အခြေခံမပါသောနည်းပညာနှင့် ယနေ့လူငယ်

in myanmar •  7 years ago  (edited)

ခေါင်းစဉ်လေးကတော့စာဖတ်သူတို့
အနေနဲ့နည်းနည်းထူးဆန်းနေမယ်
ထင်ပါတယ်။ထူးဆန်းလည်းထူးဆန်း
ချင်စရာပါပဲ။ဒါပေမဲ့လည်းလက်တွေ့
မှာတကယ်ဖြစ်ပျက်နေတယ်ဆိုတာ
ကိုသတိမမူမိကြတဲ့သူများပါတယ်။
နည်းပညာဆိုရင်ကျွန်တော်တို့မျက်စိ
ထဲမှာပြေးမြင်လိုက်တာကစက်ပစ္စည်း
တွေပါပဲ။တကယ်တော့နည်းပညာဆို
တာကနယ်ပယ်အသီးသီးမှာရှိကြ
ပါတယ်။ကျွန်တော်ဒီpostလေးကို
ရေးဖြစ်တာကလည်းအကြောင်းအရာ
လေးတစ်ခုနဲ့ဆက်စပ်မိနေလို့ပါ။
အဲ့ဒါကတော့ကျွန်တော်ဓမ္မစကူးလ်
သင်တဲ့ဘုန်းကြီးကျောင်းမှာကားရှိ
တယ်ဗျ။တစ်ခါတစ်လေကျွန်တော်
လည်းမောင်းဖြစ်တယ်။ကျွန်တော်က
သိပ်မကျွမ်းသေးတော့Highwayဆိုရင်
တခြားDriverတစ်ယောက်ခေါ်သွား
တယ်။တစ်နေ့တော့ကျွန်တော့်ဆီ
ဦးဇင်းကဖုန်းဝင်လာတယ်ဗျ။
သူ့ကားကMedia Playerကို
ဖုန်းနဲ့Bluetoothချိတ်တာNumber
တွေတောင်းနေလို့တဲ့။ဒါနဲ့ကျွန်တော်
လည်း0000ထည့်လိုက်ရင်ရလိမ့်မယ်
လို့ပြောလိုက်ရတယ်။ဖုန်းချပြီးတော့
ကျွန်တော့်အတွေးတွေကလွန်ခဲ့တဲ့
လေးငါးနှစ်လောက်ဆီခုန်ပေါက်
ရောက်ရှိသွားခဲ့တယ်။
ငယ်ငယ်တုန်းကKeypadဖုန်းလေး
တွေကိုBluetoothချိတ်တဲ့အခါ
Pin Noလေးတွေတောင်းတယ်ဗျ။
ကိုယ်ပေးချင်တဲ့ဂဏန်းလေးလုံး
လောက်ကိုဖုန်းနှစ်ခုစလုံးမှာမှန်အောင်
ရိုက်ထည့်ရတယ်။
အဲ့ဒါမှတစ်ဖက်နှင့်တစ်ဖက်ချိတ်သွား
တယ်။Smart Phoneတွေမပေါ်ခင်
အထိတော့BluetoothဟာFileတွေ
ကူးဖို့တစ်ခုတည်းသောအရာဖြစ်ခဲ့
တယ်။Smart Phoneတွေမှာ
Zapyaတို့Xenderတို့ပေါ်လာမှ
Bluetoothကိုမသုံးကြတော့တာပါ။
အခုခေတ်ကလေးတွေဘယ်လို
တောင်ထင်နေလဲဆိုရင်Bluetooth
ဆိုတာ Sound Boxနဲ့တွဲဖွင့်ရင်
သုံးရတာလို့ပဲ။Transferလုပ်ရတယ်
လို့ပြောရင်ပြောတဲ့သူကိုတောင်
လှောင်ကြတဲ့အထိကိုနည်းပညာ
အခြေခံမပါခဲ့တာ။SmartPhone
တွေကတော့အခုချိန်မှာများသောအား
ဖြင့်Pin Noမတောင်းတော့ပါဘူး။
ဒါပေမဲ့ တစ်ချို့ဖုန်းတွေမှာတော့
တောင်းတတ်သေးတယ်။ဒါကလည်း
OSမတူတဲ့Deviceတွေချိတ်ဆက်တဲ့
အခါမျိုးမှာဖြစ်တတ်ပါတယ်။
အခုချိန်မှာSmartPhoneတွေပေါ်လာ
လို့လည်းBluetoothကိုTransfer
အနေနဲ့လုံးဝစွန့်လွှတ်လို့မရသေးပါဘူး။
ဖုန်းတစ်လုံးကိုResetချလိုက်တဲ့အခါ
Appsတွေအကုန်ပျက်သွားပြီးZapya
လည်းမကျန်တော့တခြားAppsတွေ
ပြန်ထည့်ဖို့ဘယ်လိုကူးမလဲ?
ဖုန်းဆိုင်ဖွင့်ပြီးပိန်းတိန်းတိန်းကောင်
တွေဖြေရှင်းနည်းကတော့Computer
ကနေထည့်မယ်ပေါ့နော်။
တကယ်လို့Computerမရှိခဲ့ရင်
ဘယ်လိုလုပ်မလဲ?
(Billပေါနေရင်တော့Browserကနေ
ဝင်ပြီးDownloadဆွဲပေါ့နော်)
ဒါပေမဲ့လည်းသေချာပါတယ်။
Bluetoothနဲ့Zapyaကိုပြန်မကူးတတ်
သူများအဖို့Downloadဆွဲဖို့ဉာဏ်ပြေး
မယ်လည်းမထင်မိပါ။
ဖုန်းဆိုင်ဖွင့်တဲ့သူတွေကိုစော်ကား
တာတော့မဟုတ်ဘူး။Software
တစ်သိန်းနှင့်Hardwareတစ်သိန်း
အကုန်ခံတတ်ပြီးသွားရင်ဖုန်းဆိုင်
ဖွင့်နေကြတော့လည်း မလုပ်တတ်
ရင်Resetချမယ်ဆိုတာချည်းပဲ။
Solutionကိုလည်းသေချာမရှာကြဘူး။
Customerတွေကိုလည်းဖုန်းကို
Resetချလိုက်လို့အရေးကြီးရဲ့Data
တွေပါလားဆိုပြီးမမေးဘဲSD Cardဘက်Moveလုပ်ပေးရ
ကောင်းမှန်းBackupဆွဲပေး
ရကောင်းမှန်း
နားမလည်ဘဲသူသိသူတတ်နဲ့
အကုန်လျှောက်လုပ်ကြတယ်။
Lock ScreenမှာPassword(or)
Pin(or)Patternထားလိုက်လို့
မေ့ပြီးဆိုင်ရောက်လာတာကို
Recovery modeကဝင်ပြီး
Resetချလိုက်တာနဲ့3000လောက်
တောင်းလိုက်တော့တာပဲ။
Keyboard Changeသွားလို့
မြန်မာစာရိုက်မရရင်လည်း
လာထားအာဘွားပဲ။
တော်ရုံတန်ရုံဘာမှပညာမပါတဲ့
လှုပ်ရှားမှုလေးတွေနဲ့လူတွေ
အပေါ်ကငွေကိုလိမ်ယူနေသလိုပါပဲ။
ဒါထက်ရိုက်စားလုပ်တဲ့အကွက်တွေ
အများကြီးရှိပါသေးတယ်။
တကယ်ကိုလုံးဝနားမလည်တဲ့သူမျိုး
တွေပေါ့ဗျာ။Fireware ကျသွားလို့
Softwareပြန်ရေးရင်ရရဲ့သားနဲ့
"ခင်ဗျားဖုန်းကမကောင်းတော့ဘူး
သူတို့ဆီကဖုန်းနဲ့အလဲအထပ်လုပ်
ဘယ်လောက်အလိုက်ပေး"ဆိုပြီးက
ဂျင်းထည့်သေးတယ်။
တစ်ခုချင်းတန်းစီပြောရင်ပြီးနိုင်မှာ
တောင်မဟုတ်ပါဘူး။
ကျွန်တော်အနေနဲ့ပြောရရင်ကျွန်တော်
က97 bornဖြစ်လို့ ဓာတ်ပြားခေတ်ပဲ
မမီခဲ့တာပါ။ကတ်ဆက်ကိုတောင်
ကောင်းကောင်းသုံးတတ်ပါသေးတယ်။
ကတ်ဆက်မှာတိတ်ခွေရဲ့အလုပ်လုပ်
ပုံကိုလည်းမှတ်မိပါသေးတယ်။
ကတ်ဆက်မှာပါတဲ့Forwardနှင့်
Backwardခလုတ်ကနေရစ်လိုက်ရင်
ကြိုးညှပ်သွားတတ်ပါသေးတယ်။
အဲ့လိုဆိုရင်သေချာစိတ်ရှည်ရှည်ထုတ်
ပြီးဘောပင်နဲ့ပြန်ရစ်ယူရတာလည်း
လုပ်ခဲ့ဖူးပါတယ်။TVမှာလည်း
Menu Settingsကနေ မကလိဖူးတဲ့
အရာမရှိသလောက်ပါဘဲ။
DVD/EVDတွေပေါ်လာပြန်တော့
လည်းSetupကနေ အကုန်လျှောက်
လုပ်ပြီး ပျက်လို့ပြင်ဆိုင်ရောက်ခဲ့ရ
တာခဏခဏပါပဲ။ကျွန်တော်ဆိုလိုချင်
တဲ့နည်းပညာဆိုတာ TVတစ်လုံးရဲ့
Settingsကိုသိရင်အခြားTVတွေရဲ့
Settingsနဲ့လည်းသိပ်မကွာတာမျိုးကို
နားလည်နေတာမျိုး ဖုန်းတစ်လုံးရဲ့
Settingsကိုသဘောပေါက်နားလည်
သွားရင်လည်းတခြားဖုန်းတွေကို
အထိုက်အလျောက်ကိုင်တတ်သွား
တာမျိုးကိုဆိုလိုတာပါ။ပညာနဲ့သင်ညာ
မတူသလိုပေါ့။ကိုယ့်ဘာသာအခြေခံ
ပါပြီးသိလာတာနဲ့အရမ်းကိုကွာပါ
တယ်။နောက်တစ်ခုလေ စာဖတ်သူတို့
မှတ်မိကြဦးမလားမသိဘူး။ကျွန်တော်
တို့ခေတ်တုန်းကMP4လေးတော့
ကိုင်နိုင်မှလူရာဝင်ခဲ့တာကိုပေါ့။
ခုခေတ်ကလေးတွေကိုMP4ရှိခဲ့တယ်
ဆိုတာကိုပြတိုက်သွားပြရမလိုဖြစ်နေ
ပြီ။မွေးလာကတည်းကSmartphone
ကပုခက်ထဲရောက်ပြီးသားဆိုတော့
တကယ်တော့သူတို့ကဉာဏ်ကောင်း
နေတာမဟုတ်ပါဘူး။စွမ်းရည်ရှိလို့ပါ။
လူတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအရ
တတ်မြောက်တာပါ။
ဒီတော့ခုမျိုးဆက်က ကတ်ဆက်ကနေ
TV၊TVကနေCD/DVD/EVD၊
အဲ့နောက်MP4 Keypadခေတ်
အကုန်လုံးကိုမမီတော့ဘဲ
Smartphoneကိုတန်းတွေ့လိုက်တဲ့
အခါ ဆိုးကျိုးတွေ/ကောင်းကျိုးတွေ
နားမလည်ဘဲလုပ်ချင်ရာလုပ်ကြ
တော့ပါပဲ။
အင်တာနက်သုံးတဲ့အပိုင်းကို
ကြည့်ရင်လည်းအင်တာနက်ဆိုင်မှာ
Gtalkနှင့်Vzo chatတာတွေ
ဘာမှနားမလည်ဘဲFacebookကို
တန်းတွေ့တော့ဘဝကြီးမှတ်ကုန်
ကြတော့တာပဲ။Facebookပေါ်မှာ
Celeဖြစ်ဖို့ဘာမဆိုအရှက်အကြောက်
မရှိလုပ်ဖို့ဝန်မလေးတော့ပါဘူး။
လူငယ်တွေတင်မဟုတ်ဘဲလူကြီး
တွေပါFacebookပေါ်မှာတင်သင့်
တာလားမသိ မတင်သင့်တာလားမသိ
နဲ့တော်တော်လေးသရုပ်ပျက်လာ
တာကိုတွေ့ရတယ်။
ခုလိုတွေဘာလို့ဖြစ်လာတာဆိုရင်
နည်းပညာတိုးတက်မှုရေစီးကြောင်းမှု
Step by Stepမသွားခဲ့ဘူး။
"မမြင်ဖူး မူး မြစ်ထင်"ဆိုသလို
ထင်ရာမြင်ရာကိုလုပ်ကြတဲ့အခြေ
အနေတွေဖြစ်ကုန်တော့ပါတယ်။
ကျွန်တော်တို့အရွယ်လူလတ်ပိုင်းတွေ
ကတော့ ကျွန်တော်ပြောတာတွေသာ
လုပ်ဖူးရင်ခေတ်ကို
စနစ်တကျဖြတ်သန်းလာတာ
လို့ပြောလို့ရပါတယ်။
စာဖတ်သူတို့မှာလည်း သား၊သမီးတွေ၊
တူ၊တူမတွေ၊ညီ၊ညီမတွေရှိမှာပါ။
ဒီလိုဆိုရင်သူတို့အပြစ်မဟုတ်တဲ့
အခြေခံမပါခဲ့ခြင်းကိုကုစားနိုင်ဖို့
ကတော့ ယခုလက်ရှိSmartphone
တွေကိုအကျိုးရှိတဲ့နေရာတွေမှာ
အသုံးချတတ်ဖို့လမ်းပြပေးရမှာပဲ
ဖြစ်ပါတယ်။ဒါမှလည်းသူတို့တွေ
စိတ်ပါဝင်စားတဲ့နယ်ပယ်အသီးသီးမှာ
နည်းပညာကိုစနစ်တကျအသုံးချ
တတ်သူတွေဖြစ်လာမှာလို့
အကြံပြုအပ်ပါတယ်ခင်ဗျား။ ။

PicsArt_01-01-11.17.19.jpg

Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

နည်းပညာ မကျေမချမ်းစရာလေးတွေပေါ့

ပြောမဆုံးပေါင် တောသုံးထောင်ပေါ့အစ်ကိုဟိန်းရေ

အရင်တုန်းက စက်ပြင်ဆရာတွေက အသေးစိတ်စစ်ဆေးပြင်ဆင်ရတာပါ ... အခုက အလွယ်တကူပြုလုပ်နည်းတွေ ပေါလာတော့ အလွယ်လမ်းလိုက်ကြတာတွေ များလာပါတယ်

ဟုတ်ပ ကိုစောရေ တကယ်စိတ်ပျက်ဖို့ကောင်းလာပြီ

ခုထိ bluetooth နဲ့ ဖိုင်တွေပို့တုန်းပါဘဲဗျာ တခါတလေ zapya မရှိရင်

အခြေခံပါလွန်းသူကြီးပေါ့နော်

ကောင်းကျိုးဆိုးကျိုးလေးတွေပေါ့ဗျာ

တတ်သလောက်မှတ်သလောက်လေးပေါ့ဂျာ

အချို့ဂျင်းဆိုင်တွေ လုပ်တက်တဲ့အထှာတွေပဲ

ဟုတ်တယ်ဗျာ ဂျင်းဆိုင်တွေတော်တော်ပေါလာပြီ

လူတွေက ဂျင်းတွေထောင်းချင်ကြတယ် အဲဒီလိုလူမျိုးတွေနဲ့ မတွေ့အောင်သာ ရှောင်ကြကွယ်

ရှောင်လေဝေးဝေး ဂျင်းစိမ်းလေး ပေါ့

bluetoothကိုမသုံးတတ်​တာ

အဲ့လောက်မခက်ပါဘူးဗျာ လုပ်ကြည့်ရင်လုပ်တတ်မှာပါ

နည်းပညာ တွေသိပ်မကျွမ်းဘူး။

တဖြည်းဖြည်းလေ့လာရင်ရနိုင်ပါတယ်

နည်းပညာပိုင်းတော့ အားနည်းတယ်ဗျာ ။ ကောင်းကောင်းနားမလည်ဘူးရယ်။

စိတ်ပါဝင်စားလိုက်ရင်နည်းပညာ
ဆိုတာခဏလေးနဲ့သင်ယူတတ်မြောက်နိုင်ပါတယ်ဗျာ