အခုပြောချင်မဲ့အကြောင်းလေးကတော့ program basicသမားများအတွက် အသုံးဝင်တဲ့ applicationတခုဖြစ်ပါတယ်။onlineဖွင့်ရပေမဲ့ အရမ်းအကျိုးရှိတဲ့ Application တခုဖြစ်ပါတယ်။
Sololearnမှာဆိုရင် ယခုအများဆုံး အသုံးပြုနေကြတဲ့ program languageတွေရဲ့ basicတွေကို အခြေခံထားတာဖြစ်ပါတယ်။
အောက်မှာ ပုံနဲ့ အတူ ရှင်းပြထားပါတယ်။
ပထမဆုံးပုံကတော့ basic learningလို့ခေါ်ပါတယ်။
Program language တခုချင်းဆီနှိပ်ပြီး သင်ယူလို့ရပါတယ်။
ပထမဦးဆုံး javaကို နှိပ်လိုက်ပြီဆိုပါတော့ အောက်ကပုံအတိုင်း ကျလာပါလိမ့်မယ်။
အခု တွေ့နေရတဲ့ထဲက အဆင့် တဆင့်ချင်းဆီကို သင်ယူရမှာဖြစ်ပါတယ်။
အားလုံးပြီးဆုံးသွားတဲ့ သင်ယူရမှာဖြစ်သလို လွယ်လည်းလွယ် စိတ်ဝင်စားစရာကောင်းပါတယ်။
အောက်ကပုံအနေနဲ့ conceptတခုမှာ questionလေးတွေရှိပါတယ်။
Questionလေးတွေဖြေဖို့အတွက်ဆို စာတော့နည်းနည်းဖတ်ရပါတယ်။
Questionလေးတွေက program basicသမားတွေအတွက် တော်တော်အသုံးဝင်ပါတယ်။ basicအခြေခံမရှိသူတွေအတွက်လည်း နားလည်ရလွယ်ကူပါတယ်။
ကဲဒာဆို မေးခွန်းလေးတွေ ဖြေကြမယ်ဆိုရင် နားလည်တာရှိသလို နားမလည်တာလည်းရှိမှာဘဲ။ဘာမှပူစရာတော့မရှိပါဘူး။
အကယ်၍ မှားတယ်ဆိုရင် commentမှာကြည့်လို့ရပါတယ်။
ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ conceptကိုရှင်းပြထားပါတယ်။
ဒါဆို နောက်တဆင့် ရှင်းပြပါရစေ။
အခုပုံမှာဆိုရင် ပြိုင်ပွဲလို့ ခေါ်ရမယ်။
ကိုယ်လိုပဲ basicနားလည်တဲ့သူတွေနဲ့အတူ ပြိုင်ရမှာပါ။
Basicတွေ နားလည်ရင် နိုင်မှာပါ။
နောက်တဆင့်ကို ဆက်သွားပါမယ်။
အပေါ်ကပုံကတော့ ကိုယ်followလုပ်ထားတဲ့သူတွေ တင်တဲ့postတွေကို မြင်ရမှာဖြစ်ပါတယ်။
နောက်တဆင့် ဆက်သွားကြတာပေါ့။
ဒီမှာကတော့ worldမှာတော်တဲ့သူတွေ ရေးထားတဲ့programတွေကို မြင်ရမှာဖြစ်ပါတယ်။
စိတ်ဝင်စားဖို့လည်း အရမ်းကောင်းပါတယ်။
လေ့လာရင် အရမ်းအကျိုးရှိပါတယ်။
ဒီမှာတော့ ကိုယ်သိချင်တာ မေးလို့ရသလို ဆွေးနွေးလို့လည်းရပါတယ်။
နောက်ဆုံးအဆင့်ကတော့ program တွေသင်ပြီးသွားရင် cetificateရမှာပါ။
Programမှာ အဆင်ပြေပြေ သင်နိုင်ကြပါစေ။