တစ်​ခါက ငယ်​ဘဝ

in myanmar •  7 years ago 

လွတ်လပ်ရေးနေ့ရောက်တော့မယ်ဆိုတော့ ငယ်ငယ်ကအကြောင်းလေးသတိရမိတယ်

ကျွန်​​တော့်​ အမေက (တစ်ချိန်က) ကျောင်းဆရာမ
ကျောင်းသွားကျောင်းပြန် အမေနဲ့အတူ
နေ့လည် မုန်းစားကျောင်းဆင်းရင်လဲ အမေနဲ့ တခြားဆရာမတွေနဲ့အတူထမင်းစားရတာ
သူငယ်ချင်းအပေါင်းအသင်းဆိုတာလဲ
ဆရာ/မ သားသမီးအချင်းချင်းလောက်ရယ်
အဲ့ဒါတောင်ခင်တာမဟုတ်ဘူး စာပြိုင်ကြတာ
ဘဝမှာ ကျောင်းရယ် အိမ်ရယ်ပဲရှိတယ်
အပြင်ထွက်ဆော့တယ်ဆိုတာ တစ်ခါမှမရှိခဲ့ဘူး

ကျွန်ကတော်​က ဆော့လဲမဆော့တတ်ဘူးလေ
စက်ဘီးလဲမနင်းတတ်ဘူး
ကြိုးခုန်တာ ​ဘောလုံးကန်​တာ ဘာတစ်ခုမှမတတ်ဘူး
ပြေးတန်းလိုက်တန်းဆော့မယ်ဆိုတော့လဲ
ချော်လဲမယ် ဒူးပြဲမယ်နဲ့
ကြက်တောင်ဆိုလဲမရိုက်တတ်
ရေလဲမကူးတတ်
အားကစားနဲ့ပတ်သတ်တာဆိုလဲတစ်ခုမှမလုပ်တတ်ဘူး
သူငယ်ချင်းလဲသိပ်မရှိဘူး
တစ်ခုခုဆို အမေ့ ထမိန်စဆွဲပီး အမေနဲ့ပဲအနေများတယ်
လူတောလဲမတိုးရဲဘူး
သူများအနိုင်ကျင့်လဲငြိမ်ခံလိုက်တာပဲ
စကားလဲကျယ်ကျယ်မပြောရဲဘူး
တစ်ခုခုဆိုသိပ်ကြောက်တတ်တာ
(ငယ်ဘဝကိုပြန်တွေးမိရင်သိပ်စိတ်တိုတာပဲ အဲ့လောက်တောင်အသုံးမကျရသလားဆိုပီး…)
ထားပါတော့အဲ့ဒါတွေ

အဲ့လိုနဲ့လွတ်လပ်ရေးနေ့ရောက်လာရော
ကိုယ်ကဘာမှမလုပ်တတ်တော့ သူများဆော့တာတွေပဲ
ထိုင်ငေးရတာပေါ့ သိပ်လဲအားကျတာပဲ
အာလူးကောက်ပြိုင်ပွဲတို့ ကြိုးအမြင့်ခုန်တာတို့
အပြေးပြိုင်တာတို့ ကလေးလေးတွေမုန့်စားပြိုင်တာကအစ
ဝင်ပါချင်ခဲ့တာ အမေကလည်းအားပေးတယ်လေ မင်းပြိုင်လဲရှုံးမှာတဲ့ အလကားပဲပြိုင်မနေနဲ့တဲ့
အဲ့လိုနဲ့တနေကုန် သူများဆော့တာပဲငေးရတာပေါ့

ညနေပိုင်းလဲရောက်ရော သံပုံးခေါက်ပြိုင်ပွဲလုပ်မယ်တဲ့
ပြိုင်ရတာသိပ်မခက်ပါဘူး တုတ်တချောင်းပေးထားမယ်
သံပုန်းကိုအမြင့်တနေရာကနေကြိုးနဲ့တွဲလောင်းချီထားမယ်
ပြိုင်မဲ့သူက မျက်လုံးကိုအဝတ်နဲ့စီးထားရတယ်
မမြင်မစမ်းနဲ့ သံပုံးဆီလမ်းလျှောက်ပီး ပေးထားတဲ့တုတ်နဲ့ ထိအောင်ရိုက်ရတာ မမြင်ရတော့ ဟိုယိုင်ဒီယိုင်နဲ့ပေါ့
ဘေးကလူတွေကဝိုင်းအော်တာနားထောင်ပီးရိုက်ရတာ
ဘယ်ဘက်ကိုတိုးတို့ ရောက်တော့မယ် ရိုက်တို့
ဝိုင်းအော် အားပေးကြတာပေါ့
ထိတဲ့သူကလဲထိတယ် ပျော်စရာတော့ကောင်းတယ်

အိမ်ဘေးကဦးလေးကြီးက သား သံပုံးတီးပြိုင်မလား သံပုံးကိုနိမ့်နိမ့်လေးချီပေးမယ် ဆိုတော့
ကိုယ်က ပြိုင်ချင်ရက်လက်တို့လေ
အမေကပြိုင်မနေပါနဲ့ဆိုတာလဲမရ
ဝင်ပြိုင်မယ် သားသေချာကြည့်ထားတာ ဆော့တတ်တယ်ပေါ့

ဒီလိုနဲ့ပြိုင်ပွဲလဲစရော ကိုယ့်ရဲ့စိတ်အားထက်သန်မှုတွေဘယ်ရောက်သားလဲမသိ
လူတွေကိုယ့်ကိုဝိုင်းကြည့်ကတည်းကရှိုးတို့ရှန်းတန်းဖြစ်နေပီ
မျက်စိပိတ်ပီးလမ်းလျှောက်တော့လဲယိုင်တိုင်တိုင်နဲ့
သူများတွေက ညာဘက်တိုး ဘယ်ဘက်တိုးဆိုတာတွေလဲအာရုံထဲမရောက်နိုင်ဘူး
စိတ်ထဲကြောက်နေတာပဲရှိတော့တယ်
အဲ့လိုနဲ့စိတ်ထင်ရာလျှောက်လိုက်တာ မြောင်းထဲပြုတ်ကျပါလေရော
လူတွေဝိုင်းပြောသားပဲ အဲ့ဘက်မလျှောက်နဲ့ဆိုတာ ကိုယ်ဟာကိုအသုံးမကျတော့ပြုတ်ကျတာပေါ့
တစ်ကိုယ်လုံးလဲပေလူး လူတွေကလဲဝိုင်းရယ်
အဖေကလာချီပီး အိမ်ပြန်ခေါ်သွားရတယ်

ကိုယ်လဲမှတ်သွားတယ် အဲ့ကတည်းက လွတ်လပ်ရေးနေ့ဆိုဘယ်တော့မှဝင်ပြိုင်ချင်တယ်မပြောတော့ဘူး

အခုကျတော့ အရင်လို လူတောမတိုးရဲတာတွေကြောက်တာတွေတော့မရှိတော့ဘူး
ဒါပေမဲ့ အားကစား နဲ့ပတ်သတ်ရင်တော့ အားနည်းတုန်းပဲ
ခုထိဘာမှကိုမဆော့တတ်သေးဘူး
ဘယ်တော့မှလဲတတ်တော့မှာမဟုတ်ပါဘူး :P
စိတ်လဲမဝင်စားတော့ဘူးကိုး …………

သူငယ်ချင်းတို့ရော
လွတ်လပ်ရေးနဲ့မှာ ဝင်ပြိုင်ဖူး/နိုင်ဖူးကြလား ?

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!