"ပုဂံ" ဆိုတဲ့အသံကြားလိုက်တာနဲ့ တင် စိတ်ဟာလန်းဆန်းတက်ကြွလာတယ်။ သွားမယ် သွားကြမယ် ဆိုပြီးကျွန်တော်တို့ သူငယ်ချင်းတစ်စု ကြိုတင်စီစဉ်မှု့မရှိဘဲ ဆိုင်ကယ်တွေနဲ့ မုံရွာမြို့ မြစ်တစ်ဖက်ကမ်း ကြေးနီမိုင်းကနေ ညနေ ၅နာရီလောက် စတင်ထွက်ခွာလာကြတယ်။ကျွန်တော်တို့ဟာ တကယ်တော့ မန်းလေးကပါ။ ကြေးနီမိုင်းမှာ အလုပ်လာလုပ်ကြတာ။
ကျွန်တော်တို့ မုံရွာ-ပုသိမ်ကားလမ်းအတိုင်း ဆိုင်ကယ် နှစ်ယောက်တစ်ီးစီနဲ့ သုံးစီး ပျော်ရွှင်စွာ ခရီးနှင်ခဲ့ကြတယ်။ လမ်းဘေးဝဲယာမှာတော့ တောင်တန်းတွေက တစ်ဖက်တစ်ချက်မှာ ရှု့မျှော်ခင်းတွေကြည့်ရင်းပေါ့။ တစ်နာရီကျော်လောက်ကြာတဲ့အခါ လင်းကတော လမ်းဆုံကနေ ပခုက္ကူ ဘက်ကိုဖြတ်ထွက်ခဲ့ကြတယ်။ တော်တော်လေးကြာတော့ ရေစကြိုလမ်းဆုံရောက်တဲ့အခါ ထန်းသီးမုန့်လေးစားရင်းခနနားကြာတာပေါ့။ ဒါပေမဲ့ကြာကြာနားလို့လဲ မဖြစ်ဘူးလေ။ ဒီလမ်းကနေ ဒီလိုဆိုင်ကယ်နဲ့သွားဖူးတာ ပထမဆုံးဆိုတော့ နာရီဝက်လောက်ပဲ နားပြီးခရီးဆက်ခဲ့ကြတယ်။ ရေစကြို နဲ့ ပခုက္ကူ ကို မဝင်တော့ဘဲ မြို့ရှောင်လမ်းကနေ ခပ်သွပ်သွပ်လေးမောင်းခဲ့ကြတယ်။ တစ်နာရီခွဲလောက် မောင်းအပြီးမှာ ပခုက္ကူ တံတားကိုရောက်ခဲ့ကြတယ်။ တံးတားရောက်တော့ ခနတဖြုတ်နားပြီး အမှတ်တရ ဓါတ်ပုံရိုက်ကြတယ်။ prewadding ရိုက်နေတဲ့ စုံတွဲတွေ့တော့ တစ်ယောက်ကိုတစ်ယောက် လှမ်းစကြရင်း ဆက်မောင်းခဲ့ကတယ်။ အိုး... ပခုက္ကူတံတားကတောတော်ရှည်တာပဲဗျ တော်တော်ကြာအောင်မောင်းခဲ့ရတယ်။ မှောင်စလည်းပျိုးနေပြီဆိုတော့ ဂရဲုတစ်စိုက်နဲ့ မြန်မြန်ပဲမောင်းလာခဲ့တော့တယ်။
ပခုက္ကူ တံတားဆုံးတော့ လမ်းညွှန်ဆိုင်းဘုတ်ပြရာ ညောင်ဦးဘက်လိုက်ခဲ့တယ်။ ခနနေတော့ ဆိုင်ကယ် ဆီဖြည့်ဖို့ခနနားရင်း လမ်းမေးတော့ ပုဂံ ရောက်ဖို့ သိပ်မလိုတော့ဘူးဆိုတော့ အားတက်ပြီး မြန်မြန်ပဲ ခရီးဆက်ခဲ့ကြတယ်။ ရောက်ချင်ဇော ကြီးနေပြီလေဟဲဟဲ။ သိပ်တောင်မကြောလိုက်ပါဘူး ညောင်ဦးမြို့က ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေ့တော့ အားလုံးဝမ်းသာသွားကြတယ်။ အဲ့တော့မှ အားလုံး ဗိုက်ဆာတာ ကိုသတိထားမိတော့ ဆိုင်တစ်ဆိုင်ရွေးပြီး ခနနားရင်း တည်းဖို့ ခိုဖို့စုံစမ်းကြတာပေါ့။ သူငယ်ချင်းတွေကလည်း fb က ပုဂံ အကြောင်းရေးထားတဲ့ review တွေကြည့်ရင်းပေါ့။ နောက်တော့အားလုံးတိုင်ပင်ပြီး ပုဂံမြို့သစ်ဖက်က ကွမ်းသီးဟိုတယ်မှာတည်းဖို့ညှိနှိုင်းပြီး ဆက်လက်ထွက်ခဲ့တယ်။ တော်သေးတာက တည်းခိုခန်းရောက်တော့ နှစ်ခန်းပဲကျန်တာ။ ကျန်တဲ့ဟာယူပြီး ၄ယောက်တစ်ခန်း ၂ယောက်တစ်ခန်းနေလိုက်ကြတယ်။ နှစ်ယောက်ခန်းက မပေးလို့မရဘူးလေ သူတို့က လင်မယာတွဲကိုး ဟီးဟီး..။ အဲ့တော့မှပဲ ပုဂံရောက်ပြီဆိုပြီး စိတ်ချနိုင်တော့တယ်။ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီး နောက်ရက်မနက်အတွက်တိုင်ပင်ကာ ညအိပ်အနားယူ အားမွေးကြတယ်။
မနက်နိုးထလာတဲ့ အချိန်က ၈နာရီကျော်ပြီဆိုတော့ အမြန်ပဲ ရေမိုးချိုး အဝတ်အစားလဲကာ ဟိုတယ်ကကျွေးတဲ့ မနက်စာစားပြီး ပုဂံ လည်ပတ် ဘုရားဖူးဖို့ ထွက်ခ့ကြတယ်။ ဟိုတယ်က ထွက်ပြီး ဟိတြယ်နဲ့ အနီးဆုံးဖြစ်တဲ့ လောကနန္ဒာ စေတီတော်ဆီ ပထမဆုံးဝင်ရောက် ဖူးမျော်ရင်း ရှေးလူတို့၏ လက်ရာကို ခံစားသက်ဝင်ပြီး မြစ်ပြင်ကိုဖြတ်ကာတိုက်ခတ်လာတဲ့ လေပြေညှင်းရဲ့ အရသာက်ုရှုရှိုက်ကာ မြစ်တစ်ဖက်ကမ်းရှိ တန့်ကြည်တောင်ကို လှမ်းမျှော်ကြည့်မိတယ်။ အလွန်လှပတဲ့ ရှု့ခင်းတွေပါပဲ။ ဘုရားက ပြန်ထွက်လာပြီး လမ်းတစ်လျှောက် ဘုရားအစုံဝင်ကြတော့တာပေါ့။
မနူဟာမှာ ဘုရားဝင်ဖူးပြီး အမှတ်တရ လက်ပန်းချီရေးဆွဲကာ ဓါတ်ပုံရိုက်ပြီး ကြည်နူးကြသေးတာပေါ့။ အဲ့နောက်ဆက်လက်ပြီး အာနဒ္နါ ဘုရားရောက်တော့ အနုလက်ရာကိုရင်သတ်ရှု့မော ခံစားရပါတယ်။ ထီးလိုမင်းလို၊ ကန်တော့ပလ္လင်၊ ဓမ္မရာဇက၊ ပြသာဒ်ကြီး၊ အပယ်ရတနာ၊ ရာဇကုမာရ ကျောက်စာ နဲ့ မြစေတီ၊ ဓမ္မရံကြီး၊ မင်းအိုချမ်းသာ၊ အလိုတော်ပြည့် စတဲ့ဘုရားတွေအနှံ့ ပတ်ဖူးကြပါတယ်။ နေ့လည်စာစားချိန်ရောက်တော့ သရပါ တံခါးအနီး ထနောင်းပင်အောက်မှာဖွင့်တဲ့ ဒေါ်အောင်ဆန်းစုကြည်စားခဲ့တဲ့ ထမင်းဆိုင်မှာပဲ သတိတရ ဝင်စားခဲ့တယ်။ ထမင်းစားဖို့နေရာမရလို့ တစ်အောင့်လောက်ရပ်စောင့်လိုက်ရသေးတယ်။ ထမင်းဆိုင်ရောင်းကောင်းချက်က နေရာလပ်မကျန် လက်မလည်အောင်ငို တစ်ခဲနေတာပဲ။ နေ့လည်စာကိုတော့ အသားဟင်းတစ်မျိုးစီနဲ့ မန်ကျည်းရွက်သုတ်နဲ့ စားခဲ့ကြတယ်။ ထမင်းစားပြီး ခနတဖြုတ်အနာယူရင်း နေဝင်အလှကိုကြည့်ဖို့ အချိန်စောင့်ကာ ပုဂံပြတိုက်မှာ ဝင်လေ့လာကာ နေခဲ့ကြတယ်။ အချိန်က နှစ်ရက်ပဲ ရတာဆိုတော့ အဆောင်ပြန်မနားတော့ပဲ နေခဲ့တာပါ။ အနှံ့မရောက်မှာစိုးကြောက်လို့ ပြန်မနားတာ လူတွေကတော့ပင်ပန်းနေပြီ။
ပုဂံပြတိုက်မှာ အချိန်ကုန်စေပြီး ညနေစောင်းတော့ ပုဂံရဲ့ နေဝင်အလှကြည့်ဖို့ရာ ဆံတော်ရှင် စေတီကို ချီ်တက်ခဲ့ကြပါတော့တယ်။ ဘုရားပေါ်ရောက်တယ်ဆိုရင်ပဲ ပုဂံရဲ့မြင်ကွင်းဟာ ကျွန်တော်တို့ပင်ပန်းသမျှက်ု ပြေပျောက်စေတယ်။ အရမ်းလှတာကိုးဗျ ။ မြင်ကွင်းက ရင်ကိုအေးချမ်းစေပြီး နှမျောတသ လွမ်းဆွတ်မှု့ကိုဖြစ်စေတယ်။ ညနေနေလုံးကွယ်ပျောက်မှ တည်းခိုခန်းပြန်ရေချိုး အဝတ်လဲကာ တစ်ပြန်ချီတက်ကြတယ် ညအလှကိုခံစားဖို့ပေါ့။ ညပိုင်းကြတော့ နေ့လည်က မရောက်ခဲ့တဲ့ ဗူးဘုရားနဲ့ ရွှေစည်းခုံ စေတီတော်ကိုသွားခဲ့ကြတယ်။ အဲ့ဒီကပြန်မှ ညစာစားကာ အိပ်ရာဝင်ခဲ့တယ်။ လူတွေလဲ ပင်ပန်းပြီလေ။ နောက်တစ်ရက်မနက်ကျတော့ ပြန်ဖို့ပြင်ဆင်ပြီး ဟိုတယ်တယ်ကကျွေးတဲ့ မနက်စာစားကာ check out လုပ်ပြီးထွက်ခဲ့ကြတယ်။ တန့်ကြည်တောင်တော့ မရောက်ခဲ့ဘူး နောက်တသ်ခေါက်မှ သွားရမယ်။ ငှက်ပစ်တောင်နဲ့ တုရင်တောင်သွားကာ အပြန် ရွှေစည်းခုံကို နောက်တစ်ကြိမ်ထပ်မံ ဖူးမျှော်ခဲ့တယ်။ ပြီးနောက် နေ့လည်စာစားကာ အပြန်ခရီး စခဲ့ပါတော့တယ်။ လူတွေလဲ မပြန်ချင်ပြန်ချင်နဲ့ပေါ့ ဒါပေမဲ့ အလုပ်ကရှိသေးတော့ ပြန်ခဲ့ရတာပဲ။
ပုဂံ ကိုနောက်တစ်ကြိမ်ပြန်ထပ်သွားကြဖို့ အားလုံးဆန္ဒပြုခဲ့တယ်။ ပုဂံ ဆိုတာမြန်မာကို ကမ္ဘာကသိစေခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှု့မြို့တော်ပေါ့။ ချီးကျူးမယ်ဆိုရင်တော့ စာဖွဲ့လို့ကုန်နိုင်မှာ မဟုတ်တော့ပါ။ ပုဂံ ကို ဘယ်နှစ်ကြိမ်ရောက်ရောက် ရိုးမသွားတဲ့ ဘိုးဘွားတို့ အမွေပေးခဲ့တဲ့ သမိုင်းတွေ ရာဇဝင်တွေရှိတဲ့ မြို့တော်ကြီးဟာ ကျွန်တော်တို့ လက်ထက်မှာ မပျက်စီးအောင် အတတ်နိုင်ဆုံးတစ်တပ်တစ်အား ပါဝင်ကူညီ ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ဆုံးဖြတ်ချက်ကိုယ်စီနဲ့ အပြန်လမ်းကို နှင်ခဲ့ကြပါတော့တယ်။
Aung Pyae Sone Oo
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!