MSC myanmar

in myanmar •  6 years ago 

အားလုံးပဲ မင်္ဂလာပါ
MSC ထဲကိုအသစ်ဝင်လာတဲ့သူတွေ ရှိသလို အကြောင်းအမျိုးမျိုးကြောင့် ထွက်သွားကြတဲ့ သူတွေလဲ ရှိပါသည်။ထွက်သွားကြတဲ့ သူတွေမှာလဲ SP အတော်အသင့် ရှိနေကြပါသည်။MSC ရဲ့သက်တမ်းက တစ်နှစ်နီးပါး ရှိလာခဲ့ပြီဆိုတော့ စာရေးသားရတာ ကျင့်သားရနေတဲ့သူ တွေ ဖြစ်လာကြပြီ။စာရေးသားတဲ့ အကျင့်တစ်ခု ကိုယ့်မှာ ရှိနေပြီ၊ပြီးတော့ MSC မှာ Group 4 ခုရှိရာ မိမိ Group pro တင်ရမယ့် ရက်မရောက်ခင် ကြိုတင်ပြင်ဆင် ကာ မိမိရေးသားမည့် အကြောင်းအရာကို ဦးတည်၊ စာစီရေးသားရင်းက ဆောင်းပါးတစ်ပုဒ် ဖြစ်လာခဲ့ပါသည်။မိမိရေးထားတဲ့ စာတွေကို ပြန်ဖတ်၊ စာလုံးသတ်ပုံ စီစစ်ပြီး ၊ စိတ်ကြိုက်ဖြစ်ပြီဆိုတော့ မှ MSC မှာ pro ယူပါသည်။တစ်ခါတစ်လေ pro မမီတော့မှာကို စိတ်ပူပြီး အမြန်ရေးသား ရတော့ စာလုံးသတ်ပုံတွေ မှားနေတတ်ပြန်ပါသည်။ဒါကြောင့် ကိုယ်ရေးသားထားတဲ့ စာဟာ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ကြိုးစားရေးသားကြရင်း Pro ရနေကြပါသည်။MSC မှာ အရင်က Group 4 ခုရှိပါသည်။အခုများတွင်တော့ Gp-3 ခုသာ ရှိပါတော့သည်။MSC No. ရထားသူတွေဟာ ပုံမှန်စာမရေးနိုင်တော့တာ၊ အပြင်အလုပ်တွေကြောင့် Steemit ကို အချိန်မပေးနိုင်တော့တာ တွေ ရှိကောင်း ရှိပါလိမ့်ဟု ထင်မြင်မိပါသည်။တစ်ချို့လဲ စည်းကမ်းချက်ကို မလိုက်နာပဲ copy ကြလို့ MSC မှ ထုတ်ပယ်ခံရပါသည်။
image
Credit Original image
MSC မှ ထွက်ခွါသွားတဲ့ အကောင့်တွေကို နှမြော မိတာက တစ်နှစ်လောက် Pro ယူလာကြပြီး ရလာတဲ့ SP တွေပါ။ကိုယ်ကိုတိုင်က အကောင့်တစ်ခု ပျက်သွားလို့ နောက်အကောင့်တစ်ခု ထပ်ဖွင့်ထားရတာမို့ အကောင့်သစ်နဲ့ ပြန်စတဲ့ခါ အရင်ကိုယ်နဲ့အတူတူ လုပ်ခဲ့ကြတဲ့အကောင့်နဲ့ ယှဉ်ရင် နောက်ကျ နေရပြီး အကောင့်သစ်လေးမှာ လုပ်နေရပေမယ့် အကောင့်ဟောင်းလေးကို ပြန်ပြန် သတိရ နေတတ်လို့ပါ။ဒီလိုပါပဲ MSC no. ရဖို့လဲ မလွယ်ကူပါ၊ MSC No မရှိလို့ pro တင်ခွင့်မရ၊ပို့စ်တွေ နေ့တိုင်း တင်နေသော်လည်း vote မရ၊ကြာလာတဲ့ အခါ Steemit မှာ စာမရေးသားချင်တော့ပါ၊ ရေးဖို့ လည်း အာရုံ မလာတော့ဘူးလေ vote မရတဲ့အတွက် $ မရတော့ စိတ်ဓာတ်ကျလေပြီ။ဒီအဖြစ်တွေက ပထမ အကောင့်ပျက်လို့ ဒုတိယအကောင့် နဲ့ စာတွေ ရေးသားပြီး ပို့စ်တင်တဲ့အခါ vote မရတဲ့ခံစားချက်တွေပါ။
image
Credit Original image
ခံစားမိတာက အကြောင်းတစ်ခုခုကြောင့် MSC ကထွက်သွားကြတဲ့သူတွေ ၊ Copy လုပ်လို့ ထုတ်ခံခဲ့ရတဲ့သူတွေ သူတို့ တွေ Steemit မှာ စာဆက်ရေးကြလေမလား? ဒါမှမဟုတ် အကောင့်ထဲမှာ ရှိနေတဲ့ SP တွေကိုထုတ်ယူပြီး Steemit ကနေ ပျောက်ကွယ်သွားကြလေမလား? စဉ်းစားမိပါသည်။တကယ်လို့များ ကျွန်တော် MSC ကနေထွက်ခဲ့ရသည်ရှိသော် ပို့စ်တင်ဖြစ်တော့မည်မဟုတ်ပါ။ပို့စ်တင်မယ်ဆိုရင်လဲ Vote မရ ၊ $ မရပဲ ရှိနေပေလိမ့်မည်။$ မရပါက နောက်ထပ်ပို့စ်တွေ မရေးသားချင်စိတ် ရှိတော့မည်မဟုတ်ပါ။ဒါဆို MSC ရဲ့ စည်းကမ်းချက်တွေကို လိုက်နာရပေလိမ့်မည်။အဓိက Copy ကိစ္စ အရင်က copy လုပ်ခဲ့ဖူးပါသည်။တကယ်တော့ရှက်ဖို့ကောင်းပါသည်။MSC မှာ Pro နေ့ တစ်ရက်မှ မလွတ်ရအောင် စာတွေရေးသားချင်ပါသည်။MSC က ထုတ်ပယ်ခြင်းကို လည်း မခံနိုင်ပါ။ဒါကြောင့် Copy လုံးဝ လုပ်မည် မလုပ်ပါ။MSC က အလှည့်ကျ pro တင်နေတဲ့ GP -3 ခုကနေ GP-2 ခု ထိလျှော့ကျသွားလေမလား မပြောတတ် ပါ။အဲလိုသာ ဖြစ်သွားခဲ့မယ် ဆို စိတ်မကောင်းဖြစ်ရပါလိမ့်မည်။Copy လုပ်၍ pro တင်ခြင်းသည် MSC အတွက်လည်း မကောင်းသလို Copy လုပ်သူလည်း ရလဒ်ကောင်းမည်မဟုတ်ပါ။MSC ဖွဲ့သားတစ်ယောက် အနေနဲ့ Voter တစ်ယောက်လျော့သွားပြီဟု ခံစားရပါသည်။
image
Credit Original image
ကျေးဇူးတင်ပါတယ်
MSC နှင့် Copy မတည့်ပါ ဘူးနော်
MSC နဲ့အတူ အောင်မြင်မှုရကြပါစေ။
Author>>>@aungsanlwin
MSC - 017

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ပို့စ်​ ​ရေးတင်​ပြီး v & m မရတဲ့ ခံစားချက်​ကို
ကြောက်​တယ်​ဗျို့ .. ထို့​ကြောင့်​ ​ကော်​ပီ ​ရှောင်​ပါ၏ ..

ကောင်းတယ် BRO ရေ

ကော်ဖီပဲသောက်ပါရစေ။
ကော်ပီတော့လုပ်ရဲဘူး။

ကော်ဖီပဲကောင်းတယ်

MSC သည် ကျွန်ုပ်တို့အတွက် အားထားရာပါပဲ့ဗျာ.Copyတော့ဝေးဝေးကရှောင်ပါသည်။အသံထွက်ဆင်တဲ့ကော်ဖီတောင်မသောက်ဘူးဗျို့

ကောင်းတယ်ညီ ရေရှည်ကြည့်ရမယ်

လက်ရှောင်ထားပီး ဆရာတင်ပြောသလို on the road တွေပဲရေးဖို့ဆုံးဖြတ်ထားတယ်ဗျိုက ကိုအောင်ဆန်းရေ။

ဟုတ်ဟုတ်

အကောင့်သစ်မို့ အားငယ်နေပြီလားbroရေ

Copy
ကြိုက်​ဘူး😂

ဟဲဟဲ

ဒီတပတ် proကတော့ copyတွေနဲ့ ဝေ

Copy သောက်တော့ဘူး

copyမလုပ်​ဘဲကို​ယ့်​အစွမ်းအစနဲ့ရတဲ့အရာကသာပိုတန်​ဖိုးရှိပါတယ်​ဗျာ။

ဟုတ်ပါတယ်

ပန်းတွေနဲ့ မဝေပဲ
Pတွေနဲ့ဝေပေါ့ ကွယ်ရို

SP တွေ နှာမြောတာ

ဟုတ်ပါ့ ကိုအောင်ရေ လူဆိုတာမျိုးကလည်း အလွယ်ကို သဘောကျတတ်တော့ ပြောသလိုမျိုး gp 2 လောက်သာ ကျန်မလားပဲ မဖြစ်ဖို့ ပဲ မျှော်လင့်ပါတယ်

ဆက်လက်ပြီး အောင်မြင်ပါစေအကို

ထို့ကြောင့် ကြိုးစားကြလေဧ။