ပြက္ခဒိန်အကြောင်း သိကောင်းစရာ

in myanmar •  7 years ago 

ဒီနေ့တော့ကျွန်တော်ကိုယ်တိုင်
သင်္ကြန်ကတည်းကမရှင်းမလင်း
ဖြစ်နေတဲ့အကြောင်းအရာလေးတစ်ခု
ကိုဖော်ပြချင်ပါတယ်။ကျွန်တော့်ရဲ့
ဆရာတစ်ယောက်ကိုမေးထားတာ
လေးပြန်မျှဝချင်ပါတယ်။ဝတ္ထုအပိုင်း
ကတော့ နောက်မှပဲတက်တင်တော့
မယ်။ဒါလေးကကြားဖြတ်ရေးချင်
နေလို့ပါ။
စာဖတ်သူတို့
ရောစဉ်းစားမိရဲ့လားတော့မသိဘူး။
သင်္ကြန်ကတန်ခူးလထဲမှာမဟုတ်ဘဲ
ကဆုန်လထဲမှာရောက်နေတာကိုပေါ့။
ကျွန်တော့်ဦးနှောက်နဲ့လည်းနားမ
လည်နိုင်ဘူးပေါ့လေ။ဘာကြောင့်လဲ
ဆိုတာကိုပေါ့။

ဒါကိုအမေးအဖြေပုံစံလေးနဲ့ဆိုရင်
ပိုပြီးစိတ်ဝင်စားစရာကောင်းနိုင်ပါတယ်။ဆရာနှင့်တပည့်ပုံစံလေးပေါ့။
တပည့်။ ။ဆရာရေ့ မတ်လဟာ
တပေါင်းလလို့ပုံသေ
ထားတာမှန်ရဲ့လား?
ယခုနှစ်မှာမတ်လ(၂၇)
ရက်(တပ်မတော်နေ့)
ကတန်ခူးလဆန်း(၁၁)
ရက်(အဂါင်္နေ့)ဖြစ်နေ
တာကိုစိတ်ထဲမှာမရှင်း
လို့ပါ။
ဆရာ။ ။တန်ခူးလဟာနှစ်မျိုးရှိ
တယ်ကွ။နှောင်းတန်ခူး
နှင့်ဦးတန်ခူးဆိုပြီးပေါ့။
နှစ်ဟောင်းဘက်မှာပါ
နေရင်နှောင်းတန်ခူးလို့
ခေါ်ပြီးနှစ်သစ်ဘက်မှာ
ပါနေရင်ဦးတန်ခူးလို့
ခေါ်တယ်ကွ။
ဒါတွေနဲ့အရင်ဆုံးဆက်
စပ်ကြည့်ဖို့လိုတယ်။
ပထမဆုံးအင်္ဂလိပ်လနဲ့
မစဉ်းစားသေးဘဲ
မြန်မာလကိုပဲဆက်စပ်
ကြည့်ရအောင်။
ပြက္ခဒိန်ယူလာခဲ့။
တပည့်။ ။ဟုတ် ဆရာ
ဒီမှာပြက္ခဒိန်ပါ။
နောက်တစ်ခုကလေ
နှစ်ဆန်းတစ်ရက်က
လည်းတန်ခူးလဲထဲ
မဟုတ်ဘဲကဆုန်လထဲ
ရောက်နေတယ်ဆရာ။
သင်္ကြန်အကျနေ့က
တန်ခူးလကွယ်ဖြစ်နေ
တယ်။အင်္ဂလိပ်ရက်နဲ့
ဆိုရင်တော့April(14)
ရက်နေ့ကျတယ်။
နှစ်ဟောင်းထဲမှာကဆုန်
လကနှစ်ရက်ပါသွား
သေးတယ်။
ဒီလိုမကိုက်ညီတဲ့
အချက်ကလေးတွေ
ဘာလို့ဖြစ်ရတာလဲ။
ဆရာ။ ။တကယ်ကတော့
အကြောင်းအရင်းရှိ
တယ်လေ။
မြန်မာပြက္ခဒိန်က
စန္ဒြမာသဆိုတဲ့လသွား
နှုန်းနဲ့တွက်တာ။
ဒါကြောင့်လပြည့်က
တော့အမြဲတမ်း
လဆန်း(15)ရက်ပေါ့။
လကွယ်ကတော့
ရက်စုံရှိတဲ့လနှင့်
ရက်မစုံရှိတဲ့လဆိုပြီး
နှစ်မျိုးတော့လဆန်း
(14)ရက်ကလည်း
လကွယ်ဖြစ်နိုင်သေး
တယ်။ဒီလိုရက်စုံလ
နှင့်ရက်မစုံလတွေက
ရက်တွေစုစုပေါင်း
လိုက်ရင်တစ်နှစ်ကို
(354)ရက်လောက်ပဲ
ရတယ်။အင်္ဂလိပ်
ခရစ်နှစ်ကတော့
(365)ရက်ရှိတယ်။
လေးနှစ်တစ်ခါလည်း
တစ်ရက်တိုးတော့
ရက်ကွာခြားမှုကိုက်
ညီသွားတယ်။
မြန်မာနှစ်မှာတော့
သုံးနှစ်တစ်ကြိမ်
လောက်ဝါထပ်ပေး
ပေမဲ့လည်းရက်
မလောက်တာတွေ
အခုနောက်ပိုင်းမှာ
ဖြစ်လာတယ်။
ဒါကြောင့်လည်းအခု
လိုကွာခြားမှုတွေ
ဖြစ်တာပေါ့ကွာ။
တပည့်။ ။ဟုတ်ကဲ့ ဆရာ
ကျေးဇူးပါပဲ။

နောက်ထပ်စိတ်ဝင်စားစရာကောင်း
တဲ့ကွာခြားမှုတွေရှိနေရင်လည်း
ဝင်ရောက်ဆွေးနွေးပေးပါဦးခင်ဗျ။

PicsArt_01-01-11.17.19.jpg
Written by:Aung Thar Kyaw
@aungtharkyaw
MSC-138

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဗဟုသုတရပါတယ်ဗျာ စာကတော့ နည်းနေသလားလို့

လဆုတ် ၁၄ ရက်လို့ ရေးတာလား ဆန်း ဖြစ်နေလို့

good-kama လို့ ဘာကြောင့် tag တွဲပါသလဲ

tag တွဲတာက သင့်လျော်ရာဆိုပိုအဆင်ပြေမယ်ထင်ပါတယ် အခုဟာကမဆိုင်သလိုဖြစ်နေသလားလို့ပါ အကြောင်းအရာလေးကတော့ ဗဟုသုတရပါတယ်ဗျာ

ဗဟုသုတ များစွာ ရရှိပါသည် ညီလေး

ဗဟုသုတလေးတော့ရတယ်ဗျာ
ဒါပေမဲ့ ကိုယ့်ရဲ့စာကိုလှအောင် တန်ဆာဆင်သင့်ပါတယ်

ဗဟုသုတရ​စေပါတယ်​ဗျာ

မြန်​မာလ​တွေ​တောင်​ ​တော်​​တော်​​လေး​မေ့​နေပြီ အင်္ဂလိပ်​လပဲ မှတ်​တာများ​နေ​တော့