ဖုန်းကြောင့်ဖြစ်ရသည်

in myanmar •  6 years ago 

မင်္ဂလာပါ
ခွင့်ပြန်ခဲ့စဉ်က ရွာမှာ မယုံနိုင်စရာတစ်ခု ကြုံတွေ့ခဲ့ရတာလေး ပြောပြချင်ပါသည်။
အခုခေတ်မှာ Mobile ဖုန်းတွေက လူတစ်ယောက်ဖုန်းတစ်လုံး ကိုင်ဆောင်လာကြပါသည်။ရွာမှာ ကျောင်းတက်နေတဲ့ကလေးတွေ ရှိသလို ၊၅ တန်း၊၆ တန်းလောက်နဲ့ ကျောင်းထွက် ကာ မိဘအလုပ်အကိုင် ကို မိဘတွေနဲ့အတူ လုပ်ကိုင်နေကြတာတွေလဲရှိပါသည်။ကျောင်းမနေတော့တဲ့ ကလေးတွေ က မိဘတွေကို ဖုန်းဝယ်ပေးဖို့ တောင်းဆိုကြပါသည်။မိဘတွေကလဲ စီးပွါးရေး အဆင်မပြေလို့ ကျောင်းဆက်မထားနိုင်ခဲ့တဲ့သားသမီးတွေကို မျက်နှာမငယ်ရအောင် ဖုန်းလေးတွေ ဝယ်ပေးကြပါသည်။တစ်ချို့ကလေးတွေကလဲ မိဘတွေဆီက တောင်းဆိုလို့မရတဲ့အခါ သူတို့ဘာသာ ပိုက်ဆံစု ပြီး ဖုန်းဝယ်ကြတာပေါ့။ကျောင်းတက်နေတဲ့ ကလေးတွေကို တော့ မိဘတွေက ဖုန်းပေး မကိုင်ကြပါဘူး။ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းထားရတဲ့စရိတ်ကလည်း မိဘတွေမှာ အတော်လေးကြိုးစား ပြီး ပိုက်ဆံစု ကြရပါသည်။သားသမီးကို ကျောင်းပို့ထားတဲ့ မိဘတွေ မှာ မစားရက် မသောက်ရက် အဝတ်အစားဆိုရင်လည်း တော်သင့်ရုံသာ ဝတ်ဆင်ကြရပါသည်။ကျောင်းသားမိဘ တွေရဲ့ စိတ်ထဲမှာ ကျောင်းသား ပိုက်ဆံ တောင်းရင် ပေးနိုင်အောင် အမြဲတမ်း ကြိုတင် တွေးတော ထားရပါသည်။ဒီ့အတွက်ကြောင့် မိဘတွက ကျောင်းတက်နေတဲ့ကလေး တွေ ကို ဖုန်းဝယ်မပေးနိုင်သလို ဖုန်းကြောင့် စာကောင်းကောင်း မလုပ်မှာကိုလဲ တွေးကြောက်ရပါသေးသည်။ကျောင်းတက်ပြီး ဖုန်းလိုချင်နေတဲ့ကလေးတွေကို မိဘ တွေက ဆယ်တန်းအောင်ရင် ဝယ်ပေးမည်ဟုသာ ပြောပြထားတာကို တွေ့ဖူးပါသည်။ပြောချင်တာက ရွာမှာ ကျောင်းတက်နေတဲ့ ကလေးတွေက ဖုန်းမကိုင်နိုင်ပါ၊ မူလတန်း အလယ်တန်းနဲ့ကျောင်းထွက်ပြီး အလုပ် လုပ်နေတဲ့ သူတွေ့ကတော့ ဖုန်းတွေနဲ့ပေါ့။အခုခေတ် အခုအခါ မှာ ကလေး၊လူကြီး ဘယ်သူပဲဖြစ်ဖြစ်ဖုန်းကိုင်နေတာဆိုတော့ အဆန်းတော့ မဟုတ်ပါဘူး။ဘေး အမြင်ကနေ ကြည့်မယ်ဆိုရင် ဒါ ဖြစ်သင့်ပါသည်။

Facebook ပေါ်မှာ ဖုန်းကို အလွန်အကျွံ အသုံးပြု ခြင်းကြောင့် စိတ်မနှံ့ သလို ဂေါက်ကြောင်ကြောင် ဖြစ်သွားတဲ့ video clip လေးကို ကြည့်ဖူးပါသည်။ဒီသတင်းက အမှန်လား အမှားလားတော့ မသိဘူးပေါ့နော် video ထဲမှာ ပါတာက အိန္ဒိယက ကလေးမလေး တစ်ဦးပါ၊ ဒီ video လေးကိုကြည့်ပြီး ကလေးတွေကို အလိုမလိုက်မိဖို့ လိုတယ်ဆိုတာလေး မြင်လာပါသည်။ဒါက facebook ပေါ်မှာ မြင်တွေ့ရတာလေ အပြင် ကိုယ်နေတဲ့ပတ်ဝန်းမှာ မတွေ့ဖူးသေးပါဘူး။
what-is-uberx-woman-using-taxi-app-on-mobile-ss-300x200.jpg
Credit Source image
ရွာရောက်တဲ့အချိန်မှာ တော့ ဖုန်းသုံးလို့ စိတ်မနှံ့သလို ဖြစ်သွားတဲ့ ကောင်မလေး တစ်ယောက်ကို တွေ့ရပါသည်။အသက်က ၁၇ ၁၈ လောက်သာ ရှိပါသေးသည်။စတွေ့တွေ့ခြင်းမှာတော့ အံသြ နေမိတယ် facebook ပေါ်မှာသာ တွေ့ဖူးတာလေ အခုတော့ ကိုယ်နေတဲ့ ရွာမှာ ဖုန်းကြောင့် စိတ်ပုံမှန် မဟုတ်တဲ့ သူတစ်ယောက် ရှိနေပြီ။သြော် ဖြစ်မှ ဖြစ်ရလေပေါ့။ဒီကောင်မလေး အကြောင်း စုံစမ်းမေးမြန်းတာပေါ့ အိမ်က မိဘတွေကလည်း ပြောပြ၊ မိတ်ဆွေ သူငယ်ချင်းတွေကလည်း ပြောပြကြပါသည်။ဒီကောင်မလေးက ၄ တန်းအောင်ပြီးကျောင်းဆက်မနေဘူး။ဒီကောင်မလေးက အငယ်ဆုံးလေးဖြစ်ပြီ ညီအစ် မောင်နှမတွေက ကျောင်းနေဖို့ ပြောသော်လည်း မရခဲ့ပါဘူးလို့ ပြောပြကြပါသည်။ကျောင်းဆက်မတက်တဲ့အခါ မိသားစု နှင့်အတူ အလုပ် လုပ်လုပ်ကိုင် နေတာပေါ့။ဖုန်းတွေ ပေါ်လာချိန်မှာတော့ သူ့လက်ထဲ ဖုန်းတစ်လုံး ရရှိခဲ့ပါပြီ။ဖုန်းရပြီ ဆိုကတည်းက ဖုန်းနဲ့ မျက် မပြတ် အိမ်အလုပ်ပင် လုပ်ခိုင်း၍ မရ ဖြစ်ခဲ့ပါသည်။ ညဘက်တွေ ဆိုရင်လဲ ဖုန်းအားကုန်မှသာ အိပ်ပါသည်။သုံးနှစ်လောက်ကြာတဲ့အချိန်မှာတော့ စိတ်ဖေါက်ပြန်ခြင်းဆိုတာ ဖြစ်လာခဲ့ပြီ ဟု မေးမြန်း သိရှိခဲ့ရပါသည်။

videoblocks-teleshopping-fool-assistant-scared-run-a-scared-woman-dressed-up-like-a-little-girl-running-away-from-a-danger-we-dont-see-funny-comedic-shot_sxxzt6hpx_thumbnail-full01.png
Credit source image
အခုချိန်မှာတော့ ဖုန်းကြောင့် စိတ်ပုံမှန် မဟုတ်တော့တဲ့ ဒီကောင်မလေး ဟာ ညဘက်တွေ မအိပ် ပါ နေ့ခင်းဘက်ဆိုရင် လည်းပျောက် ပျောက်သွားတတ်လို့ မိသားစု တွေ လိုက်လံ ရှာဖွေရပါသေးသည်။စကားမပြောဘဲ လက်တွေ အငြိမ်မနေပါ။ဒီကောင်မလေးဟာ ဖုန်းဝယ်မပေးခင် က စိတ်ပုံမှန်ဖြစ်ပြီး။ဖုန်းဝယ်ပေးပြီး နောက်ပိုင်း ဖုန်းနဲ့မျက်နှာ အမြဲမပြတ် ဖုန်း အသုံးပြုခဲ့ခြင်းကြောင့် အများတကာ က ဖုန်းကြောင့် ဖြစ်ရသည်ဟု သတ်မှတ်ထားကြပါသည်။ရွာမှာ ဖုန်းလိုချင်လို့ ပူစာတဲ့ ကလေးတွေကို မိဘတွေက ဒီကောင်မလးကို ဥပမာ ထား ဆုံးမ ကြပါသည်။
ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။
သတ္တဝါအပေါင်းစိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။
Author>>>@AungSanLwin
MSC-017

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကောင်းတဲ့ဘက်မသုံးရင် တော့ဆိုးတယ်ဗျာ

ခုခောတ်ကဖုန်းကိုပြောတာနော် မရှိမကောင်းရှိမကောင်း keypad ပဲကောင်းတယ် ကိုအောင်ဆန်းရေ ဒေါက်ဂွက်။

အေးဆို reply ပြန်တာ နောက်ကျနေပြီ

ဖုန်းရဲ့ဆိုးကြိုး​တွေ

ဟုတ်ပါတယ် ကိုအောင်ကြီး

အလုပ်အတွက်လိုအပ်မှဖုန်းကိုအသုးံပြုသင့်ပါသည်

ဟုတ်ပါတယ်ခင်ဗျာ လာလည်တာကျေးဇူးပါ

ဟိုက် နာလည်း post တွေဖတ်တာ ရေးတာ လျှော့ဦးမှပါ တဖြည်းဖြည်း ဂေါက်လာပြီ

လျော့ကွီး

အယ့် အမလဲ ဖုန်းမကြည့်ပဲ နေနိုင်ဘူး ဒိုးခဖဲ😊

သိပ်မကြည့်နဲ့နော် ပါဝါတိုးလာမယ်

အရင်ဆို သူငယ်ချင်းတွေနဲ့ လက်ဘက်ရည်ဆိုင်ထိုင်ရင် စကားလေးဘာလေး ဟိုရောက်ဒီရောက် ပြောဖြစ်တယ်။အခုများတော့ ဖုန်းတွေကိုယ်ဆီ ပွတ်ကြရင်း ခင်မင်မှုတွေတောင် နည်းကုန်ကြသလိုပါပဲ။

ဟုတ်ပါတယ် အခုကတော့ ခေတ်ပြောင်းသွားပြီ

အန်တီရဲ့လဖက်ရည်ဆိုင်ကို..ကောင်လေးတွေငါးယောက်
အဖွဲ့ဝင်လာတယ်..လဖက်ရည်မှာပီး..ဖုန်းကိုယ်စီထုတ်ပီး..
ပွတ်နေကြတယ်..စကားသံတစ်လုံးမျှမကြားရ..ပီးတော့..ပြန်သွားကြတယ်..ခက်တယ်နော်..
ဒါဆိုရင်..အန်တီရော..သိပ်တော့မခြားနားဖူး..မှတ်တာဘဲ။
မပြောတော့ဘူးလေ...။

ဟုတ်ပ အန်တီရေ ခတ်ပြောင်းသွားပြီ အားလုံးက Internet လိုင်းပေါ်တွေမှာပဲ တွေ့တွေ့နေကြရတယ်။လူငယ်တွေ ကောင်းသော အရာနဲ့ပဲ တွေ့ပါစေ ဆုတောင်းနေရတယ်

Congratulations @aungsanlwin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

  ·  6 years ago (edited)

ဖုန်းရဲ့ကောင်ကျိုးဆိုးကျိုးတွေက
သုံးတတ်ရင်းဆေး မသုံးတတ်ရင်ဘေးလိုပါပဲဗျာ

ဟုတ်ပါတယ်

သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးဖြစ်တတ်တာပေါ့

အသုံးချမှူ​တွေလည်းလွဲ။FBကိုဘဝထင်​​နေတဲ့လူ​တွေလည်းအများကြီးပဲ။

ဖုန်းကို ဗဟုသုတအနေနဲ့ ကြည့်တဲ့သူတွေတောင်မှ ဘေးထွက်ဆိုးကျိုး အနေနဲ့ မျက်စိမှုန်ကျရသေးတာဘဲ

ဟုတ်မှာပါ အများကြီးဖြစ်နိုင်ပါတယ်
ဒီလိုပေါ့လေ ကောင်းကျိုးရတဲ့သူရှိသလို
ဆိုးကျိုးရတဲ့သူတွေကိုလည်းတွေ့ရမှာပါသားလေး

Congratulations @aungsanlwin! You received a personal award!

1 Year on Steemit

Click here to view your Board of Honor

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @aungsanlwin! You received a personal award!

DrugWars Early Access
Thank you for taking part in the early access of Drugwars.

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Are you a DrugWars early adopter? Benvenuto in famiglia!
Vote for @Steemitboard as a witness to get one more award and increased upvotes!

Congratulations @aungsanlwin! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!

Congratulations @aungsanlwin! You received a personal award!

Thank you for the witness votes you made to support your Steem community and for keeping the Steem blockchain decentralized

You can view your badges on your Steem Board and compare to others on the Steem Ranking

Do not miss the last post from @steemitboard:

Use your witness votes and get the Community Badge
Vote for @Steemitboard as a witness to get one more award and increased upvotes!