သင် စိတ်ဓတ် ကျတဲ့အချိန်တိုင်းသင်လုပ်စရာ၂ခုရှိပါတယ်။အဲဒါကတော့သင်ခုလုပ်နေတဲ့အရာကိုဆက်လုပ်ရင်လုပ် မဟုတ်ရင်တခုခုကိုပြောင်းလုပ်ပါ။အဲဒီမှာ ဒုတိယ အချက်ကတော့ထင်သလောက်မလွယ်ပါဘူး။ဒါ့ကြောင့်ကျွန်တော်တို့ ကျရှုံးတဲ့အခါ စိတ်ဓတ် တွေကျနေတဲ့အခါ အပြုံးလေးနဲ့ နေနိုင်အောင်ဘာတွေလုပ်သင့်လဲ?
– မိမိ ကိုယ် မိမိ သိပ်ပြီး ဖိအား မပေးပါနဲ့ ။သိပ်ပြီးခက်ခက်ခဲခဲမဖြစ်ပါစေနဲ့ 
ကျွန်တော် တို့ က မိမိ ကိုယ်ကိုအမြဲ ဖိအား ပေးတတ်ကြပါတယ်။အောင်မြင်ဖို့ အတွက် ဖိအား ပေးကြိုးစားတယ်ဆိုရင် ကျွန်တော် တို့ ကြိုးစားသမျှပြန်ရမယ်။ယခုဖြစ်ပျက်နေတာတွေ ရရှိနေတာတွေကအရင်ကကျွန်တော်တို့ လုပ်ခဲ့ကြိုးစားခဲ့တာပါဘဲ။ဒါ့ကြောင့်သင်စိတ်ဓတ်ကျတဲ့အခါ သင့်ဘဝမှာကြီးကြီးမားမားအောင်မြင်ခဲ့တာ ပျော်ရွှင်ခဲ့တာတွေအကြောင်းပြန်တွေးပါ။သင်အခုလက်ရှိအခြေအနေကိုဘဲ အာရုံ စိုက်ပါ။သင်မရနိုင်တော့တဲ့အရာ အခြေအနေတွေကိုလျစ်လျူရှုလိုက်ပါ။သင့်အပေါ်မှာဖိအားတွေအများကြီးထားမနေပါနဲ့ ။သင့်ကိုသင်ကျေနပ်ရောင့်ရဲမှုရှိပါ။သတိရပါ, ပျော်ရွှင်မှု ဆိုတာရွေးချယ်ခြင်းဘဲ
– အနားယူပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ
သင့် စိတ် ကိုပြန်လည်ဆွဲတင်ဖို့ အကောင်းဆုံးနည်းကတော့အလုပ်တွေ ကျောင်းစာတွေကနေအနားယူပါ။ပြီးရင် ကိုယ်လက်လေ့ကျင့်ခန်း ပ်ပါ။ဥပမာအနေနဲ့ အပြင်ထွက်လမ်းလျှောက်တာတို့ , စက်ဘီးပတ်စီးတာတို့ , gum သွားဆော့တာတို့ လုပ်သင့်ပါတယ်။အိပ်ရာထဲမှာဘဲနေပြီးဝမ်းနည်းမနေပါနဲ့ ။အနားယူပါ။ လေ့ကျင့်ခန်း လုပ်ပါ ။အခက်အခဲတွေကိုကျော်လွှားပါ
– သင် ချစ်တဲ့သူ တွေ သင့်ကို ချစ်တဲ့သူ တွေနဲ့ ဘဲဝန်းရံထားပါ
သင် စိတ်ဓတ် ကျနေတဲ့အခါတွေ သင်အသဲကွဲနေတဲ့အခါတွေမှာ မိသားစု နဲ့ သူငယ်ချင်း တွေကအကောင်းဆုံးအဖော်မွန်တွေပါဘဲ။သင်သူတို့ နဲ့ လူချင်းမတွေ့ နိုင်ရင်တောင်မှဖုန်းခေါ်ပြီးစကားပြောပါ။ chatting ထိုင်ပါ။တခါတလေမှာသင်လိုချင်တာကသင့်ကိုနားထောင်ပေးစေချင်ကြတယ်။
– ရယ်စရာ တွေရှာပါ။ရယ်စရာ စာတွေဖတ် ဇတ်ကားတွေကြည့်ပါ
တခါတလေမှာကျွန်တော် တို့ ကနဲနဲလေးဆိုများများကြီးဖြစ်တတ်ကြပါတယ်။သေချာစဉ်းစားကြည့်ပါ, သင်အခုကြုံတွေနေရတဲ့အခက်အခဲတွေ စိတ်ဓတ် ကျမှုတွေဟာသင် ဘဝ တလျှောက်လုံးကြုံတွေ့ ဖြတ်သန်းခဲ့ရတာတွေနဲ့ ယှဉ်ရင်အသေးအမွှားပါ။ ဝမ်းနည်းမှု ကတခဏတာဆိုတာသိထားပါ။
– ကျန်းမာတဲ့ အစားအသောက် တွေကိုစားပါ
လူတွေစိ တ်ဓတ် ကျနေရင်ဘာစားကြလဲခန့် မှန်းကြည့်စမ်းပါ။ သရေစာတွေ , ကျန်းမာေ ရးနဲ့ မညီညွတ်တဲ့ အစားအသောက် တွေပါဘဲ။အဲဒါတွေနဲ့ ဆန့် ကျင်ဘက်သာလူပ်ပါ။သင်ကျန်းမာလာမယ်။ အသီးအရွက် များများစားပေးပါ။သင့်တင့်မျှတတဲ့ အစားအသောက် စားသုံးခြင်း ကသင့်အတွက်အကျိုးများစွာရစေပြီးသင့် ခန္ဓာကိုယ် အတွက်လည်းလိုအပ်တဲ့အာဟာရတွေရရှိစေပါတယ်။
– အသက်ပြင်းပြင်းရှုပါ
တရားထိုင်ခြ င်းကအများကြီးအထောက်အကူပြုပါတယ်။သင် တရား ထိုင်ရင်းအသက်ပြင်းပြင်းရှုလေ သင့်စိတ်ဓတ်က ဆိုးရွားတဲ့အခြေအနေကနေ ကွာခြားလာလေပါဘဲ။တနေ့ ကိုနာရီဝက်လောက်တရားထိုင်ပါ။ဝင်လေ ထွက်လေမှတ်ပါ။မကောင်းတဲ့စိတ်တွေအဝေးကိုရောက်သွားမှာပါ
-အိမ်မွေး တရိစ္ဆာန် လေး တွေနဲ့ အချိန်ဖြုန်းပါ
အိမ်မွေး တရိစ္ဆာန် လေးတွေကလည်းကုထုံးတမျိုးပါဘဲ။သူတို့ လေးတွေကချစ်ဖို့ ကောင်းတယ်။သင်ဝမ်းနည်းနေရင်သူတို့ လေးကသင့်ကိုပျော်စေတယ်။သင့်မှာ အိမ်မွေး တရိစ္ဆာန် လေးတွေမရှိရင်တောင်မှ သင့် သူငယ်ချင်း တယောက်ယောက်ဆီမှာတော့ရှိမှာပါ။ဒါ့ကြောင့်ခွေးလေးတွေ ကြောင်လေးတွေနဲ့ အချိန်ဖြုန်းပါ။သင်စိတ်ဓတ်တွေပြန်လည်ကောင်းမွန်လာမှာပါ
-စိတ်လှုပ်ရှား စရာလေးတွေပြုလုပ်ပါ
သင် စိတ်ဓတ် ကျနေရင် သင်ဘာမှလုပ်ချင်မှာမဟုတ်ပါဘူး။ဒါပေမယ့်သင့်စိတ်ဓတ်တွေမြှင့်တင်ဖို့ အသဲကွဲရောဂါတွေကုသဖို့ အတွက်အပြင်ထွက်ပါ။စိတ်လှုပ်ရှား စရာတွေပြုလုပ်ပါ။သင်နဲ့ ခဏတာဝေးနေတဲ့သူငယ်ချင်းဆီအလည်သွားပါ။ဒါမှမဟုတ် သင်ကြိုက်တဲ့ဈေးဆိုင်တွေဆီသွားပါ။မိဘမဲ့ကျောင်းမှာထမင်းကျွေးမွေးတာတို့ လုပ်အားပေးတာတို့ လုပ်ဆောင်ပါ။သင့်ဘဝရဲ့စိတ်လှုပ်ရှားဖွယ်ရာလေးတွေကိုဖန်တီးပါ
– စိတ်အား တတ်ကြွဖွယ်စာများများဖတ်ပါ
စာပေကလူ့ စိတ်ကိုတတ်ကြွစေပြီးစိတ်ဓတ်ကျသူတွေအဖို့ ဆေးကောင်း တခွက်ပါဘဲ။အင်တာနက်မှာ စိတ်အား တတ်ကြွဖွယ်ရေးတဲ့စာတွေကိုဖတ်ပါ။သင်လေးစားအားကျတဲ့ခေါင်းဆောင်တယောက်ရဲ့ စိတ်အား တတ်ကြွဖွယ်ဟောပြောချက်တွေကိုဖတ်ပါ။ဒါမှမဟုတ် စိတ်အား တတ်ကြွဖွယ်ရေးထားတဲ့စာအုပ်တစ်အုပ်ကိုဖတ်ပါ
– အလုပ် တွေကိုပြီးအောင်လုပ်ပါ
သင် စိတ်ဓတ် တွေကျနေရင် သင်ကံဆိုးမိုးမှောင်ကျနေရင် အ လုပ်တွေကိုပြီးအောင်လုပ်ပါ။သင့်အိမ်စာဖြစ်ဖြစ် အလုပ်ဖြစ်ဖြစ် အစီအစဉ်ဆွဲတာဖြစ်ဖြစ် ပြီးအောင်လုပ်ပါ။အလုပ်ပြီးမြောက်သွားခြင်းကသင့်စိတ်ကိုပိုသက်သာစေပြီး နေထိုင်ရတာပိုကောင်းစေပါတယ်။
တကယ်တမ်းတော့ ဘဝ ဆိုတာကအခက်အခဲတွေ ခေါင်းကိုက်စရာတွေနဲ့ ပြည့်နှက်နေတာပါ။ဒါ့ကြောင့်စိတ်ဓတ်ကျတဲ့အခါတိုင်းဘယ်လိုပျော်ပျော်နေရမလဲဆိုတာဆုံးဖြတ်ပါ။
RSM-15
ဖတ်လို့ကောင်းပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ok good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit