဆွဲ၍ ဖက်လိုက်ပြီး…
မင်းခေတ်ကို ရိတိတိပြုံးပြ၍ ……
"ဆုံကြပြန်ပြီနော် မင်းခေတ်…"
"တွေ့ရတာ ဝမ်းသာပါတယ် မင်းလက်ယာ
………"
မင်းခေတ်က မင်းလက်ယာကို ပြုံးပြ၍
လက်ကမ်းပေးသည်။နှုတ်ခမ်းက ပြုံးနေပေမယ် အကြည့်တွေ့က စူးရဲကာ
ခက်ထန်နေသည်။
မင်းလက်ယာက အေးစက်စွာပင် လက်ပြန်ကမ်းပေးလိုက်သည်။ လက်ဆွဲ
နှုတ်ဆက်ချိန်မှာ နှုတ်ခမ်းတွေ့က ပြုံးနေ
ကျပေမယ် …မျက်ဝန်းအကြည့်တွေ့က
နှစ်ယောက်လုံး စူးရဲကာ ခက်ထန်နေသည်။
အချိန်အတန်ကြာမှ လက်တွဲဖြုတ်လိုက်
ကြပြီး ခြယ်ကို ပြိုင်တူ ကြည့်ကြသည်။
ထို့နောက် မင်းလက်ယာကပင် စတင်၍
ခြယ် …ခါးလေးကို ပိုင်ပိုင်နိုင်နိုင် ဖက်ထားရင်း ………
"သွားကြစို့ မုန်း…ကိုယ်တို့ တစ်ခြားလူ
တွေ့ကို လိုက်နှုတ်ဆက်ရအောင်…"
သူမ မင်းလက်ယာ ဆွဲခေါ်ရာနောက်ကို
ပါလာခဲ့သည်။ မင်းခေတ်က ထို့နေရာ
လေးမှာ ခြေစုံရပ်၍ ကျန်ခဲ့သည်။
"ရှင် …ကျွန်မ ခါးပေါ်က ရှင်လက်ကို
ဖယ်စမ်းပါ………"
ခြယ်မုန်းရံ သူလယ်ကို ဖယ်ချလိုက်သည်။
သို့သော် မင်းလက်ယာက ပိုး၍ တိုးဖက်ရင်း ……
" ခုနက ဟိုအကောင် ရင်ခွင်ထဲမှ တုန်းက ဒီလိုပုံစံ မဟုတ်ဘူးနော်……"
"ရှင်…ပေါက်ကရမပြောနဲ့နော်။ ခုနက
ကျွန်မ လဲကျမလို့ ဖြစ်သွားလို သူက
လှမ်းထိန်းပေးတာ ……"
"သိပ်လှတဲ့ အကွက်တွေ့ဘဲ …လူအများ
ကြားထဲမှာ လဲကျသွားတဲ့ မင်းကို လှမ်းထိန်းလိုက်တဲ့ သူက ဟိုအကောင်ဖြစ်
နေတာကတော့ ထူးဆန်းထွေလာဘဲ…"
"ရှင် ……။
ခြယ် စကားရပ်တန့်သွားသည်။အဘယ်
ကြောင့် ဆိုသော သူမတို့ အနီးကို
လူတစ်ယောက် ရောက်လာသောကြောင့်
ဖြစ်သည်။
"ကိုမင်းလက်ယာ ခင်ဗျ…စုံတွဲပုံလေး
တစ်ပုံလောက် ရိုက်ခွင့် ပြုနိုင်မလား"
မင်းလက်ယာ ခဏရပ်နေရင်းမှ
သူတို့ကို အဝေးတစ်နေရာမှ အကဲခက်နေသော မင်းခေတ်ကို လှမ်း
ကြည့်ကာ ………
"ရပါတယ်ဗျ……ရိုက်ပါ …ရိုက်ပါ……"
မင်းလက်ယာက ထို့လူများကို
ပြုံးရီရင်း ပြောသည်။
"ဒီလို့လေး နေပေးရမလား ခင်ဗျ…"
မင်းလက်ယာက ခြယ်ပခုံးလေးကို ဖက်ကာ ပြောသည်။
"အိုကေ ……ကျေးဇူးပါဗျ……"
ထို့လူက ကျေးဇူးတင်စကားပြောရင်း
ဓာက်ပုံများကို တဖျက်ဖျက်ရိုက်ယူသည်။
ခြယ် …မင်းလက်ယာ ဖက်ထားသည်ကို
မသိမသာ ရုန်းရင်း ………
"ရှင်…ဒါ တမင်သက်သက်လုပ်နေတာ
မဟုတ်လား …မင်းလက်ယာ"
မင်းငြိမ်ငြိမ်နေသင့်တယ်နော်
တော်ကြာ ဓာက်ပုံထဲမှာ မင်းရဲ့ မလှမပပုံ ပါသွားအုံးမယ်……"
"ရှင်………အရူးကောင်……"
ခြယ် …စကားဆုံးအောင်ပင် မပြောလိုက်ရ။ မင်းလက်ယာက သူမ
ကိုယ်လေးကို ပို၍ ထိုးဖက်လိုက်ပြီး
သူရင်ခွင်ထဲ ခြယ်ကို ဆွဲသွင်းလိုက်သည်။
ခြယ် နှင့် သူကိုယ်လေး ထပ်တူကျသွား
ချိန်မှာ ထွက်ပေါ်လာသည် ရင်ခုန်သံ
နှစ်ခုက တူညီနေမလား ဆိုတာတော့
………………။
part- 9မျှော်
Enjoy the vote and reward!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
great content! and thanks again for following!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
This post has received a 0.63 % upvote from thanks to: @aungminthet.
For more information, click here!!!!
Send minimum 0.010 SBD to bid for votes.
Before sending a transfer to @minnowhelper, verify that your publication meets these conditions (http://www.minnowhelper.com/conditions.php). After the transfer is made, no claims will be received.
The Minnowhelper team is still looking for investors (Minimum 10 SP), if you are interested in this, read the conditions of how to invest click here!!!
ROI Calculator for Investors click here!!!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit