အသုံးဝင် ဆေးနည်းတို

in myanmar •  7 years ago 

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုသော ဆိုရိုးစကားကို
ခင်များတို့ ကျနော်တို့တွေအားလုံး ကြားဖူးကြမှာပါ ဟုတ်ပါတယ် ကျနော်တို့အားလုံးဘဝမှာနေ့စဉ်နဲ့အမျှရုန်းကန်လှုပ်ရှားနေရသောသူများဟာ ဆိုရင်ကျန်းမာနေဖို့ လိုအပ်ပါတယ် ဒါမှလည်း အဆင်ပြေပြေနဲ့ စားမှု-နေမှု မိသားစုအတွက် ပြည့်စုံစွာပေးစွမ်းနိုင်ပါမယ်


အခုတင်ပြချင်တာကတော့ အများသုံးကျန်းမာရေး ဆေးပင်လေးများအကြောင်းပါ

"အဆီကျ အဝေရာ"
image
အဝေရာအသီး အ စေ့လေးများဟာနူးညံ့ပီးတော့
မကြိုက်သောသူများအတွက် အနံ့ဆိုးပါတယ်
ကြိုက်သူများအတွက်
အန္တရာယ် ကင်း ဆေးဘက်ဝင်တဲ့
အစားထိုး စားလို့ ရတဲ့ ဟင်း
အမယ်တစ်ခု ဖြစ်ပါတယ်
သံများကိုကျစေပြီး ကိုယ်ဝန်ဆောင်တွေနဲ့
မသင့်ဘူးလို့ ကြားဖူးပါတယ် ဝေရာစေ့ကို အဆီကျစေဖို့သုံးရန်းကတော့ ပြုတ်ပြီးသုပ်စားခြင်း ချက်စားခြင်းဖြင့်
အသားကျစ်စေပြီး
ဗိုက်ပူတွေပိန်၍အဆီများကို ကျစေပါတယ်

"ကြက်သွန်ဖြူ မီးဖုတ်"
image
ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေဟာ ခန္တာကိုယ်အတွင်းမှာတွေ့ရတဲ့ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ဖျက်ပေးသလို ကိုလက်စထရောပမာဏကို လျှော့ချပေးပါတယ် မီးကင်ထားတဲ့ ကြက်သွန်ဖြူ ၆မွှာလောက်ကို နေ့စဉ်စားသုံးပေးတာဟာ ကျန်းမာရေးကို များစွာအထောက်အကူပြုစေပါတယ် ကြကါသွန်ဖြူမီးဖုတ်ဟာဆိုရင်အဆီတွေကို ဖယ်ရှားပေးပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးကြောင်း ဖတ်ရပါတယ်

"ချဉ်ပေါင်ဖူးအစွမ်း"
image
ချဉ်ပေါင်ဖူးကို ထောင်းပြီး သော်၎င်း၊ ချက်ပြီး သော်၎င်း မျိုးစုံစားသုံးနိုင်ပါတယ် တချို့အလှူ တွေမှာ အချဉ်အဖြစ်တောင် အသုံးပြုကြပါတယ် ချဉ်ပေါင်ဖူးကို လတ်လတ်ဆက်ဆက်စားတာက
ကျန်းမာရေး အကျိုးကျေးဇူး ပိုကြောင်းသိရပါတယ် ကိုယ်အလေးချိန်ကိုထိန်းပေးပြီး ရောဂါဝေဒနာကို ခုခံနိုင်စွမ်းရှိခြင်း ဂုဏ်သတ္တိများပိုင်ဆိုင်ထားပါတယ် အခြားကောင်းမွန်မှုများကတော့
အိုမင်းမှုဖြစ်နှုန်းကို လျှော့ချပေးခြင်း-အဆုတ်ကို ကျန်းမာစေခြင်း-အရိုးတွေကို သန်စွမ်းစေခြင်းများအပြင် ကောင်းကျိုးများကျန်ရှိပါသေးတယ်


Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good

ဟုတ်

good