နိုင်ငံရေးတော့ မဟုတ်ပါဘူးနော်
ကျွန်တော်ကြိုက်တဲ့
စကားလက်ဆောင် လေးပါ
(1) 'Books are our faithful friends '
' စာအုပ်များသည် ကျွန်ုပ်တို့၏ သစ္စာရှိသောမိတ်ဆွေများ ဖြစ်ကြသည် '
(2) ' It is not easy for a person to lead a successful life '
' အောင်မြင်သော ဘဝတစ်ခုကို ဦးဆောင်ဖို့ လူတစ်ယောက်အတွက် မလွယ်ဘူး '****
ရခိုင် မှာ မငြိမ်းမချမ်းတွေ ဖြစ်နေတာ့
အရင်က ကချင်ပြည်နယ် မှာ ရခိုင်လူမျိုး တွေ နဲ့ အတူတူ အလုပ်လုပ်၊ အတူတူ ထမင်းစား ၊ဘယ်သွားသွား အတူတူ၊
တစ်နှစ်လောက် နေခဲ့ဖူးတယ်။
ကျွန်တော်ထင်တယ် ကချင်ပြည်နယ် ထဲမှာ ဘယ်နေရာပဲ ဖြစ်ဖြစ် ရခိုင်လူမျိုးတွေ ရှိတယ် ဗျ ၊ သူတို့ က တစ်နေ့ကို ထမင်း နှစ်နပ်ပဲ စားတယ်၊
ကိုယ်တွေတော့ မနေနိုင်ဘူး ၊ မနက်စာ စားမရ ရင် အလုပ်တောင် မလုပ်ချင်ဘူး
လုပ်လဲမလုပ်ဘူး သူတို့ကတော့ အေးဆေး ပါပဲ အလုပ်ပြီးမှပဲ ထမင်းစားတယ်။
ကချင်ပြည်နယ်ကို စရောက်တော့ မိတ္ထီလာမှာ တွေ့ခဲ့တဲ့ ရခိုင်သူငယ်ချင်း ဆီသွားတယ် သူနဲ့ အတူ ကုမ္ပဏီ တစ်ခု မှ အလုပ် လုပ်တယ် အဲဒီမှာ အားလုံး က ရခိုင် လူမျိုးတွေပါပဲ အစကတော့ ခပ်စိမ်းစိမ်းပေါ့ နောက်တော့ အားလုံးက ခင်ဖို့ ကောင်းပါတယ် အလုပ်ကိုလဲ ကြိုးစား လုပ်ကြတယ် ပင်ပန်း လွန်းတယ်ဗျ ပွဲတွေရှိရင် အတူတူသွား
ရှမ်းနီမ တွေနဲ့ ခြောက်ကောင် ဝိုင်းတွေ ပေါချက် က 9 ကျော်တယ်
မင်းသမီး ၊မင်းသား တွေ အဆိုတော် တွေ အများအပြား လာကြတယ်လေ
ပွဲတစ်ခုဆိုရင် ၇ ရက် အနည်းဆုံးပါပဲ
စည်ကားချက်။
ရွှေမျော မှာ ၃ လလောက် လုပ်ခဲ့ပြီး အလုပ်ထွက်ခဲ့တယ် တကယ် တော့ အရမ်းပင်ပန်းလို့ ဆက်မလုပ်နိုင်တော့တာ ပါ။
ပြီးတော့ သူငယ်ချင်း အိမ်မှာ သွားနေတယ် သူတို့ က မိသားစုလိုက် မီးသွေး ဖုတ် ကြတယ် သူတို့ မီးသွေးဖုတ်တာ ကြောက်ဖို့  ကောင်းတယ်ဗျ
တောင်ကြီး ခြေဖဝါး အောက် ဆိုတာမျိုး
တောင် ဘယ်လောက် မြင့်မြင့် ၊မြင့်လေ ကြိုက်လေပဲ အပေါ်ကနေ အပင်လှဲလိုက်တယ် အောက်မှာ က မီးသွေးဖို အဆင်ပြေလို့  ဖြတ်ပြီး ဖိုထဲလိုက်တယ် ၊သပြေ ပင်တွေလဲ မချန်ဘူး မီးသွေးဖို့ အနား တဝိုက်မှာ ရှိတဲ့ အပင် အကုန်လှဲတာပဲ
မီးသွေးဖုတ် တာ တကယ်ပင်ပန်းတဲ့အလုပ် ပါပဲ
မီးသွေးဖိုထဲကို ထည့်ဖို့  သစ်ပင် ရှာရတယ် ၊အပင်တွေ့  လှဲခုတ်၊လေးတောင်ထွာ အပိုင်းလေးတွေ ဖြတ်၊
မီးသွေးဖို မနား ရောက်အောင် ထမ်း၊
ဖိုထဲထည့် တဲ့အခါ အဲ့ဒီ လေးတောင်ထွာ အတုံး တွေ ကို ဒေါင်လိုက် ထည့်ရပါတယ် ၊ဖိုပြည့်သွားရင် မီးပျိုးဖို့ ၊အပေါက်တစ်ခု ချန်ပြီး ပိတ် ၊ မီးသွေးဖို ရဲ နှာပေါက် လို့ ခေါ်တဲ့ မီးခိုးထွက်တဲ့ အပေါက် ဖေါက်ထားရပါတယ် အပေါက်သေးလေး တစ်ခုပါ။
မီးပျိုးပြီးသွားရင် ခုနှစ်ရက် ( သို့ ) ကိုးရက် လောက်ထား ပြီး ရင်
မီးသွေး ရပြီ၊
မီးသွေး ဖေါ်တဲ့ အချိန် က ဖိုထဲဝင် ရတဲ့အတွက် မီးက အကုန်မသေ သေးဘူး။ ရေ ကတစ်ဖက်၊ မီးက တစ်ဖက်ပါပဲ မီးသွေးမှာ မီးကျန်နေရင် ရေနဲ့ဖျန်း အပြင်ထုတ် ဖိုထဲမှာ ပူချက်က
ပြောမပြတတ်အောင်ပါ။
ရလာတဲ့ မီးသွေးတွေကို အိပ်ထဲထည့်
ကားလမ်းဘက် ထုတ် ရွှေတာမခံ မြို့ထဲမှာ သွားရောင်း တယ် လိုတာ ပြန်ဝယ်လာ နောက်ထပ် ဖို့ သစ် ရဖို့  အပင်လှဲ စသဖြင့် လုပ်လိုက်တာ တောင်ကတုံး တွေ ပါ ဖြစ်သွားရော
မီးသွေးဖုတ်ရင် သစ်ပင် မကျန် တော့ဘူး။
ကျွန်တော်လဲ အလုပ်မရှိတော့ သူငယ်ချင်းနဲ့ နှစ်ယောက် မီးသွေး ဖုတ် ခဲ့သေးတယ် သုံးဖို လောက် လုပ်ခဲ့တာ ပါသွားတဲ့ အဝတ်အစား တွေ ကုန်တာပဲ
မီးသွေးဖုတ်တဲ့ အချိန် မှာ တောထဲမှာ ရှိတဲ့ ရခိုင်လူမျိုးတွေ နဲ့ တော်တော်များများ သိခဲ့ရတယ် ရခိုင်စု ဆိုပြီး ရွာ လေး ရှိတယ်။အဲရွာလေးက ရခိုင် လူမျိုးတွေ နဲ့  မသိတဲ့ မရှိသလောက်ပါပဲ။ အားလုံးက မီးသွေးဖုတ်ဖူးကြတယ် တစ်ချို့ က သူငယ်ချင်းတွေ စုပြီး အိမ်ရှိတယ် မီးသွေးဖုတ်ကြတယ်။ တစ်ချို့ အဆင်ပြေတဲ့ သူတွေက ရွာမှာ ကျန်ခဲ့ တဲ့ သူတွေကိုပါ ခေါ် ပြီး နေတယ်
တစ်ချို့ မိသားစုလိုက် ပြောင်းလာကြတယ်
ကချင်ပြည်နယ်မှာ မီးသွေးဖုတ်တဲ့ သူတွေအတွက် အိမ်ဝိုင်း ဝယ်စရာ မလိုဘူး။ ရခိုင် လူမျိုးတွေနဲ့ နေရင် ငါးမစားရမှာ မပူနဲ့ ငါးဖမ်းတာ အရမ်းကျွမ်းတယ်။
သူတို့ တွေနဲ့ နေခဲ့တာ အရမ်းပျော်ဖို့ ကောင်းပါတယ် နေခဲ့တဲ့ နေရာတွေကလဲ တကယ့် တောနက် တွေထဲမှာ ပါ ။စစ်ကိုင်းတိုင်း
ခန္တီးနယ်စပ် ၊ KIO တပ်ရင်းနားလေးမှာ နေခဲ့ဖူးတယ် မနက် အလုပ်သွားရင် လမ်းနဘေး သစ်ပင်တွေမှာ တောဆင်တွေ ပွတ်ထားတဲ့ ရွှံ့ ပေနေတာ တွေ့ ရင် ကြက်သီးတောင် ထတယ်။
ဘဝတစ်ကွေ့ မှာ တွေ့ ခဲ့ ရတာလေးပါ
နောက်ထပ် ရခိုင် လူမျိုးတွေနဲ့ ပြန်နေရဖို့  မဖြစ်နိုင်တော့ပါဘူး။
ရခိုင်လူမျိုး တွေက ဗလ ကြီးတယ် အလုပ်လုပ်နိုင်တယ် အစားစားနိုင်တယ်
သူတို့တွေလဲ ပွင့်လင်းတယ် ၊ ခင်တတ်ကြပါတယ်။
တစ်ခုပဲ စိတ်မကောင်းတာ ရခိုင်မှာ အလုပ်မဖြစ်လို ကချင်ပြည်နယ်ကို လာတယ်လို့  ပြောကြတယ်
ဟုတ်တယ် ဗျ ရခိုင်မှာ နေရင် ပင်လယ်ထဲ လိုက် ငါးဖမ်း ၊ဒါပဲရှိတယ် လို့ ပြောတယ်
ဟုတ်မယ် ထင်ပါတယ် ကချင်ပြည်နယ်ကို လိုတာထက် ပိုသွားနေကြတယ်။
သူတို့ ရခိုင်ပြည်မှာ လဲ အလုပ်အကိုင် အခွင့်အလမ်း တွေရှိရင် ဒီလို ဖြစ်မှာ မဟုတ်ပါဘူး။
ကချင်ပြည်နယ် အဆင်ပြေတဲ့ သူက နည်းပါတယ်။
အခုပြောနေတာ က ကချင်ပြည်နယ် ရွှေမှော် မှာ နေခဲ့ဖူးတဲ့ အတွေ့ အကြုံ လေးကို မျှဝေပေးပါတာပါ။
ကျောက်မှော် (ဖားကန့်)အကြောင်းမပါသေးဘူး။
ရခိုင်တွေ အားလုံး ဘေးရန်ကင်းကြပါစေ။
ကိုယ့်အိမ်မှာ ကိုယ် အေးအေးချမ်းချမ်း နေနိုင်ကြပါစေ။
ရခိုင်ပြည်ကြီး အေးချမ်းပါစေလို့  ဆန္ဒ ပြုရင်း
STEEMIT MYANMAR များ အောင်မြင်ကြပါစေ။
Credit :: google image
Author::AungSannLwin
အလုပ်လုပ်သလို စားလဲစားနိုင်တယ်ဗျ
အရင်က တနိုင်းလမ်းမှာ အဝစားဘယ်လောက် ရခိုင်မပါလို့ကိုရေးထားရတာ
ပြီးစည်းလုံးတယ် ဇိမ်ခန်းမှာ တစ်ယောက်တွေ့ရင် ပြန်လျော်ပြိးထုတ်ပေးတယ် မပြန်ရင် ရခိုင်လို့မပြောနဲ့
အဲ့လိုစည်းလုံးတာတော့ တွေ့ဘူးတယ် အခုတော့မသိတော့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် ဗျ
ဖားကန့်  နှင့် တာမခံ ကြားမှာ စိုင်းတောင် ရှိတယ်
တောင်က အတော်မြင့်ပါတယ်
ကားလမ်း မရှိသေးတဲ့ အချိန်တဲ့
တာမခံ ကနေ ဖားကန့် ကို ဆန်အိတ် ပိုးတာ
စိုင်းတောင် တောင်ထိပ် ထမင်းဆိုင်တွေ ရှိတယ်
ရခိုင်တွေ က အဲ့မှာ စားကြတာတဲ့ ဟင်းမကောင်းလဲ ဆွဲတာပဲတဲ့ ငရုတ်သီးတောင်း ပါရင် ရပြီ ဆိုပဲ
နောက်တော့ ဆိုင်တွေ က
အဝစား ဘယ်လောက် ရခိုင်မပါ လို့  ဆိုင်းဘုတ်ချိတ်ထားတယ်တဲ့
ဆန်အိတ် ပိုးဖူးတဲ့ သူတွေ ပြောပြတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
i will say GOD are faithful friend
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit