တစ်နေ့ ကျွန်တော်အလုပ်သွားရင်း စောသေးတာ
နဲ့ဆူးလေပန်းခြံထဲ ဝင်ထိုင်အုံးမယ်ဆိုပြီး ပန်းခြံထဲ
သို့လှမ်းဝင် လာခဲ့လေသည်။ ဆူးလေပန်းခြံ သည်
အရင်လိုမဟုတ်တော့ပဲ ပြုပြင်ပြောင်းလဲမှုတွေလုပ်
ထားပြီးကထဲက အရင်ကထက်လူများ လာရောက်
အပန်းဖြေမှု များပြားလာခဲ့သည်။စိမ်းစိမ်း စိုစိုလှလှ
ပပနဲ့အလွန်တင့်တယ်လို့ နေလေသည်။
ကျွန်တော်လဲ ပျင်းပျင်းရှိတာနဲ့ ပန်းခြံကိုတစ်ပတ်
ပတ် လျှောက်ကြည့်ပြီး ညောင်းလာတာနဲ့ တစ်နေ
ရာရာ ဝင်ထိုင် အုံးမှဆိုပြီး ဟိုကြည့် ဒီကြည့်လိုက်
ကြည့်လေရာ နေရာလွတ်ကို သိပ်မရှိလှပေ။အတွဲ
တွေကလည်း သူဟာ့သူဟိုနား တစ်စုဒီနားတစ်စု
ထိုင်နေကြလေသည်။သူငယ်ချင်းတွေ အုပ်စုဖွဲ့၍
ဆော့တဲ့သူကဆော့၊ လမ်းလျှောက်သူကလျှောက်
နဲ့ စည်ကားကာနေလေသည်။ကျွန်တော်လဲ ထိုင်
အုံးမှပဲဆိုပြီး လွတ်လပ်ရေး ကျောက်တိုင်ကြီး ရှိ
ရာသို့ လျှောက်လာခဲ့လေသည်။
ကျောက်တိုင်နားရောက်တော့ အပေါ်လှေခါးထစ်
လေးတွေပေါ်သို့ တက်ထိုင်ရင်း လက်ထဲကဖုန်း
ဖြင့်ဝါသနာအရ view လိုက်ရှာရင်း စိတ်ထဲလှ
မယ်ထင်တဲ့ ရှုခင်းပုံလေးတွေ လိုက်ရိုက်ရင်းနေမိ
လေသည်။အဲ့မှာကျွန်တော် လူတွေကိုလိုက်ကြည့်
နေရင်း သားအမိနှစ်ယောက်ကို သွားသတိထားမိ
လေသည်။ပုံမှန်ဆိုရင်တော့ ထူးထူးခြားခြား သတိ
ထားစရာတော့မရှိပေ။ ဒါပင်မဲ့ သူတို့သားအမိကို
ကြည့်ရတာကျွန်တော့် စိတ်ထဲနည်းနည်းထူးဆန်း
လို့နေလေသည်။ ကျွန်တော်လဲ သူတို့သားအမိနှစ်
ယောက်ကို လိုက်ကြည့်နေမိလေသည်။ သားအမိ
ဆိုသည်မှာ အမေနဲ့ သူ့သမီး(3)/(4)နှစ်သာ
သာကလေးမလေး ဖြစ်လေသည်။ အမေကသူသ
မီးကို တိုးတိုး တိုးတိုးနဲ့ အနားကပ်ပြီး ဘာတွေပြော
နေသည်မသိ၊ ကျွန်တော်လဲသူတို့ နှစ်ယောက်ကို
ပဲမျက်တောင် မခပ်လိုက်ကြည့်နေမိလေသည်။
တစ်ခြားသူများကတော့ သူ့အာရုံနဲ့သူ အလုပ်ရှုပ်
နေကြသဖြစ် သူတို့သားအမိနှစ်ယောက်ကို သိပ်
သတိမထား မိကြချေ။
ကလေးမလေးကို သူအမေက လွယ်အိပ်လေး
လွယ်ပေးပြီးတော့ တစ်နေရာကို ထွက်သွားလေ
သည်။ ကလေးမလေးကတော့ သူတစ်ယောက်ထဲ
ဟိုကြည့်ဒီကြည့်နဲ့ လိုက်ကြည့်နေလေသည်။ကျွန်
တော်လဲဒီ ကလေးမလေး ဘာလုပ်မလို့ဘာလိမ့်
လို့ဆိုပြီးလိုက် ကြည့်နေမိလေသည်။ သိပ်မကြာ
ပေကလေးမလေးက အတွဲတွေရှိတဲ့ နေရာကိုဦး
တည်ပြီးလျှောက်သွားလေသည်။ အတွဲတွေက
လည်းထုံးစံအတိုင်း ထီးလေးတွေကွယ်ပြီး ဘာတွေ
ဆွေးနွေး တိုင်ပင်နေကြသည် မသိ ပတ်ဝန်းကျင်
ကိုဂရုမစိုက်အား သူတို့ဟာသူတို့အလုပ်ရှုပ်နေရာ
ကလေးမလေးက သူတို့ထီးဘေးနားမှာချထား
သော ဖုန်းနဲ့ နားကျပ်ကို ယူမလို့လုပ်နေလေသည်
မျက်လုံးကလည်း ဟိုကြည့်ဒီကြည့်နဲ့ ဂနာမငြိမ်
ဖြစ်နေသည်။ သူ့ကိုကျွန်တော် ကြည့်နေတာကို
တော့ ကလေးမလေးက သတိမထားမိပေ။
ကလေးမလေးက ဖုန်းကိုလက်လှမ်းပြီး ဆွဲယူတာ
ဘာနဲ့ငြိနေသည်မသိ ယူမရပေ၊ ဖုန်းကို ဆွဲမရ
တာနဲ့ ဖုန်းဘေးက နားကျပ်ကို အသာလေးဆွဲယူ
သွားလေသည်။ ထီးထဲကအတွဲကတော့ ဘာမှမသိ
ရှာပေ၊ အပြင်လူများလဲဘယ်သူမှသတိမထားမိပေ
ကလေးတစ်ယောက် ဟိုဒီလိုက်ဆော့နေကြသည်
ပဲထင်ကြသည်မသိ။ အဲကလေးမလေးက နောက်
တစ်နေရာ အတွဲရှိတဲ့ ထီးနားကပ်သွားပြီး နောက်
ထပ်ပစ္စည်းတစ်ခုကို ယူလာခဲ့ပြန်လေသည်။ဒီတစ်
ခါပါသွားတာကတော့ power bank တစ်ခုဖြစ်
လေသည်။ သူ့အမေကတော့ အဝေးကနေ သူ့သမီးအခြေ အနေကို အကဲခတ်နေလေသည်။
ကလေးမလေးက အဲလို့နဲ့ အတွဲလေးငါးတွဲမှ သူခိုး
လို့လွယ်တဲ့ပစ္စည်းလေးတွေကို လိုက်ခိုးနေလေ
တော့သည်။ ကျွန်တော်လဲ အစကတော့ သွားပြော
မယ်ဆိုပြီး စိတ်ကူးပြီးကာမှ ကလေးကအလွန်ငယ်
နေသေးတာကတစ်ကြောင်း သူအမေကြီးကလည်း
ရှိနေတာကတစ်ကြောင်း၊ ကိုယ်သွားပြောလိုက်မှ
ကလေးအတွက် တစ်ခုခုဖြစ်သွားမလားဆိုပြီး မပြောပဲ နေလိုက်လေတော့သည်။ကလေးမလေး
ကပစ္စည်းများလိုက်ခိုးပြီးတော့ သူအမေကို သွား
သွားပေးလေသည်။ သူအမေက ထိုပစ္စည်းများကို
သူ့အိတ်ထဲသို့ပြောင်းထဲ့ပြီး ပန်းခြံအပြင်သို့သားအ
မိနှစ်ယောက်ထွက်သွားကြလေသည်။
ကျွန်တော်စဉ်း
စားကြည့်မိသည် ဒီကလေးမလေးရဲ့ အမေသည်
ဘယ်လိုစိတ်ကြောင့်များ သူ့သမီးလေးကို ဒီလို
အလုပ်မျိုး လုပ်ခိုင်းရက်သည်မသိ၊ ကလေးရဲ့ဘာ
မှမသိသေးတဲ့ အဖြူရောင်စိတ်ကို မကောင်းတဲ့
ညစ်နွမ်းတဲ့ စိတ်တွေ သင်ပေးနေသည်မသိ။ ဒီအ
လုပ်ကို ဘယ်အချိန်ထိ လုပ်ခိုင်းနေမည်မသိ။ ဒီက
လေးမလေး ကြီးလာရင်ရော ဒီပုံစံအတိုင်းသာဆို
ရင် တွေးဝန့်စရာမရှိပေ။ အမေ မပီသတဲ့အမေ
ကြောင့် ကလေးမလေး၏ ရှေ့လျှောက်အနာဂါတ်
အတွက်များစွာ ရင်လေးမိလေသည်။ ဒီလိုမိဘမျိုး
တွေဘယ်နှစ်ယောက်လောက်တောင် ရှိနေသည်
မသိပေ။ မိဘဆိုတာ သားသမီးတွေအတွက် ရှေ့
ဆောင်လမ်းပြ ဖြစ်လေသည်။ မိဘတွေလုပ်သမျှ
ကို သားသမီးတွေက လိုက်အတုယူတတ်သည်။
လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိ နှင့် ဘ
ဆိုသလိုပင် သားသမီးတွေရဲ့ လက်ဦးဆရာသည်
မိဘများဖြစ်ကြလေသည်။ ထို့ကြောင့် မိဘများ
သည် ကိုယ့် သားသမီးများ အတုယူ မမှားရစေ
အောင် အနေအထိုင် အပြောအဆို ကို များစွာဆင်
ခြင်ကြရန်လိုအပ် ပေသည်။ သားသမီးမကောင်း မိ
ဘခေါင်း ဆိုသည်မှာ ထိုသားသမီး ကောင်းသည်
ဆိုးသည် မှာ မိဘတွေ အခရာ ကြောင့်ဖြစ်လေ
သည်။ထို့ကြောင့် ကလေးတွေရဲ့ အနာဂါတ် သည်
မိဘများ၏ သွန်သင်ပြသ ဆုံးမမှုနှင့် များစွာသက်
ဆိုင်လေသည်။သားသမီးတွေ အတုယူ မမှားစေ
ရန်လည်း မိဘတိုင်းတွင် တာဝန်ရှိလေသည်။
(ပြီး)☆☆☆
(အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုတိုင်း
တ ရနိုင်ကြပါစေ..)
#credit Google image
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
နားရွက်ကိုက်ခံရမယ့် မိဘ မျိုးပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အမှန်ပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုခေတ်မှာ ဒီလို အဖြစ်ပျက်လေးတွေ အတွေ့များလာပီ။ အချောင်နေ အချောင်စား ဘ၀တွေမှာ ပျော်မွေ့နေတဲ့ မိသားစုတွေ တွေ့နေရပီ။ ကလေးတွေအတွက် ရင်လေးစရာ ပါပဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ကလေးတွေကိုငယ်ငယ်ထဲကဒီလိုတွေသင်ပေးနေတောကြီးလာရင်မလွယ်ဘူးအလွယ်လိုက်တဲ့မိဘကြောင့်ကလေးတွေဘဝပျကြတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကလေးဆိုတာဖယောင်းလိုပါပဲ ပုံသွင်းတတ်ဖို့လိုပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Right👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကလေးမလေး သနားပါတယ်။ဒီလိုမိဘမျိုးနဲ့ လာကြုံတွေ့ရတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘမပီသတဲ့မိဘမျိုးကြောင့်သားသမီးတွေဒုက္ခရောက်ရတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တော်တော် မဟုတ်တဲ့ မိဘပဲဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ကလေးအတွက်တော့စိတ်မကောင်းဖြစ်မိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်လိုမိဘမျိုးပါလိမ့်နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit