မင်းကွန်းဆရာတော်ကြီး၏ အဆုံးအမသြ၀ါဒ

in myanmar •  7 years ago 

image


  • လူဖြစ်လာလျှင် လူ၏တန်ဖိုးကို
    သိအောင်ကြိုးစားပါ။

  • နေ့စဉ်ကောင်းမှု့ကုသိုလ်တရားများ၌
    မမေ့မလျော့စဉ်းစားပါ။

  • မိဘကို စားနိုင်တဲ့အခါမှာကျွေးပါ။
    သေမှ ငိုမနေပါနှင့်။

  • မကောင်းတဲ့အကုသိုလ်
    စိတ်ရိုင်းစိတ်မိုက်များကို ဖယ်ရှားပါ။

  • ဗြဟ္မစိုရ်တရား အမြဲပွားများ၍
    ကိုယ်တွင်သီလတရား မြဲပါစေ။

  • နေရာတိုင်းမှာ စိတ်သဘောထား
    ကြီးကြီးထားပါ။

  • မည်သူတရားပျက်ပျက်
    သင်မပျက်ပါစေနှင့်။ သတိထားပါ။

  • သူများအပြစ်ကို မပြောပါနှင့်။
    ကိုယ့်အပြစ်ကိုသာ ရှု့ပါ။

  • မိမိကိုယ်ကို ဆုံးမခြင်းက
    သာ၍ကောင်းသည်။

  • အရာရာမှာ စေတနာသန့်သန့်နှင့်
    စိတ်ကောင်းတစ်ခုထားပါ။

  • မွန်မြတ်သော ၀ိပဿနာတရားကို
    အားထုတ်ဖြစ်အောင် ကြိုးစားပါ။

  • ဤကိုယ်ကာယ တစ်လံမျှ၌
    နှစ်ဝ နာမ်ရုပ် ဖြစ်၍ချုပ်၏။
    ရုပ်နာမ်နှစ်ပါး အလွတ်ထား၍
    ဤကားလိပ်ပြာ ဤကားငါတည့်
    ဤမှာဇီဝ ဤအတ္တဟု
    ညွှန်ပြဖွယ်ရာ မရှိပါသည်
    ခန္ဓာနာမ်ရုပ်မျှသာတည်း။

  • ရုပ်နာမ်တရား ဤနှစ်ပါးလည်း
    ရှည်လျားကာလ မတည်ကြဘဲ
    ခဏဖြစ်လျက် ခဏပျက်၍
    နှိပ်စက်ခြင်းရာ လိုမပါဘူး
    သဘာဝအား ဤသုံးပါးကြောင့်
    ဖြစ်ပွားသမျှ အနိစ္စသည်
    ဒုက္ခ - အနတ္တ ချည်းသာတည်း။။

(မင်းကွန်းတိပိဋကဆရာတော်
အရှင်ဝိစိတ္တသာရာဘိဝံသ)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!