ဆန္ဒပြည့်မှော်ဖန်ပုလင်း

in myanmar •  7 years ago 

image
ကိုယ့်မှာအရမ်းဖြစ်ချင်နေတဲ့ ဆန္ဒတစ်စုံတရာရှိလို့ရှိရင်
ဒီနည်းလေးကိုသုံးလို့ရပါတယ်။ မဖြစ်နိုင်တဲ့ ဆုတောင်းမျိုးတော့
မဖြစ်မိစေနဲ့ပေါ့။ ဒီနည်းလေးဟာ ရှေးဟောင်း Celtic ဝါဒမှာ
အထူးယုံကြည်ထားကြတဲ့နည်းတစ်ခုပဲဖြစ်ပါတယ်။ ဒီအစီအရင်ကို
သုံးဖို့အတွက် -
-အပြာရောင်ဖယောင်းတိုင်(၁)ချောင်း
-စန္ဒကူးနံ့အမွေးတိုင်(၁)တိုင်
-ဖန်ပုလင်းတစ်လုံး
-အဖြူရောင်စာရွက်အပိုင်းအစတစ်ခု
လိုအပ်မှာပဲဖြစ်ပါတယ်။
အရင်ဆုံး စားပွဲအလွတ်တစ်လုံးပေါ်မှာ ဖယောင်းတိုင်
နဲ့ အမွေးတိုင်ကို အရင်မီးထွန်းညှိလိုက်ပါ။ စာရွက်အပိုင်းအစလေးထဲ
မှာတော့ ကိုယ်အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကိုရေးပါ။ မဖြစ်နိုင်သောဆန္ဒ
မရေးပါနှင့်။ အဲ့ဒီလိုရေးပြီးပြီဆိုရင်တော့ ရေးပြီးစာရွက်လေးကို
လိပ်ကာ ဖန်ပုလင်းထဲကိုထည့်ပါ။ ဖန်ပုလင်းထဲကိုထည့်ပြီးသွားပြီ
ဆိုရင်တော့ ဖန်ပုလင်းထဲကို ရေဖြည့်ပါ။ ရေဖြည့်ရာမှာ ဖြည်းဖြည်း
ချင်းဖြည့်ရမှာဖြစ်ပြီးတော့ ရေဖြည့်နေချိန်မှာလည်း -

"စကြာဝဠာရဲ့စွမ်းအင်ကြောင့် ဆန္ဒတွေတကယ်ပြည့်လာမယ်လို့
ယုံကြည်ပါတယ်။ ဆန္ဒစက္ကူကို ရေခဲထဲမှာထားပြီးနောက်
ဆန္ဒမပြည့်မှာလည်းစိတ်ပူမှာမဟုတ်တော့ပါဘူး။ ငါ့ယုံကြည်မှုက
စကြဝဠာကြီးဖြစ်ပြီးတော့ စကြဝဠာကြီးကိုကျေးဇူးတင်ပါတယ်။ "
လို့ပြောနေရမှာဖြစ်ပြီး ရေကို အပြည့်မဖြည့်ဘဲ
သုံးပုံနှစ်ပုံခန်ံသာဖြည့်ရမှာပါ။ ပြီးနောက် ရေများခဲသွားစေရန်အတွက်
ပုလင်းကိုအဖုံးပိတ်ပြီး ရေခဲသေတ္တာထဲမှာထည့်ထားလိုက်ပါ။
ဆန္ဒပုလင်းကိုရေခဲသေတ္တာထဲမှာပဲ အဲ့ဒီအတိုင်းထားရ
မှာဖြစ်ပြီးတော့ ကိုယ့်ဆန္ဒပြည့်ပြီးနောက်မှာတော့ ဆန္ဒပုလင်းကို
ရေခဲသေတ္တာထဲမှထုတ်ကာ ကိုယ်နဲ့ဝေးရာကိုလွင့်ပစ်လိုက်ပါ။
ဘယ်တော့မှလှည့်မကြည့်ပါနဲ့။ ဘယ်တော့မှ ပုလင်းထဲကစာကို
ဖွင့်မဖတ်မိပါစေနဲ့။

ကာရှိုင်း (ကြယ်စင်ချစ်သူ)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

like

Good.