သောက

in myanmar •  6 years ago 

မခေါ်ပဲရောက်လာခဲ့သော်လည်း
သင်သည်ငါ့ထံမှ ပြန်သည်မရှိတော့ပဲ
ငါ့အားအတော်လေး သံယောစဉ်
ရှိခဲ့ဟန်တူလေ၏။
လာခြင်းမကောင်းခဲ့သလို
ငါ့အားကောင်းကျိုးတပါဒမှ
မပေးခဲ့သော်ငြားလည်း
အနေကြာလာသောအခါ
ငါ သင့်ကို သံယောစဉ်
ရှိ သလိုလိုတောင်ဖြစ်လာခဲ့တယ်။
သင့်ရဲ့ ပုံပန်းသဏ္ဏန်ကို
တစ်ခြားသူတွေ မမြင်ဘူးကြသလို
ငါ ကိုယ်တိုင်လည်း
ကွဲကွဲပြားပြား မမြင်ဖူးသေးတာတော့
ဝန်ခံပါရစေ။
သင် ရောက်လာကတည်းက
ငါ့မှာ ပူဆွေးမှုတွေ
ဝမ်းနည်းမှုတွေ ငိုကြွေးခြင်းတွေ
ကြုံခဲ့ရသော်လည်း
သင်နဲ့ငါဟာ တစ်သားတည်းကြပြီး
သင်ဟာ ငါ့ရဲ့ ကိုယ်ပိုင်ပစ္စည်း
တစ်ခုလို ဖြစ်လာခဲ့တယ်လေ။
Sad-Guy-Image-600x375.jpg
source

Author>>>@aungzawhtwe

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တွဲလောင်းလေးလား 😁

တွဲလောင်းလေးတော့ မဟုတ်ဘူး တူလူလေး။

သောက သောက သင်းကြောင့် ခက်လှပါလားကွယ်

အဲ့သင်းလေး မရှိရင်အတော်ကောင်းမယ်။

Unfortunately I dont understand what is wtitten, but have a question.Is that the pose of person suffering from clinical depression?

Posted using Partiko Android

Thanks for comment. This may be, but a feeling for my poem.

ဘူ့ / ဘာ့ ကို ရည်ညွှန်း တာလား

သောက ကိုပြောနေတာပါဆို။

သောကတေ နည်းစေဖို့ ဆုတောင်းပေးပါတယ်😁

ဆုတောင်းပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ။