သံသယဘောင်ခတ်ခြင်းကိုမုန်းသောသူ

in myanmar •  7 years ago 

✏✏✏✏✏📝📝📝📝
For Sale ဆိုတဲ့ စာတန်း​အောက်​မှာ
ဆေး​ရောင်​စုံ ခြယ်​သထားတဲ့
လက်​ရာ​မြှောက်​ ပန်းချီကား​တွေ
အများကြီး ရှိပါတယ်​..........

အလှကြည့်​ချင်​လို့ ​ဘောင်​ခတ်​ပြီး
သိမ်းထားချင်​လည်း ရပါတယ်​ ....
ကျွန်​မဆိုတာက ဘဝဆိုတဲ့
မညီမညာပိတ်​ကားချပ်​​ပေါ်မှာ .....

ဆေးစက်​ကျရာ ကိုယ်​တိုင်​အရုပ်​ထင်​​နေရတဲ့
စုတ်​ချက်​မလှတဲ့ ပန်းချီကားတစ်​ချပ်​ပါ....

အမည်း​ရောင်​ ​ဆေးစက်​​တွေ​ကြောင့်
အစွန်းအထင်း​တွေဖြစ်​ခဲ့ရသလို.....

အ​ရောင်​ရင့်​ရင့်​​တွေ​ကြောင့်​လည်း
တန်​ဖိုးမဲ့ခဲ့ရ ဖူးပါတယ်​ .......
ဒါ​ပေမယ့်​.. ...

ဆေးစက်​တိုင်းကို လိုက်​ဖက်​​အောင်
ခြယ်​သ​နေတယ်​ ......

အလှအပအတွက်မဟုတ်​​ပေမယ့်
မြင်​ရသူတိုင်းကို ရသတစ်​ခုခု​တော့
ပေးချင်​မိတဲ့ ဆန္ဒတစ်​ချို့​ကြောင့်​ပါ......

တကယ်​မြတ်​နိုးတန်​ဖိုးထားတဲ့သူကို​တော့
နားလည်​မူ့ဆိုတဲ့ ​ဆေးစက်​တစ်​ချို့ကို
ပုံသွင်းခြယ်​သခွင့်​​ပေးနိုင်​ပါတယ်

ဒါ​ပေမယ့်​.. .....
ယုံကြည်​မူ့ စုတ်​ချက်​​တွေ
ရပ်​တန့်​သွားမှာမဟုတ်​သလို......

သံသယဆိုတဲ့ ​ဘောင်​အတွင်းမှာ
အခတ်​ခံရမှာကိုလည်း
လုံးဝခွင့်​ပြုမှာမဟုတ်​ပါဘူး.. .........

image

Author - @ayeayephyone

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လူသစ်တွေထဲမှာ စာရေးသားကောင်းပြီး $$တွေရရှိတဲ့လူတော်တစ်ယောက်ဖြစ်ကြောင်းတွေ့ရပါတယ်။ကြိုးစားပါသယ်ရင်း

Congratulations @ayeayephyone! You have completed some achievement on Steemit and have been rewarded with new badge(s) :

You made your First Comment
Award for the number of upvotes received
Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

အရမ်းတော်တဲ့ ကဗျာ ဆရာမလေးဘဲ ကျွှန်တော့ကိုတော့ ဘောင်ခတ်သိမ်းထားချင်သူမရှိလောက်ပါဘူးလေ ကျွှန်တော်ကလဲ ဘောင်နဲ့ မတင့်တယ်ဘူးကို