သြဂတ် ရဲ့ အတောမသတ်တဲ့ မိုးစက်တွေထဲ
ကယ်သူမဲ့ မိသားတစ်စု
အဖော်ပြုဖို့  လူဝေး ....
အိုမင်းတဲ့ ဝါးထရံကြားက
အိမ်ထောင်ဦး စီးဆိုတဲ့ငါ ။
ဒီရေအလား တရိပ်ရိပ်များလာနေတဲ့
နန့် အင်းကာဆိုတဲ့ ချောင်းနံဘေး
နွားလေးနဲ့ လယ်လုပ်ရင်း
မိသားစုဝမ်းစာ ရှာဖွေလို့ နေခဲ့ကြတာပါ။
ညိုးငယ်စိတ်ပျက် ဖျော့တော့တဲ့မျက်ဝန်းအစုံ
အိမ်သူနှင့်ချစ်သမီး သောကအပူမီးပွါးနေခဲ့တာကို
ငါ ဘယ်လိုဖြေငြိမ်းစေနိုင်မလဲ ။
မိုးမင်းရယ် အငြိုးမပြင်းပါနဲ့တော့
မိုးလင်းဖို့ ဝေးနေသေးသခိုက်မို့ 
ထိုးဆင်းနေတဲ့ ချောင်းရေကို
ထရံကြားက လျှပ်စီးနဲ့ မျှော်ကြည့်ရင်း
သက်ပြင်းကို အခါခါချ
ကိုယ်စီသောကတွေနဲ့ပေါ့ ။
ဒီတစ်နှစ်လယ်အောင်ရင် တို့ အိမ်ဆောင်ပြင်မယ်လို့ 
လယ်ကြီးသူအိပ်မက် ဒီတစ်ခါပျက်ပြန်ပေါ့။
ဆိုးညှစ်တဲ့ ဒီရေ ....ပျိုးစိုက်ခဲ့ဒီလယ်မြေလေး
နွံအတွင်းသက်ဆင်း ဝပ်စင်းလို့ သွားပြန်ပြီ ။
သြော် လယ်သမားဘဝ
ရှာစားဖို့  ရင်လေး ရှေ့တစ်နှစ်ပေါ့
ရှင်မရေ ခါတစ်လုံးမွေးကြဦးစို့ လေ။
@aungmyowin (Writer)
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
ဟုတ်ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော့်လယ်လေးက ချောင်းနံဘေး ဆိုတော့ သတိထားနေရတာပေါ့ဗျာ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးနေတယိဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks bro.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Nice Ko lay @aungmyowin
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit