UNCERTAINTY

in myanmar •  7 years ago 

529319_570225813012403_719814001_n.jpg
I am a Buddhist. Buddha orders had been happy about it. I'm very favorite words. That's what, who do not trust it. Finally, I believe the wrong idea. Great words. God had said, there are still trying to understand and accept so far. But I do not believe that. Doubt could mean a disadvantage. Doubts (16) has marked the long-awaited.

  1. I have been in the past.
  2. I have not been in the past.
  3. I have been in the past, what he is.
  4. What happened in the past, I say.
  5. Who is who in the past I was him.
  6. I am certain in the future.
  7. I am in the future is not certain.
  8. What I have in the future is less certain.
  9. What I have in the future is less certain.
  10. I Who is Who in the future is less certain.
  11. I was really.
  12. I am not a bear.
  13. I have no gambling.
  14. How do I measure.
  15. I left him.
  16. What I am less certain.
    Evasively, just by hearing called, 'Skepticism've been marked.
    The evasively Sometimes .
    It's an ordinary human being, do they think this.
    Even in the ordinary human being want to explore ordinary than the ordinary human being educated
    Class is more thinking time.
    I've marked some thought as information only.
    Aung Zaw Htwe
    gautam_buddha_PG66_l.jpg

ကျွန်တော်ဟာ ဗုဒ္ဒဘာသာဝင် တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဘုရားရှင် ကိုယ်တော်မြတ်ကြီးဖြစ်တဲ့ဂေါတမ ဗုဒ္ဒမြတ်စွာ ဘုရား မိန့်ခဲ့ဖူးတဲ့စကားတစ်ခွန်းရှိခဲ့ဖူးပါတယ်။ ကျွန်တော်သိပ်ကြိုက်တဲ့စကားပါ။ အဲဒါက ဘာလဲဆိုတော့ ဘယ်သူပြောတာမှ မယုံပါနဲ့တဲ့။ နောက်ဆုံး ငါဘုရားဟောတိုင်းလဲ မယုံပါနဲ့ဆိုတဲ့စကားပါ။ သိပ်ကောင်းတဲ့ စကားပါပဲ။ ဘုရားရှင် ဟောခဲ့ပြောခဲ့တဲ့ စကားတွေကို နားလည် လက်ခံဖို့ဆိုတာ အခုထိ ကြိုးစားနေရတုန်းပဲ ရှိပါသေးတယ်။ မယုံကြည်တာ မဟုတ်ဘူးနော် ။ ယုံမှားသံသယ( ၀ိစိကိစ္ဆာ) ဖြစ်တာကို ဆိုလိုတာပေါ့လေ။ ၀ိစိကိစ္ဆာ ယုံမှားသံသယ (၁၆) မျိုး ရှိတယ်လို့လည်း မှတ်သားခဲ့ရဖူးပါတယ် ။ အဲဒါတွေကတော့
၁။ ငါသည် အတိတ်ကာလ၌ ဖြစ်ခဲ့သလော။
၂။ ငါသည် အတိတ်ကာလ၌ မဖြစ်ခဲ့သလော။
၃။ ငါသည် အတိတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်ခဲ့သနည်း။
၎။ ငါသည် အတိတ်ကာလ၌ အဘယ်သို့ ဖြစ်ခဲ့သနည်း။
၅။ ငါသည် အတိတ်ကာလ၌ အဘယ်သူဖြစ်ပြီး နောက်အဘယ်သူ ဖြစ်ခဲ့သနည်း။
၆။ ငါသည် အနာဂတ်ကာလ၌ ဖြစ်လတ္တံလော။
၇။ ငါသည် အနာဂတ်ကာလ၌ မဖြစ်လတ္တံလော။
၈။ ငါသည် အနာဂတ်ကာလ၌ အဘယ်သို့သောသူ ဖြစ်လတ္တံနည်း။
၉။ ငါသည် အနာဂတ်ကာလ၌ အဘယ်သို့ဖြစ်လတ္တံနည်း။
၁၀။ ငါသည် အနာဂတ်ကာလ၌ အဘယ်သူ ဖြစ်ပြီး နောက် အဘယ်သူ ဖြစ်လတ္တံနည်း။
၁၁။ ငါသည် ဟုတ်ပါလေ၏လော။
၁၂။ ငါသည် မဟုတ်လေသလော။
၁၃။ ငါ ဘယ်သူဖြစ်သနည်း။
၁၄။ ငါ ဘယ်သို့ ဖြစ်သနည်း။
၁၅။ ငါသည် အဘယ်မှ လာသနည်း။
၁၆။ ငါသည် အဘယ်သို့ သွားလတ္တံနည်း။
စသည်အားဖြင့် ဝေ့လည်ကြောင်ပတ် ဖြစ်နေတာတွေကို '၀ိစိကိစ္ဆာ'လို့ ခေါ်သည်ဟု ကြားနာ မှတ်သားခဲ့ရဖူးပါသည်။
အဲဒီဝေ့လည်ကြောင်ပတ်မျိုးကိုတော့ တစ်ခါတစ်ခါ ကျွန်တော်တို့ ကိုယ်တိုင် ဟိုတွေး
သည်တွေး တွေးမိပါတယ်။ ဒါကတော့ ပုထုဇဉ်တိုင်း ဒီလို တွေးတတ်ကြသတဲ့။
ပုထုဇဉ်ထဲမှာတောင်မှ သာမန်ပုထုဇဉ်ထက် စူးစမ်းလေ့လာချင်တဲ့ ပညာတတ်
လူတန်းစားများက ပိုတွေးတတ်ကြပါသတဲ့။
ကျွန်တော်တွေးမိသလောက်နဲ့ မှတ်သားဖူးသလောက် တင်ပြခြင်းသာဖြစ်ပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Nice