ယောသားတစ်ယောက်ပါ

in myanmar •  7 years ago  (edited)

မင်္ဂလာပါခင်ဗျား
တစ်ပတ်တစ်ခါပေါ်လို့ လာ MSC Pro ပါခင်ဗျာ့၊Pro တင်ဖို့  စာရေးမယ်ပေါ့၊ Pro မရှိတဲ့ရက်ရော စာမရေးဘူးလား မေးစရာရှိပါတယ်၊ အမှန်တိုင်းပြောရရင် မရေးဖြစ်ဘူး။စာမရေးဖြစ်ဘူး ဆိုတာကလဲ ရေးစရာ ကုန်ကြမ်း ရှာမတွေ့ ဘူး။ဒါဖြင့် ကိုယ့်အကြောင်း ကိုယ်ရေးပေါ့၊နေ့ စဉ်ဖြစ်ပျက်နေတာတွေ ကို ချရေး ရေးစရာများ ပေါလွန်းလို့  ဘာညာ ပြောလို့ ရတယ်။ တကယ်စာရေးမယ်ဆိုတော့ ဘယ်ကစ ရင်ကောင်းမလဲ စဉ်းစားရင်း စိတ်ထဲ ပေါ်လာတာက ရွာ အကြောင်း၊စာ ရေးသူရွာအကြောင်းလေး ရေးပါဦးမည်။
image
စာရေးသူရဲ့ရွာ နာမည်က ယောသူတို့ ရွာ
ယော ဆိုတာ မြန်မာ နိုင်ငံ ဘယ်အပိုင်းမှာ တည်ရှိတာလဲ ဆိုတာ ပြောပြပါ့မယ်။ မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း မှာ တည်ရှိပြီး တော့ ချင်းပြည်နယ် နဲ့ ထိစပ် တည်ရှိနေပါသည်။ယော ဆိုတာ နဲ့ ထီလင်း၊ကျောက်ထု၊ဆော၊ဂန့် ဂေါ ဆိုပြီးတော့ လေးမြို့ရှိပါသည်။ဂန့်ဂေါမြို့ကိုတော့ မြောက်ယော လို့ ခေါ်ပြီး ၊ ကျောက်ထုမြို့ နှင့် ကျန်နှစ်မြို့က တောင်ယော ဘက်ပါတယ်လို့ သိထားပါသည်။ချင်းပြည်နယ်ကလဲ တောင်းပိုင်းနှင့်မြောက်ပိုင်းဟူ၍ ကွဲပြားပြီး တောင်ပိုင်းချင်း လူမျိုးစကားနှင့် မြောက်ပိုင်းချင်းလူမျိုးစကား မတူညီကြပါဘူး။(မှတ်ချက်အနေနဲ့  ချင်းလူမျိုးတွေမှာ စကားအမျိုးမျိုးရှိပါသည်။)ယောမြို့ လေးမြို့ လုံးက မကွေးတိုင်း ထဲမှာ တည်ရှိပြီး အနီးဆုံးမြို့ကတော့ ပခုက္ကူမြို့ ပါ။ ၁၀ တန်းအောင်လို့  တက္ကသိုလ် တက်မယ်ဆိုရင် အနီးဆုံးမြို့ဖြစ်တဲ့ ပခုက္ကူ မြို့မှာ ပဲ ကျောင်းသွားတက်ကြရတာပါ။
image
စာရေးသူဟာ ဂန့်ဂေါမြို့၊မြောက် ယော ဘက်ကဖြစ်ပါသည်။ဂန့်ဂေါမြို့ ကနေ ခရီးဆက်မယ် ဆိုရင် ကလေး၊ကလေးဝ၊တမူး၊ ပြီးတော့ အိန္ဒီယနိုင်ငံ ဘက်ကို ရောက်သွားမှာပါ။စာရေးသူ နေတဲ့ ရွာကလေး ကတော့ ပုံတောင်၊ပုံညာ အနီးမှာ ဖြစ်ပြီး အလောင်းတော် ကဿဖ နှင့် တစ်ည အိပ် နှစ်ရက် ခရီးလောက် ဝေးတဲ့ ရွာကလေး မှာ မိဘတွေနဲ့ အတူ နေထိုင်နေတာ ဖြစ်ပါသည်။အလောင်း ကဿဖ ဘုရားဖူး သွားဖို့  ဟို. . .အရင်တုန်းက ခြေလျင်သာ သွားကြတာပါ။ထို့ အပြင် စာရေးသူ ရွာ နဲ့  အနီးမှာ အစိုးရက သတ်မှတ်ထားတဲ့ ဘေးမဲ့ တော ရှိပါသည်။ဒီဘေးမဲ့ တော ကြီးက တော်တော်ကျယ်ဝန်းလှပါတယ်၊ရှေးလူကြီးတွေ ပြောပြချက်အရ အစိုးရဆင်တွေ ထိန်းကျောင်း ဖို့  ထားတဲ့ နေရာလို့ လဲ ပြောကြပါသည်။ဘေးမဲ့တော ဆိုတော့ တောရိုင်းကောင်တွေ အလွန်ပေါတဲ့ နေရာပေါ့။စာရေးသူ ရွာက နေ ဘေးမဲ့ တောထဲကို သွားမယ်ဆိုရင် တစ်ရက်ခရီးလောက် လမ်းလျှောက်ရပါသည်။စာရေးသူ ရွာ အနီးမှာ တည်ရှိနေတဲ့ အရာတွေ ကိုပြောပြထားခြင်းဖြစ်ပါသည်။စာရေးသူငယ်ဘဝ အတွေ့ အကြုံလေးကို မျှဝေပါဦးမည်။
image
စာရေးသူ ငယ်ငယ် က အဖေ ၊အမေ တို့ နှင့် အတူ တောင်ယာ စိုက်ခင်း တွေရှိရာ ကို လိုက်သွားခဲ့ဖူးပါသည်။အဖေ၊အမေတို့ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကို လူသူ မရှိခိုက် လာစားကြတဲ့ တောကြက်၊တောဝက်နှင့် မျောက် တွေလဲ မြင်ဖူးပါသည်။ညဘက်တွေဆိုရင် ချေ ဟောက်သံ၊ ဝပ် ဝပ် မည်တဲ့ တောကြောင် အသံ တွေနဲ့  အတူ စပါးခင်းကို လာစားတဲ့ တောဆင်ရိုင်း တွေကို မီးရှူးနှင့် ခြောက်လန့် ရတာတွေကိုလဲ ကြုံတွေ့ ခဲ့ဖူးပါသည်။အခုချိန်မှာတော့ ဒီတောတွင်းသတ္တဝါတွေ မရှိသလောက် ရှားပါးသွားခဲ့ပါပြီ။နှစ်တွေကြာလာတာနဲ့ အမျှ သဘာဝ တောတောင် နေရာအနှံ့  မှာ လူသူ အရောက်အပေါက် များလာတယ်၊လူတွေ နေထိုင်လာကြတယ်။မည်သို့ ပင် တောနက် စေကာမှုလူသူမရောက် တဲ့ နေရာဟူ၍ မရှိတော့ ပေ။ဒါကြောင့် တောကောင်တွေ ဟာ လူတွေနဲ့  ဝေးရာ ကို ပြောင်းရွေ့ သွားကြလို့ အရင်ကလို အလွယ်တကူ မတွေ့ နိုင်တော့ပါဘူး။
image
စာရေးသူ ရွာ မှာ အခုလို ပူပြင်းတဲ့ နွေရာသီ နေ့ ခင်း ဘက်ဆိုရင် မိသားစုနဲ့ အတူတူ သင်္ဘောသီး သုတ်စား ကြတာကို သတိရမိပါသည်။နေ့ ခင်းဘက် နေအရမ်းပူတော့ ဘာအလုပ်မှ မလုပ်နိုင်၊ လုပ်စရာ ရှိရင်တောင် နေ ကျချိန် ညနေ ၃ နာရီလောက်မှသာ အလုပ်လုပ်ကြတာများပါသည်။ညနေ ၃ နာရီ အချိန် ပျိုမေ တို့ ရေခပ် ဆင်းတဲ့ အချိန်ပေါ့။ဒါတွေကတော့ စာရေးသူ ရွာဓလေ့ အကြောင်းအရာ အနည်းငယ်နှင့် အနီးပတ်ဝန်းကျင် မှာ ရှိတဲ့ အရာတွေပါ၊ ဘယ်လို ဖြစ်ဖြစ် ဇာတိ မွေးရပ်မြေ ဖြစ်လို့  ပျော်ပါသည်။
ဒီလောက်နဲ့ ပဲ နိဂုံး ချုပ်ပါရစေ။
MSC အဖွဲ့ ဝင် များ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာ ရှိကြပါစေ။
Author>>@aungsanlwin
Photo Credit;; facebook
MSC-017

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ယောနယ်​ဘက်​​ရောက်​ဖူးဘူး
လာလည်​မယ်​​လေ

လလည်ပါ အောင်ကြီးရေ

ဟောသူတစ်ယောက်လောက်ခ်ခ်။

သေးသေး လား ကြီးကြီး လား ရနိုင်ပါတယ်။

ယောတို့ စောတို့ ကြားဖူးတာလေးပါ အလည်သွားရင် ဖင်မှာ ဖျာကပ်တယ်ဆိုလား

ယော၊ဆော တို့  ဘက်က ပညာ တတ်ကြတယ်ဆိုတာ ဟုတ်သား ၊ ဖင်မှာ ဖျာကပ် မကပ်တော့ မသိဘူး။မကြုံဖူးလို့ 

ယောသူတို့ရွာ ဆိုတော့ ယောပုဆိုး လေးကို မြင်တာ

ဟုတ်ပ ယောလုံချည်တွေ ပေါတယ်

အစ်​ကို​ရေ .. အဲ့နယ်​ဘက်​က ချစ်​စရာ​ကောင်းတဲ့ သနပ်​ခါးလူးပွဲ​လေးလည်း ​ရေး​ပေးအုံး​နော့်​ ..

ဟုတ် ကဲ့ ကျွန်တော်တို့ ဘက်ကတော့ သနပ်ခါးလူးပွဲ မရှိဘူးBro ရေ ၊တောင်ယောဘက်ကို ပြောတာ ဖြစ်မယ် ။ကြုံရင်းရေးမယ်ဗျာ

လာလည်မယ်

ဟုဟု လာလည်ပါ။

ယောသူများပညာတတ်​ ရုပ်​​ချောဆို
ယောသားလဲ ​ခေမှာမဟုတ်​ :-)

ဟားးဟား မဟုတ်ရပါဘူးဗျာ

ယောကျောစောဟားခါးကပြန်ရင် ယောမှာပဲနာူး

ဝင်နားပါဗျာ ယောရောက်ရင်သာ MSC ကနေ ဆက်သွယ်လိုက်ပါ

ခင်မင်စရာအရမ်းကောင်းပါတယ်လေ တက္ကသိုလ်တုန်းကယောသူငယ်ချင်းတောင် သွားသတိရမိသေးဗျာ

ကျေးဇူးပါဗျာ

ယော ယောသူတို့ရွာ

ဦးအင်း ကျေးဇူးပါ

အလည်လာမယ်ဗျို့...

လာလည်ပါ SL ရေ ရောက်ရင် သာ MSC က ဆက်သွယ်ပါ။

ယောက ဇာတိပေါ့??

ဟုတ်တယ် ယောသား

ယောသူတို့ရွာဆိုတာ စာဆိုနဲ့လိုက်အောင် အင်မတန်လှကြတယ်ကိုး။

ဟဲဟဲ အဲလောက်လဲ ဟုတ်ဘူးထင်တယ်