တပို့တွဲနှင့်ထမနဲ

in myanmar •  7 years ago 

တပို့တွဲလ၏အေးစက်ခြင်းနှင့်အတူအလှူပွဲမဂ်လာပွဲသံများနှင့်လည်း ဆက်တိုက်စည်ကားနေပေသည် ပေါက်ပန်းတွေကလည်း ပွင့်တော့မည် ထမနဲလည်းစားရတော့မည်ထမနဲကဘယ်လမှာ ဘယ်လိုဖြစ်လာသလည်း.…
မြန်မာလူမျိုးတို.တွင် ၁၂လရာသီ တွင် သက်ဆိုင်ရာ အချိန်အခါလိုက် ပွဲတော်များ ရှိသည်. အနက် အချို.က ရာသီဥတု ကိုအကြောင်းပြု၍ ၊ အချို.က ဘာသာရေးဆိုင်ရာ ယုံကြည်မှုကိုအကြောင်းပြု၍ ၊အချို.က နိုင်ငံတော်၏ ကာကွယ်ရေး ၊ လူမျိုး၏ယဉ်ကျေးမှု စသည်ဖြင်. နယ်ပယ်စုံ ကိုအကြောင်းပြု၍ ပေါ်ပေါက်လာသည်. ပွဲတော်များ အနက် မြန်မာ.ရိုးရာအစားအသောက်အမည်တစ်ခု တပ်လျှက် ပြုလုပ်သည်က တော. တပို.တွဲလ ထမနဲ ပွဲ တစ်ခုသာ ရှိသည် ။
ထမင်းနဲ သို့မဟုတ် ထမင်းနှဲ ဟူသောစကားသည် ကောက်ညှင်းကို နှဲ ခြင်းဟူသောစကား အသုံးအနှုန်းမှ ဖြစ်ပေါ်လာသည် ။နှဲဟူသည်မှာ ထိုးကြိတ်၍ မွှေခြင်း နယ်ချင်းကိုပင်ဆိုလိုသည်

ထမနဲ ထိုးခြင်းနှင့် တွေ့ရှိသောကဗျာလေးမှာ……

တစ်စိတ်ဆန်သည်ကောက်ညှင်းရယ်နှင့်
တစ်ပိဿာ ဆီအမှန်သွင်းပါလို.
ချင်း( ဂျင်း) က သုံးဆယ်
မြေပဲဖြူလှော်တစ်ခွက်ကယ်နှင့်
အုန်းသီးဆန်အတူဖတ်ပါလို.
နှမ်းမပြတ်ဤနည်းနှယ်
ရေစင်ကြည်ပထည့်ရိုး
လက်နှစ်သစ်သာပ ၊ တွက်စစ်ကာချိန်ဆယ်သားရယ်နှင့်
ရောနှောကလူအများတို.ရယ်
အားသစ်လို.ထိုး ..ဟူ၍ဖြစ်ပါသည်
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စားချင်တယ်