လောကမှာ ဘာလို့လူတိုင်း.သောကတွေနဲ့ပဲပြည့်နှက်နေရ တာလဲ...အဆင်မပြေ မှု့ တေ ကြုံ နေ ကြ ရတာလဲ..လူ တိုင်း ကို ပျော်ရွှင် စေချင်တယ်..စိတ်ချမ်းသာ စေချင်တယ်..အေးချမ်း စေချင်တယ်.ငါ ဘာလုပ် ပေးရမလဲ..စဉ်းစား ဘူးတယ်.,
ပျော်ရွှင်စရာဟာ ...တစ်ကယ်တော့လူတိုင်းထံမှာရှိ နေ ကြပါတယ် ..တစ်ယောက်ရဲ့ပျော်ရွှင်မှုက ..နောက်တစ်ယောက်အတွက် ဒုက္ခဖြစ်တာပဲကွာခြားသွားတာပါ...တစ်ချို့ သိတတ်မှု့ နဲ့ တန်ဖိုး မထား မှု့..ရပ်ဝန်းဇုံ ထဲ ရောက် သွားရင် ပျော်ရွှင် မှု့ ပျောက်ကွယ် သွား ရခြင်း ...အချည်းအနီး ဖြစ် သွား တတ် ပြန်ရော...လေပျော်ရွှင်မှု့ ဆိုတာ အောင်မြင်မှု့ တစ်မျိုး ဆိုတာ လုးံဝ လက်ခံ ထားပါတယ်..,ဒီပျော်ရွှင် မှု့ ကို လောက ကြီး က တရားနည်းလမ်းကျကျ ချုပ် ကိုင် ထား တာ ကိုလဲ..
သိနေပေမဲ့...အတွင်းစိတ်က လောကကြီးကို
မကျေနပ် ဘူး ကွာ
အဲဒါ ငါ တစ်ယောက် ထဲ လားး
ခံစားတတ်စေလို
ဘယ်လောက်ပဲ ဘယ်လို ဘဲ ဖြစ်နေဖြစ်နေ..ဘယ်လောက်ပဲ စိတ်ညစ်စိတ်ညစ် မျက်နာမှာ မပေါ်လွင်ပါစေနဲ့...ဘယ်သူ့မှ အဲဒီမျက်နာမျိုးကို မနှစ်သက်လို့ပါ...ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ ပါးစပ်ဖျားမှာ စွဲမနေပါစေနဲ့..ဘယ်သူ့ကမှ ကိုယ့်ကို အလကား ပိုက်ဆံ လာပေးမှာ မဟုတ်လို့ပါ....ဘယ်လောက်ပဲ မောပန်းမောပန်း မညီးငြူ ပါနဲ့..ဘယ်သူ့မှ အကြောင်းမဲ့ ကိုယ့်ကို လာကူညီမှာ မဟုတ်လို့ပါ..ဘယ်လောက်ပဲ ဒေါသကြီးကြီး မိဘကိုတော့ ရိုသေသင့်ပါတယ်...ကိုယ်လည်းတစ်ရက်ကျရင် အိုမင်းသွားမှာမို့လို့ပါ..ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် ဘ၀ကိုအရူံးမပေးလိုက်ပါနဲ့..သန်ခေါင်းယံကျော်သွားရင် အမြဲမိုးလင်းလာတတ်လို့ပါ..
ကူညီဖူးတဲ့လူကို မမေ့ပါနဲ့ ...
ချစ်ဖူးတဲ့လူကို မမုန်းပါနဲ့ ...
ယုံကြည်တဲ့လူကိုလည်းမလိမ်ပါနဲ့...
အချိန်ဆိုတာ အရာရာတိုင်းကို သက်သေမပြနိုင်ပေမဲ့လို..
အကြောင်းအရာတစ်ခုခုကိုတော့ လေးလေးနက်နက် နားလည်သဘောပေါက်သွားစေနိုင်ပါတယ်..