To....♡♡♡

in myanmar •  7 years ago  (edited)

♡စိတ်ကောက်တက်သောချစ်သူလေး...သို့♡
image
♡စိတ်ကောက်နေတဲ့ ချစ်သူကိုချော့သိပ်ဖို့
ချောကလက် အိမ်မက်လေးတွေကချိုအီမွှေးလို့...

♡ကောင်ကင်ပြာကြီးပေါ်မှာ ခိုတွဲနေတဲ့
ကြယ်ပွင့်လေးတွေနဲ့ လရောင်တွေရဲ့ ပွင့်ဖက်ကလည်း
ဖျက်ခနဲ...ဖျက်ခနဲမြူးခုန်ကလို့....

♡ချစ်သူပါးပြင် ဖောင်းဖောင်းလေးရဲ့အပြုံးထဲမှာ
တူတူပုန်းတမ်း ကစားချင်တဲ့ အချစ်စိတ်က
တိတ်တိတ်လေး ခုန်ချသွားလိုက်တာ
ရှက်ကိုးရှက်ကန်းနဲ့ပေါ့....

♡ချစ်သူရဲ့ နှင်းဆီနှုတ်ခမ်းဖူးဖူးမှာ
စိတ်ကူးတွေ စိုက်ခွင့်ပျိုးခွင့်ရနိုင်မလား...
ချစ်ခြင်းတရားဆိုတာ ရောင့်ရဲမှုမှ မရှိနိုင်ဘဲ....

♡ပန်းနုရောင် ကိုယ့်နှလုံးသား
တယောထိုးသံလေးကတော့...
ဘဝတစ်သက်တာ ရွာကျမဲ့
ဝါကျတစ်ကြောင်းအတွက်
သံသယဖြစ်စရာ မလိုပါဘူး...
နှစ်ဦးသဘောတူ ခိုင်မြဲခဲ့တဲ့ အချစ်တွေက
ထပ်တူထပ်မျှ....။
image
@aungzin
MSC No. 242

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အဲလဲ့ အဲလဲ့ 😄

😄

ရည်းစားစာ​တွေ​ရေး​နေတာလားဟင်
က​ဗျာ​လေး​ကောင်းတယ်​bro ဘာပဲဖြစ်​ ဖြစ်​ cmt bot ရ​အောင်​စာရှည်​ရှည်​​ရေးရတာ​ပေါ့​နော်​။ 😄