ကလေးများအပေါ်စိတ်ရှည်ပါ

in myanmar •  7 years ago  (edited)

image
စာရေးသူတွင်တစ်ဝမ်းကွဲ
ညီမလေးတစ်ယောက်ရှိပါသည်။
သူသည်ငယ်စဉ်ကတည်းကဉာဏ်
ကောင်းသူဟူ၍ပင်ဆိုရလိမ့်မည်။
အရာရာကိုစူးစမ်းတတ်သောစိတ်
လည်းရှိသောကြောင့်သူသိလိုသော
အရာများကိုမေးရဲပါသည်။
ကြောက်စိတ်လွှမ်းမိုးထားခြင်း
လည်းမရှိသေးသောအရွယ်ဖြစ်၍
တွေးရဲသည်။မေးရဲသည်။ပြောရဲသည်။
လွန်ခဲ့သောနှစ်လခန့်က
စာရေးသူသည်"The Independence Day"ဟုအမည်ရှိသောဇာတ်ကားတစ်ကားကိုသူမနှင့်အတူကြည့်နေခဲ့ပါ
သည်ဇာတ်ကားသည်ဂြိုလ်သားများမှ
ကမ္ဘာမြေပေါ်သို့လာရောက်
ကျူးကျော်စစ်ခင်းသည့်အကြောင်း
ကိုအခြေခံကာရိုက်ကူးထားသော
ဇာတ်ကားဖြစ်သည်ထိုဇာတ်ကားထဲ၌ ဧရိယာ-၅၁ဟူသောစာတန်းတစ်ခုအားသူမမြင်လေ၏။ထိုအခါ"ကိုကြီး
ဧရိယာ-၅၁ဆိုတာဘာလဲ?"ဟူ၍
သွက်လက်စွာမေးလိုက်ပါတော့
သည်။ကျွန်တော်သည်ထိုဇာတ်ကား
မကြည့်မီနှစ်ရက်ခန့်အလိုက
စာရေးဆရာဇင်သန်ရေးသားသည့်
"ဧရိယာ-၅၁"စာအုပ်ကို
ဖတ်ထားခဲ့ပြီးပြီဖတ်သောကြောင့်
သာသူမ၏အမေးကိုစိတ်ရှည်
လက်ရှည်ဖြင့်ကျေနပ်မှုရရှိအောင်
ဖြေပေးနိုင်ခဲ့လေသည်။
ကျွန်ုပ်တို့ငယ်စဉ်အခါ၌လည်း
ထိုသို့သောမေးစရာမေးခွန်းများ
ရှိကြလိမ့်ဦးမယ်ထင်ပါလိမ့်မည်။
သို့သော်လည်းပညာရေးစနစ်၏
ဆိုးရွားမှုဒဏ်ကြောင့်ခါးသည်းစွာ
ခံစားခဲ့ရ၍"မသိလျှင်မေးရမည်"ဟူသည်ကိုကြောက်မက်ဖွယ်ရာသတ္တဝါအလားထင်မှတ်ခဲ့ရဖူးပါသည်။
ထိုအကြောင်းများကိုပြန်လည်ကာ
တမ်းတရလျှင်စာရေးသူတို့မူလတန်း
ကျောင်းသားဘဝမှစရလိမ့်
မည်ဖြစ်ပါသည်ပထမတန်းမြန်မာစာဖတ်စာတွင်ပါသောကျွန်ုပ်၏
အကြောင်းကိုရေးသောအခါ၌အဖေအမည်မှာဦးဘနှင့်အမေအမည်မှာဒေါ်မြဟူ၍သာသင်ကြားခဲ့ရပါသည်။
မိမိတို့ကျောင်းမှပထမတန်းကျောင်း
သားကျောင်းသူများသာမက
တစ်နိုင်ငံလုံးရှိပထမတန်းကျောင်းသားကျောင်းသူများ၏မိဘနှစ်ပါးအမည်မှာလည်းဦးဘနှင့်ဒေါ်မြသာ
ဖြစ်ကြလေသည်။အိမ်မှစာရေးသူတို့၏မိဘများသော်
လည်းကောင်း၊ ဦးလေးနှင့်အဒေါ်များမှသော်လည်းကောင်း၊
အစ်ကိုနှင့်အစ်မများမှသော်လည်း
ကောင်းကလေးများ၏ပညာရေးကို
စိတ်ဝင်စားနိုင်မှာသာမိမိတို့၏
မိဘအမည်များကိုရေးတတ်
ဖတ်တတ်ကြရမည်ဖြစ်ခဲ့ပါသည်။
မိခင်ဘာသာစကားဖြစ်သော
မြန်မာစာမှာပင်ဤကဲ့သို့စောဒက
တက်ခွင့်မရှိသင်ကြားခဲ့ရသော
ပထတန်းကျောင်းသား/ကျောင်းသူ
များအဖို့အင်္ဂလိပ်စာ(English)
တွင်ပါရှိသောMyselfအကြောင်းကို
ဆိုလျှင်တော့ခေါင်းစားခံ၍စဉ်းစား
တွေးတောနေဖို့ပင်မလိုပေ။
ထိုအတိုင်းသာရေးခဲ့ကြရသည်မှာ
ယခုနှစ်သင်ရိုးများပြောင်းလဲ
မသွားခင်အချိန်ထိပင်ဖြစ်သည်။
စာရေးသူသည်အင်္ဂလိပ်စာသင်
သောဆရာလုပ်ဖူးသောကြောင့်
ပဉ္စမတန်းအထိပင်မိမိ၏နာမည်
ကိုအင်္ဂလိပ်လိုမပေါင်းတတ်သော
ကျောင်းသူတစ်ဦးကိုတွေ့ဖူးခဲ့ပါ
သည်ကလေးများသည်သူတို့ဉာဏ်မှီ
သလောက်တွေးကြပေလိမ့်မည်။
မေးကြပေလိမ့်မည်။စပ်စုလိုသော
စိတ်ဖြင့်သိချင်စိတ်ပြင်းပြကြပေ
လိမ့်မယ်။"စာကလေးတွေဘာကြောင့်ခုန်ဆွဆွသွားတာလဲ?"ဟုမေးနိုင်
ရုံသာမက"ညှစ်ပြီးသားသွားတိုက်ဆေးပြန်ထည့်လို့ရလား?"ဟူ၍ပါ
ကတ်သီးကတ်သတ်မေးကြပါပေလိမ့်
မည်။ကလေး၏အသက်အရွယ်
ပေါ်တွင်မူတည်၍ပတ်ဝန်းကျင်
နှင့်ကိုက်ညီမှုရှိအော စိတ်ရှည်
လက်ရှည်ဖြေကြားပေးရမည်မှာ
လူကြီးများ၏တာဝန်သာဖြစ်သည်။
သို့မှသာလျှင်အရာရာကိုထိုးထွင်း
သိလိုသောစိတ်ပြင်းပြသည့်လူငယ်
များအဖြစ်ကြီးပြင်းလာရမည်သာ
ဖြစ်ကြလိမ့်မည်။ထိုမှတစ်ဖန်
နယ်ပယ်အသီးသီးတွင်တတ်သိ
နားလည်နှံ့စပ်သောလူကြီးများအဖြစ်သို့ရောက်လာနိုင်မည်မှာဧကန်မုချ
အမှန်ပင်ဖြစ်ပါသည်။
ဤသို့သောအခြေအနေရောက်မှသာလျှင်၎င်းတို့၏လက်ဝယ်သို့အမိ
မြန်မာနိုင်ငံတော်ကြီးကိုဘိုးဘွား
အမွေအနှစ်အဖြစ်ထိန်းသိမ်း
စောင့်ရှောက်ဖို့ရန်ထားရစ်ခဲ့နိုင်မှသာစိတ်ချရမည်
ဖြစ်ပါပေတော့သည်။
Credict Photo:Google
Aung Thar Kyaw
MSC-138

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good post

Nice post

Thanks!Bro

ရေးသားသူနဲ့ MSC No ထည့်​​ပေးပါ

ဟုတ်

Right and nice post , Bro

ကောင်းပါတယ်

Good

ကျွန်တော် တို့ ကလေးဘဝ တုန်းကလဲ အယ်လို့ ပဲ မေးချင်တာမေးခဲ့ မှ ခုမှ တူ တယောက် ကို ထိန်းမှ သိလာတယ် စိတ်ရှည် လက်ရှည်ကို ဖြေပေးနေရတယ်။

ကောင်းပါတယ်အစ်ကိုရေ

Good luck bro

good

အခုရော စာသင်ပြတဲ့ဆရာအလုပ်ကိုလုပ်တုန်းပဲလား broရေ
ဆရာဆိုတာလည်း တော်ရုံစိတ်ထားနဲ့မရနိုင်ဘူးလို့ထင်တယ်
ဘာလို့ဆိုတော့ ကလေးတွေအပေါ် တော်တော်လေးစိတ်ရှည်ကြရတယ်လေ။ တစ်ခြို့ဆရာတွေကြတော့ စာသင်နေရတာကိုက သူတို့ရဲ့ပျော်ရွှင်မှုတစ်ခုဖြစ်နေပြန်ရောပဲဗျာ။

  ·  7 years ago (edited)

good post

Good bro