ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့အောက်လမ်းအတတ်
မြန်မာအောက်လမ်းမှတ်တမ်းမှာတော့ အရင်ကကော လက်ရှိအချိန်မှာပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သုံးလေ့ရှိတဲ့ အောက်လမ်းအစီအရင်တစ်ခုကို သတိပြုမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။ အဆောက်အအုံတစ်ခုဆောက်တော့မယ်ဆိုရင် လူအသက်ကို စတေးမှ အောင်မြင်စွာပြီးစီးတယ်ဆိုတာကို ကြားဖူးကြမှာပါ ..။ ဟုတ်ပါပြီ။ ဒီတော့ ဒီအစီအရင်ကြီး တစ်ခုလုံးဘယ်လိုလုပ်ဆောင်လဲဆိုတာ ကျွန်တော်ဖွင့်ချပြပါ့မယ်။
နေမွန်းတည့်ချိန်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာကျလာတဲ့ လူတစ်ယောက်ရဲ့ အရိပ်ကို ကြိုးနဲ့တိုင်းပြီး ထိုကြိုးကို အဆောက်အအုံ ပန္နက်ချရာနေရာမှာမြှုပ်နှံပါတယ်။ ဘယ်သူက အရိပ်ကိုအတိုင်းခံပါ့မလဲလို့တော့ ပြောစရာရှိပါတယ်။ ဒါပေမယ့် လူကို ဥပါယ်တံမျဉ်နဲ့ခေါ်ပြီး အရိပ်တိုင်းခံရသူတွေ ဒီခေတ်မှာ ဒုနဲ့ဒေးပါ။ သူတို့ကတော့ လက်ရှိအချိန်မှာ ပြန်မပြောနိုင်ကြတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအရိပ်တိုင်းကြိုးကိုမြှုပ်ထားလိုက်ပြီဆိုရင် အဲ့ဒီအရိပ်ပိုင်ရှင်ဟာ (၁၂)လအတွင်း သေဆုံးပြီး သူ့ဝိညာဉ်ဟာ မြေကြီးအောက်ထဲမှာချုပ်ပြီးသားဖြစ်သွားတာကြောင့် ဘုမ္မစိုးတွေကျေနပ်ကာ ဆောက်လုပ်ရေးအောင်မြင်တယ်လို့ဆိုကြပါတယ်။
တစ်ခုသတိပေးလိုတာကတော့ ယခုဖော်ပြတဲ့နည်းလမ်းဟာ ဆင်ခြင်နိုင်ကြစေဖို့ တင်ပေးတာဖြစ်ပြီး စမ်းကြည့်နိုင်စေဖို့တင်ပေးရခြင်းမဟုတ်ပါ။ ယခုအစီအရင်တွင် အချို့ စီရင်နည်းများကို ချန်လှပ်ထားခဲ့ပါသောကြောင့် စမ်းကြည့်ပါကလည်း ဘေးထွက်ဆိုးကျိုးများ၊ ပရလောကသားများ၊ ပုံရိပ်ယောင်များ၏ ရန်ရှာခြင်းကိုသာ ခံရမည်ဖြစ်ပါကြောင်း သတိပေးလိုက်ရပါသည်။
ကာရှိုင်း (ကြယ်စင်ချစ်သူ)
@aurokarshine
Congratulations @aurokarshine! You have received a personal award!
Click on the badge to view your Board of Honor.
Do not miss the last post from @steemitboard:
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit