ကျွန်​​တော်​​နှင့်​ပြင်​ဦးလွင်​တန်​​ဆောင်​တိုင်​ အပိုင်း (၂)

in myanmar •  7 years ago  (edited)

image
စာ​ရေးသူတို့ ရထား​ပေါ်တွင်​ အိပ်​စက်​ရင်းလိုက်​ပါလာကြပါသည်​။ နံနက်​​စော​စောတွင်​ မန္တ​လေးမြို့သို့ ​ရောက်​ရှိလာကြပါသည်​။ ရထား​ပေါ်မှ ဆင်းလာကြကာ မဟာမြတ်​မုနိဘုရားသို့ ဖူး​မျှော်​ရန်​အတွက်​ ထွက်​လာကြပါသည်​။ သို့​သော်​ လမ်း​လျှောက်​ရာမှ ဗိုက်​ဆာလာ၍ မဟာမြတ်​မုနိဘုရားမုဒ်​၀​ရှေ့တွင်​ မုန့်​ဟင်းခါးစားကြ​လေသည်​။ image
image
image
စား​သောက်​ကြပြီး​နောက်​ ဘုရားဖူးရန်​အတွက်​ ထွက်​လာပါသည်​။ စာ​ရေးသူတို့​ရောက်​လာချိန်​တွင်​ မဟာမြတ်​မုနိဘုရားကို နံနက်​စော​စောတွင်​ မျက်​နှာ​တော်​သစ်​​နေသည့်​ အချိန်​နှင့်​ကြုံဆုံရ၍ နယ်​​ဝေမှလာ​သော စာ​ရေးသူတို့အဖို့မှာ မမြင်​ဖူး၍ ကြည့်​​နေရပါသည်​။ ထို့​နောက်​ ဘုရားဖူးကြပါသည်​။ ထို့​နောက်​ အမှတ်​တရဓာတ်​ပုံများလည်းရိုက်​ခဲ့ကြပါ​သေးသည်​။ ထို့​နောက်​ စာ​ရေးသူတို့အဖွဲ့လည်း ပြင်​ဦးလွင်​သို့ သွားရန်​ ကားဂိတ်​ဆီသို့ ထွက်​လာကြပါသည်​။
ကားဂိတ်​​ရောက်​​သောအခါ ကားခများရှင်းပြီးသည့်​နှင့်​ ကားစတင်​ထွက်​ခွာလာပါသည်​။ မန္တ​လေးမှအထွက်​မကြာခင်​ပဲ တစိမ့်​စိမ့်​​အေးလာရကာ စာ​ရေးသူတို့အဖို့အသီးသီးအ​နွေးထည်​၀တ်​ကြရပါသည်​။ မကြာမီ စာရေးသူတို့အဖွဲ့သည်​ ပြင်​ဦးလွင်​သို့​ရောက်​ရှိလာကြပါသည်​။ image

ထို့​နောက်​ မမိုးအိ၏ အစ်​မဖြစ်​သူလာအကြိုကို ​စောင့်​​နေရပါသည်​။ မကြာမီ ​ရောက်​လာ၍ တည်းခိုရန်​​နေရာသို့ သွား​ခဲ့ပါသည်​။ စာ​ရေးသူတို့တည်းခိုရန်​​နေရာရှာမရ​သေး၍ မမိုးအိအစ်​မ​နေထိုင်​ရာအိမ်​သို့ ​ခေတ္တနား​နေကြ​သေးည်​။ ထိုအစ်​မ​နေ​သော​နေရာသည်​ စစ်​တပ်​၀င်းကြီးတစ်​ခုဖြစ်​ပါသည်​။ တိတ်​ဆိတ်​ကာ ​နေပါသည်​။ ထို့​နောက်​ အစားအစာ စားသောက်​ရန်​အတွက်​ ထွက်​လာကြပါသည်​။ ​ထမင်းစား​သောက်​ကြပြီး​နောက်​ မြို့ထဲသို့လည်​ပတ်​ကြပါသည်​။ image

မြို့ထဲတွင်​ မြင်းရထားလုံးများကို ​တွေ့ရပါသည်​။ စာ​ရေးသူမှာ မြင်းရထားလုံးစီးချင်​ပါ​သော်​လည်း ​နောက်​​နေ့မှစီးမည်​ဟု ​ပြောကြ၍ ​အောင့်​ကာ ​နေရပါသည်​။ ထို့​နောက်​ ​ဈေးများလှည့်​ပတ်​ကြ၍ ပုဝါများကို မမိုးအိခမျာ စာ​ရေးသူတို့ကိုလက်​​ဆောင်​အဖြစ်​ ၀ယ်​​ပေးပါသည်​။ အချိန်​ကာ နံနက်​၉နာရီခွဲရှိ​နေ​ပေမယ့်​ ​ကောင်းကင်​တွင်​ ​နေ ​ကို မမြင်​ရပါ။ ​ချမ်း​အေးရ၍ အ​နွေးထည်​များကို အားပြု​နေကြသည်​။ လက်​ဖက်​ရည်​​ကောင်းမ​ကောင်း သိ​အောင်​ ၀င်​​သောက်​ကြည့်​၍ လက်​ဖက်​ရည်​မှာ အာရသာရှိလှပါသည်​။ ​ရေ​နွေးပူပူကိုမူ အပူမ​လောင်​​အောင်​ မမှုတ်​​ရဘဲ ​သောက်​​သောက်​ရ​သေးသည်​ကိုက နံနက်​ပိုင်းကို အလွန်​ချမ်း​အေးလို့ဖြစ်​ပါသည်​။
image
စား​သောက်​လည်​ပတ်​ကြပြီး၍ ပြန်​လာကြပါသည်​။ ထို့​နောက်​ ခဏနားကာ အ​မောဖြေ​နေကြပါသည်​။ ​နောက်​​နေ့ညတွင်​ တန်​​ဆောင်​တိုင်​မီးထွန်း၍ မီးပုံးလှများ အပြိုင်​အဆိုင်​ လွှတ်​တင်​ပွဲကိုမူ သွားကြည့်​ရန်​အတွက်​ အားခဲထားကြ​လေသည်​။ အပိုင်း(၃)​မျှော်
အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။
aungmyothu 9:30 PM (MSC 053)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ပြင်ဦးလွင် တန်ဆောင်တိုင်တော့ တစ်ခါမှမရောက်ဖူးပါဘူး။ အပိုင်း (၃) စောင့်မျှော်နေပါမယ်။

ဘယ်တုန်းကသွားတာလဲ

ချက်​ချင်းမသိ​တော့ဘူး​ပေါ့

မသိလို့ပေါ့

လပ်​Bro

ပြင်​ဦးလွင်​ တန်​​ဆောင်​တိုင်​​တော့​ရောက်​ဖူးဘူး

ဒီနှစ်​လိုက်​လည်​ကြည့်​လိုက်​Bro

တန်ဆောင်တိုင်တော့လူအရမ်းရှုပ်တဲ့အတွက် တစ်ခေါက်မှ မရောက်သေးပါ

လူများတာ​တော့ ဟုတ်​တယ်​အစ်​ကို​ရေ့ ပြီး​တော့ တအားချမ်းတယ်

ဂွတ်ဘရားသား

သာအေး ကို ခေါ်ကြပါအုန်း

Good Post bro!

Thanks

good

Good writing

အားကျပါတယ်bro

မှတ်တမ်းဆန်နေတယ်သားရေ၊ ဘုရားရောက်တော့ဘာမှမခံစားရဘူးလား၊ ဘယ်သူ့ကိုသတိရသေးလဲ၊ ရထားလုံးကိုဘယ်သူနဲ့တွဲစီးချင်လဲ၊ နဲနဲတော့ကွန်ပေးဦးမှပေါ့၊ ကိုယ်ရေးတဲ့စာကိုယ်ဇွတ်လိုက်ပဲလေ၊ မလိုက်ချင်လဲလိုက်၊ လိုက်ချင်လဲလိုက်၊ ဇွတ်သာလိုက်ပစ်တော့၊ အပိုင်း(၃)မှာပြင်ဦးလွင်ရှုခင်းအလှနဲ့ စိတ်ထဲကလွမ်းမောတသမှုတွေကိုဖတ်မယ်။ စာကျကျန်တာလေးတွေတော့ရှိတယ်။