အပြောင်းမှအကောင်းဆီသို့……

in myanmar •  6 years ago 

အခုချိန်ဟာမြန်မာနိုင်ငံရဲ့ပညာရေး
စနစ်မှာ အပြောင်းလဲတစ်ခုကို
ဖော်ဆောင်နေတဲ့အချိန်ဖြစ်ပါတယ်။
ပြောရရင်အပြောင်းအလဲကိုကြိုဆို
ရမှာဖြစ်ပေမဲ့ အဲ့ဒီအပြောင်းအလဲက
အပြီးသတ်ကိုမရောက်သေးပါဘူး။
လက်ရှိတက်ရောက်သင်ကြားနေတဲ့
ကလေးတွေအတွက်လည်းစဉ်းစား
စရာတော့ရှိပါသေးတယ်။အဲ့ဒါက
ဘာလဲဆိုရင် အစမ်းသပ်ခံ ပညာရေး
အနေနဲ့သွားနေရလို့ပါ။
ဒီတော့စနစ်သစ်မှာ KG,G1နှင့်G2
ဆိုပြီး သင်ရိုးအသစ်တွေပြင်လိုက်
တယ်။စာမေးပွဲစနစ်တွေ အမှတ်ပေး
စည်းမျဉ်းတွေရောပေါ့။
တခြားအတန်းတွေကိုတော့ လက်ရှိ
မှာစာမေးပွဲစနစ်နှင့်အမှတ်ပေး
စည်းမျဉ်းတွေပြင်ဆင်ထားပါတယ်။
လာမယ့် 2018-2019ပညာသင်နှစ်ရဲ့
တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာလည်း
မေးခွန်းပုံစံအသစ် အမှတ်ပေးစည်းမျဉ်း
အသစ်တွေဖြစ်တော့မှာပါ။Sample Question
တွေတောင်ထွက်လာနေပြီး
ယခု ပထမနှစ်ဝက်စာမေးပွဲမှာလည်း
စတင်အကောင်အထည်ဖော်နေပြီ
ဖြစ်ပါတယ်။အဲ့ဒီမှာမေးခွန်းပုံစံ
အသစ်တစ်ခုရဲ့အမှတ်ပေးစည်းမျဉ်း
နဲ့ပတ်သတ်လို့နည်းနည်းလေးပြော
ချင်ပါတယ်။အဲ့ဒါကဘာလဲဆိုရင်
အင်္ဂလိပ်စာမေးခွန်းထဲမှာ ကွက်လပ်
ဖြည့်လို့ခေါ်တဲ့(Fill in the blanks.)
ကိုအရင်လို အလွတ်ဖြေစရာမလိုဘဲ
သုံးခုထဲကတစ်ခုရွေးခိုင်းထားပါတယ်။
သမရိုးကျစဉ်းစားရင်တော့လွယ်တာ
ပေါ့။ဒါပေမဲ့ အဲ့ဒီသုံးခုကအဓိပ္ပါယ်
ချင်းဆင်တဲ့(Similar Meanings)
တွေပါ။
ကျွန်တော်ဥပမာတစ်ခုရေးပြပါ့မယ်။
Zaw Zaw………Ko Ko about him.
(a)talk
(b)speak
(c)tell

အဲ့လိုမျိုးလေးမေးထားတဲ့အခါ
သုံးမျိုးစလုံးကတော့စကားပြောသည်
ပါပဲ။ဒါပေမဲ့ပြဌာန်းစာအုပ်(Text
Book)ထဲမှာပါတဲ့ စကားလုံးကို
ထည့်ရမှာဖြစ်ပါတယ်။
နောက်တစ်ချက်က အဖြေကို
(a)talkကိုရွေးမယ်ဆိုပါစို့။
ဒီလိုဆိုရင်အဖြေမှာ(a)တင်ထည့်ရ
ပါတယ်။နောက်ကtalkပါသည်ဖြစ်စေ
မပါသည်ဖြစ်စေ မှန်ပါတယ်။
ရှေ့က(a),(b),(c)ကအရေးကြီးတာ
ဖြစ်ပြီးနောက်ကအဖြေကအရေး
မကြီးပါဘူး။ဒါပေမဲ့ထူးဆန်းတာက
ရှေ့က(a),(b),(c)မှားပြီးနောက်က
အဖြေမှန်နေရင်အမှတ်ရမှာမဟုတ်
သလို အဖြေမှန်ပြီးရှေ့မှာ(a),(b),(c)
မပါရင်လည်းမှားပါတယ်။ဒီလိုဘာလို့ပြောရလဲဆိုတော့
အဲ့လိုဖြစ်သွားတဲ့ကျောင်းသား
တစ်ယောက်တွေ့ဖူးလို့ပါ။
image
ဒီတော့စဉ်းစားကြည့်ရရင်
ဒီလိုအမှတ်ပေးစည်းမျဉ်းတွေကို
ထုတ်တာ ဒေါက်တာဘွဲ့ရပြီးသား
ပါမောက္ခတွေပါပဲ။အရင်သင်ရိုး
အဟောင်းတွေလည်းသူတို့ထုတ်
တာပါ။အဓိကနှင့်သာမညမခွဲတတ်
သေးတဲ့ပညာရေးစနစ်ကြီးကို
ပိုပြီးအဓွန့်ရှည်စေချင်တာလားတော့
မသိဘူးပေါ့နော်။
အဖြေမှန်ထက်ရှေ့ကNoကိုဦးစား
ပေးရသလားဗျာ။ဥပမာ ကျောင်းသားတစ်ယောက်က
ကိုယ်တိုင်ဖြေတာမဟုတ်ဘဲတခြား
ကျောင်းသားဆီက ကူးချခဲ့ရင်
မလွယ်လွန်းပေဘူးလား?
ကိုယ်ကိုယ်တိုင် ဒီကွက်လပ်ကို
ဘာထည့်ရမယ်ဆိုတာ တွေးခေါ်
စဉ်းစားမှုအားနည်းသွားစေပါတယ်။
ပြောင်းလဲတယ်ဆိုတာကိုလည်း
စောင့်ကြည့်ဖို့တော့လိုပါတယ်။
ပြောင်းတယ်ဆိုတိုင်းအကောင်းဘက်
ကိုဦးတည်တာမျိုးချည်းပဲမဟုတ်ပါ
ဘူး။ဖြည့်စွက်စရာလေးတွေရှိရင်
လည်းReplyပေးသွားကြပါနော်။

နောက်လည်းကြိုးစားရေးသွား
ပါဦးမယ်။ဆက်လက်ဖတ်ပေးကြ
ပါဦးခင်ဗျာ။
image
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ပြောင်းလဲချိန်တန်ပီလေ😁

ပြောင်းတွေ လဲနေပါပြီ မတ်မတ်ဂီ ရေကြီးလို့ပါ ဟဲဟဲ

အကောင်းဘက်ကိုပြောင်းလဲစေချင်တာပါ

ပညာရေး တိုးတတ်အောင် ဝိုင်းဝန်းကြံဆောင်ရပါမယ်

ဟုတ်ပါတယ် ကိုဟိန်း

သင်ရိုးက ရည်ရွယ်ချက်ရှိမှာပါ အကျိုးရှိအောင် သုံးတတ်ဖို့ လိုအပ်ပါတယ်

အမှန်ပါပဲဗျာ

Congratulations @aungtharkyaw! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published
Award for the number of upvotes received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

You can upvote this notification to help all Steemit users. Learn why here!

အင်းဒီနေ့ပဲ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ကျောင်းသားတွေစကားဝိုင်းမှာဆွေးနွေးကြတာကြည့်လ်ုက်ရသေးတယ်

ဟုတ်တယ်ဗျ အဲ့ဒါမျိုးပွဲတွေလည်းများများလုပ်ပေး
သင့်တယ်

တချို့က​လေး​တွေဆိုလည်းအစွဲဖြစ်​​နေတယ်​...​သင်္ချာတွက်​ရင်​​ကျောင်းကတွက်​နည်းနှင့်​တွက်​မှစာ​မေးပွဲ​အောင်​မယ်​တဲ့😀

တွက်နည်းတွေကအများကြီးပါ ဒါပေမဲ့ ရိုက်သွင်းတာခံရလို့ပါ

အချိ​ကောင်​​စောင့်​ရမ​ပေါ့

စောင့်နေပါတယ်ဗျာ

အေးလေ အသစ်တေ ပယ်လိုေ ပြာင်းပြောင်း အဟောင်းတလည်လည်ဆိုသလို ပါပဲ😁😁

အဲ့လိုကြီးကတော့မဖြစ်စေချင်ဘူးဗျာ

‌စောင့်‌ကြည့်‌ရမှာ‌ပေါ့ ညီရာ။စနစ်‌တစ်‌ခုေ ပြာင်းဘို့ဆိုတာအ ချိန်‌‌တော့ ‌ပေးရတယ်‌။

ဟုတ်ပါတယ်အစ်ကိုရေ စောင့်ကြည့်စေချင်ပါတယ်

  ·  6 years ago (edited)

မိခင် ဘာသာစကား မဟုတ်တော့ လူတိုင်းနီးပါး အင်္ဂလိပ်စာ အားနည်းကျပါတယ် ဒါပေမဲ့ အခုနောက်ပိုင်း ကလေးတွေ အင်္ဂလိပ်စာ ကောင်းလာကျတာတွေ့ရတယ် အမတို့တုန်းက ၈တန်းလောက်မှ အင်္ဂလိပ်သဒ္ဒါဆိုတာ ဒါလား မေးယူရပေမဲ့ အခုခေတ် ၄တန်းလောက်ကို အင်္ဂလိပ်သဒ္ဒါနဲ့ ထိတွေ့နေကျပြီ မိဘတွေတွန်းအားပေးတာလည်း ပါတာပေါ့လေ ဒါပေမဲ့ အမတို့ အမေတို့ခေတ်က ဘွားအေကြီးတွေ အင်္ဂလိပ်စာ ကျွမ်းကျင်တာကိုတော့ မမီသေးပါဘူး

ဟုတ်ပါတယ် တကယ်တတ်ကျွမ်းဖို့တော့အများကြီး
လိုပါသေးတယ် ဒါကြောင့်လည်းအတတ်နိုင်ဆုံးကလေးတွေကိုတတ်အောင်ကြိုးစားသင်ရတာပါဗျာ

ဟုတ်ပါတယ်ဗျာ

ဟုတ်ကဲ့

ပညာရေးကတော့ ပြင်ကို ပြင်မှာပါ။
ပိုကောင်းအောင် ပြင်ဆင် ဖြည့်စွက်ဖို့က လိုကို လိုတယ်လေ

အလိုအပ်ဆုံးပါပဲဗျာ

အားပေးသွားပါတယ် ဘဒို

ဟုတ် ကျေးဇူးပါဗျာ

အားပေးခဲ့ပါသည်။
Reply ကိုအတက်နိုင်ဆုံးပြန်ပေးစေချင်ပါသည်။

ဟုတ်Broရေ ဒီနေ့နောက်ကျသွားလို့ပါ
replyပြန်ဖြစ်ပါတယ်

အ​ဟောင်း​လေးပဲ ​ကောင်းပါတယ်​ ဟီး လူကြီး​တွေ​ပြောတာပါ

ကောင်းသော ပြောင်းလဲခြင်းများဖြစ်ဖို့ မျှော်လင့်တာပါပဲ..။ ဒါပေမယ့် မျက်စိတစ်ဆုံးမကြည့်ဘဲ မျက်တောင်တစ်ဆုံးပဲကြည့်တဲ့ ပေါ်လစီချမှတ်သူတွေနဲ့တွေ့ရင် ဘယ်လောက်ကောင်းတဲ့အပြောင်းအလဲဖြစ်ပါစေ သွားတာပါပဲ...။