ကျွန်တော်နှင့်ပင်လယ်ပျော်တို့၏ဘဝ(၄)Seaman life & Shipboard Emergency

in myanmar •  7 years ago  (edited)

image
လှိုင်းမူးတဲ့ အကြောင်းနည်းနည်းလောက်ပြောပြပါရစေ။ကျွန်တော်
အိန္ဒိယ မှာသဘောင်္ပေါ်စရောက်တယ်ဗျ။
ကမ်းကပ်ထားတုန်းအေးဆေးပေါ့နော့် ။ ။ပင်လယ်ပြင်မရောက်ခင်တစ်နေ့လောက်ကအေးဆေးပဲ ပေါ့။ကိုယ်ကို ထင်လိုက်တယ် လှိုင်းမမူးပေါ့
တယ်ဟုတ်ပါလားပေါ့(မြန်မာပြည် မှာနေတုန်းက မူးစေတတ်
သောအရက်တွေ သောက်တဲ့အကျင့် ရှိတာကိုး)။
အဲနောက်တစ်နေ့လဲ ရောက်ရော လှိုင်းစ လှုပ်တော့
တာပဲ။ဘာပြောကောင်းမလဲ အန်တာပေါ့။
ဘယ်လိုမူးလို့မူးမှန်းမသိဘူးး။ အရက်မူးတာနဲ့လဲမတူ
ကွမ်း မူးတာနဲ့လဲမတူဘူး။ တော်တော်ခံရခက်တဲ့အမူး
မျိုး။ အမှိုက်ပုံးနဲ့ ခေါင်းနဲ့ ကိုမခွါရဘူး။ ရေသောက်ရင်
ရေပြန်အန်တယ်။ ဘာမှစားလဲ မရ။ အဲသလို နေတဝက်
လောက် ခံစားပြီး ရေနည်းနည်းသောက်လို့ရလာတယ်။
အသီးတွေ စားလို့ရလာတယ် ။ စားပြီးသိပ်မကြာဘူး
ထက်အန်ပါလေရော ။ကျွန်တော်ကတော့ နောက်တစ်နေ့တော့အဆင်ပြေသွားပါတယ် ။ တချို့ကတော့ သဘောင်္ လိုက်နေသ၍မူးနေသေးတဲ့လူများ
လဲရှိပါတယ်။
image
photo by google

လှိုင်းက လဲ ဘာကြီးသလဲမမေးနဲ့
GALLEY(သဘောင်္မီးဖိုခန်း )ထဲက
အိုးခွက်ပန်းကန် အကုန်ပြုတ်ကျ။
ထိုင်ခုံတွေအကုန်လှဲထားရတယ်။ အခန်းထဲ က ပစ္စည်း
တွေဆို အခန်းထဲ ပွနေရောပေါ့။ ထမင်းစားရင်တောင်
လက်တစ်ဖက်က ထမင်းပန်းကန် တဖက်က စာပွဲခုံတစ်
ဖက် ကိုင်ပြီး လှိုင်းတချက်ငြိမ်တဲ့ချိန် စားရတယ်။ ဒီကြားထဲ ဟင်းခွက်က လိုက်ဖမ်းရသေးတယ်ဗျ ။
စကေးနဲ့ဆိုတော့ မှောက်သွားရင် ငတ်မှာ
လေ။ အိပ်မယ်ဆိုလဲ တော်တော် ဒုက္ခ ရောက်တယ်ဗျ။
ခေါင်းအုံးနှစ်လုံးကို ဘေးမှာခုပြီး ကားယားအိပ်ရတယ်။
အဲလို အိပ်ရင်တောင်တခါတလေ လှိုင်းကြီးပြီး
ကုတင်အောက်ပြုတ်ကျ။ဒါတောင်ကုတင်ဘေးဘက်အကာပါတယ်။
တခါတလေ ကံဆိုးချင်တော့ ကန်ဆေးပြီးလို့ အိပ်ချိန်မှ အဲသလို လှိုင်းကြီးလို့အိပ်မရတဲ့ အချိန်တွေလဲ ရှိတယ်ဗျို့။
image
ဟောင်ကောင်တိုင်ဖွန်းမုန်တိုင်းကြောင့် မြှပ်တော့မည့် အချိန်
photo by google

လှိုင်းမူးလို့ ကိုယ်လက်ကိုက်လို့ ဆိုပြီး အလုပ်မလုပ်
လို့လဲ မရပါဘူး။ သေဘာၤေပၚမွာ ခြင့္လဲမရွိပါဘူး။
တစ်ရက်စာဖျက်လိုက် ပြောပြီး အလုပ်မလုပ်ချင် လို့လဲ မရပါဘူး။
တခုခု ကျန်းမာရေး အရေးကြီးလဲ ဆေးခန်းပြ
စရာမရှိပါဘူး။ကမ်းကပ်မှသာ ပြခွင့်ရှိပါတယ်။
ဒါတောင် သူကြီး(captain) က ရုံးကိုအကြောင်းကြား
ရုံးကနေတဆင့် ရောက်မည့်ဆိပ်ကမ်းက နိုင်ငံမှာ
ခွင့်တောင်ထား။ ပြခွင့်လက်မှတ်ပေးမှ ပြလို့ရပါတယ်။
image
photo by google

ကျွန်တော်သူငယ်ချင်းသဘောင်္ တစ်စီးဆို ၂၀၁၅ ခုနစ်
လောက်မှာ အင်ဒိုကအထွက် မလေးရှားအသွား လမ်းမှာ
ကန်ဆေးချိန် အထက်လူကြီး ကိုရီးယား လူမျိုး အသုံး
မကျမှုကြောင့် အမိန့်ပေးမှားပြီ chemical နှစ်မျိုး ရော
သွားပြီး ထပေါက်ခဲ့ပါတယ်။ ညဘက်ကြီးပေါ့ ဗျာ ။ ကျွန်တော့်သူငယ်ချင်းပြောပြချက်အရ အဲလိုပေါက်ကွဲချိန် မှာ ကိုးရီးယားလူမျိုးတွေ ဘာမှ
မလုပ်နိုင်ပဲ အ နေကြပါတယ် ။ မီးခိုးမှိုင်းတွေ နဲ့ ပေါက်ကွဲတဲ့အရှိန်
လူတွေကလဲပျောက် မြန်မာတွေ ပဲ အသက်လုပြီး
မီးခိုးတွေကြားက ဒဏ်ရာရတဲ့ လူတွေကို သယ်ပေါ့။
အဲချိန်မှာ ဒဏ်ရာရ လူကို သယ်တာနှစ်ယောက်မနိုင်
ဘူးလို့ပြောပါတယ်။ တစ်ယောက်ဆို သံပြားစက လည်ပင်း ညှပ်ရိုးကြားဝင်သွားတာ သွေးကလဲချွဲ
chemicalငွေ့တွေကလဲ မွှန်နေတော့တော်တော်
ကယ်ထုတ်ရတယ် လို့ပြောတယ်။ အခန့်မသင်ရင်
ကယ်တဲ့လူလဲ အသက်ရှူကြပ်ပြီးသေသွားနိုင်တယ်
လေ။ လူသွားစင်္ကြန်မှာ သွေးအလိမ့်လိမ့်နဲ့ ပေါ့ဗျာ။
တတ်သလာက်မှတ်သလောက် ကုကြတာပေါတဲ့။
အခ်ျးချင်းအားပေးစကားပြော ဘာမှမဖြစ်ဘူး ကယ်ဆယ်
ရေးကိုအကြောင်းကြားပြီးပြီ ဘာညာပေါ့။
အဲလိုလဲကယ်ဆယ်ပြီးရော ကိုယ်အချင်းချင်း
လိုက်စစ်တော့ မြန်မာတစ်ယောက်ပျောက်နေတယ်
တဲ့ ။ အဲတော့မှ ကန်ဆေးစဉ် ဘယ်နေရာ တာဝန်ကြသလဲ လို မေးကြည့်တော့မှ သဘောင်္
ACCOMMODATION(လူနေဆောင်) နားက ကန်
မှာဆိုတော့ BA (အသက်ရှူစက်)ဝတ်ပြီး ဓါတ်မီးတွေ
နဲ့ရှာကြတာပေါ့တဲ့။ ဟော တွေ့ပါပြီတဲ့။ Chemical
မီးခိုးမှိုင်းထဲ သွေးအိုင်ထဲ မှာလှဲနေသူတစ်ယောက် ။
တွေ့တော့ကယ်ထုတ်ပေါ့ဗျာ။ ဒါပေမယ့် စိတ်မကောင်း
စွာနဲ့ပဲ ထိုသူ အသက်မရှိတော့ပါဘူး။ သံပြားသံချောင်း
စများဖြင့် သွေးလွန်၍ မလှုပ်နိုင် မီးခိုးကြောင့် အသက်
ရှူကျပ်ပြီးသေသွားရရှာပြီပေါ့။ သူကို ထမင်းစားတဲ့ အခန်း ထဲ မှာသေချာထား။ ကျန်တဲ့ ဒဏ်ရာရ လူကို
စိတ်ဓါတ်မကျအောင် အသေပျောက်မရှိဘူးလို့
မြန်မာအချင်ချင်းပြောထားရတာပေါ့။ သူကြီးက
သဘောင်္မီးလောင်တယ်ဆိုပြီး သတင်းပို့ထားတော့
တော်ရုံနဲ့ ကမ်းပေးမကပ်ဘူး။(သဘောင်္ပေါက်ကွဲတယ်
ဆိုရင်ပိုအပစ်ကြီး)။ အဲဒါနဲ့တော်တော်ကြာသွားတယ်တဲ့။
နှစ်နာရီလောက်ကြာပြီးမှ သဘောင်္ ကမ်းကပ်ခွင့်ရသွား
တယ်တဲ့။ လူနာသယ်ချဖို့လဲ တော်တော်ကြာပါတယ်
သွေးလွန်ပြီးသေမဲ့လူဆို သေတာကြာပါပြီတဲ့။
လူနာကို လေယဉ်နဲ့ကယ်သွားတာတို့ သေချာ
ဆေးရုံမှာ ဆေးကုသပေးတာတို့ လုပ်ပေးမယ်
မရှိဘူးတဲ့။ တကယ်တမ်း ဖြစ်လာရင် ဘယ်သူမှလာမကယ်ပါဘူး။ သဘောင်္ပေါ်ကလူနာချဖို့တောင် နှစ်နာရီလောက်ကြာ
တယ်ဆိုတော့ဗျာ စဉ်းစားကြည့်တော့။
နောက်ပြီးသဘောင်္တစ်စီးဟာ ခရီးအကွာဝေးပေါ်မူ
တည်ပြီ ရက်ကြာမြင့်စွာ ခရီးသွားလာရပါတယ်။တချို့
တစ်နေရာနဲ့ တစ်နေရာ၂ရက် ၃ရက်သာ သွားရသော်
လည်း တချို့နေရာများမှာ ဝေးရင်လနဲ့ချီပြီး သွားရပါတယ်။
အဲလို လနဲ့ချီပြီသွားတဲ့ ခရီးစဥိမှာ တစ်နေ့ နေမှ သဘောင်္တစ်စီးမမြင်ရပါဘူး။အကယ်၍ မြင်ရခဲ့လျှင်လဲ ရေမိုင်၅၀ လောက်ကွာပါတယ်။
အဝေးကြီးပေါ့ဗျာ။ အဲလို မျိုး အဝေးကြီးသွားလာနေကြ
တဲ့ အချိန် ရာသီဥတုဆိုးရွားလို့ မုန်းတိုင်းမိရင် လှိုင်းကြီး
ပြီး အကယ်၍များ သဘောင်္မှောက်သွားရင် သဘောင်္ခါး
ကြိုးသွားလျှင် ဘယ်သူမှ လာမကယ်နိုင်ပါဘူး။
ရဟက်ယာဉ် ဝေးလေစွ(ကမ်းဖြင့်အလွန်ဝေးလျှင်)။
အဲသဘောင်္ပေါ်မှာသက်ကယ်ရေယာဉ်တွေ ရှိတာပဲလို့
မိတ်ဆွေတို့တွေးမိလိမ့်မယ်။ သင်္ဘောအကြီးကြီးတောင်
လူလိမ့်နေတာ သက်ကယ်လှေလောက်တော့ လှိုင်း
ကအေးဆေးပေါ့။သက်ကယ်လှေ ပဲစီးမယ်ဆိုကြပါဆို့။
ရာသီဥတုကောင်းချိန်မှာတော် သက်ကယ်လှေချရတာ မလွယ်ပါဘူး ခင်ဗျာ။ လှိုင်းလူးနေတဲ့အချိန်ပိုဆိုးပေါ့ဗျာ။
နောက်ပြီးတော့ lifejacket ဝတ် မယ်ကြမယ်ပေါ့နော့်။
အဲဒီlifejacket ကလဲရေထဲ မှာ ၂၄ နာရီပဲ safe ဖြစ်
တာပါ။ ဘဟ်လို အသက်ရှင်ကြမတုန်း။ ဒါတောင် ငမန်း
တွေ ဘာတွေ ပါသေးဘူးနော်။အဲဒါကြောင့် စာထဲမှာရော
လက်တွေ့ဆရာသမားတွေပြောပြချက် အရ တတ်နိုင်
သမျှသဘောင်္ ပေါ်တွင်နေပါလို့မိန့်ဆိုကြတယ်။ ပြေးစရာ
လဲမြေမရှိဘူးလေ နော်။ဟဲ ။
image
photo by google

အန္တရာယ်တွေကတော့အများကြီးပဲဗျ
၁။ Abandon ship
သဘောင်္ကိုစွန့်ခွါခြင်း
၂။ fire
မီးလောင်ခြင်း
၃။ Collision
သဘောင်္တိုက်ခြင်း
၎။ Man overboard
လူရေထဲ သို့ကျခြင်း
၅။ Flooding
ရေဝင်ခြင်း
၆။ Piracy attacks
ပင်လယ်ဓါးပြတိုက်ခံရခြင်း
၇။ Cargo shifting at sea
ပင်လယ်ထဲတွင် ကုန်ရွေရှားခြင်း

စသည်ဖြင့်ပေါ့ အန္တရာယ်တွေအများကြီးရှိပါတယ်။
သောင်တင်တာတို့ တက်မချွတ်ယွင်းပြီး သူများသဘောင်္
တိုက်တာတို့ ပေါ့ဗျာ။ ကျွန်တော်သူငယ်ချင်းတစ်ယောက်
စီးတဲ့ ကားတင္တဲ့သေဘာၤ ကဂ်ပန္မွာ စစ္သေဘာၤကို
steering gear failure (တက်မချွတ်ယွင်း) ဖြစ်
ပြီးသွား တိုက်တာတစ်ပါတ်လောက် ကမ်းကပ်ထာရ
တယ်လေ။
တချို့သဘောင်္သား မိသားစု ဝင်တွေက ပြောကြတယ်။
(သဘောင်္လိုက်တာကောင်းတယ်! လိုက်!
အန်တီသားကိုပဲကြည့်လေ ခုချိန်ထိသွားလိုက်လာလိုက်
ပဲ။ ဘာမှလုပ်ရတာမဟုတ်ဘူး ။အချိန်ကခဏလေးကုန်
တာ။ဟိုမှာခေါင်းကချွေးက ဖင်ကြားထဲထိကျအောင်
လုပ်ရတာ သူမသိဘူး။
လိုက်!လိုက်!
ငယ်ရွယ်တုန်းပိုက်ဆံရှာထား ဘာညာပေါ့။
အန်တီသားဆိုရောက်တာနဲ့သိပ်မနားချုင်းဘူး။ သူဌေး
ကလဲသူအလုပ်လုပ်တာကြိုက်တယ်လေ။
အဲဒါကြောင့် အမြဲပြန်ခေါ်နေတာ။အဲဒါကြောင့် သိပ်မနား
ခိုင်းဘူး မြန်မြန်ပြန်လွှတ်နေတာပေါ့။
ဟိုက်သေရောပေါ့ဗျာနော့်။
အဲဒါတွေကြောင့်တချို့သောလူများကသဘောင်္ပေါ်မှာ
အထက်လူကြီးက ညစ်ပြီးအလုပ်တွေမတရားခိုင်း
အိမ်ကမိဘနဲ့ မိန်းမကအဆင်မပြေ အကြွေးတွေက
ဝိုင်း ဖိအားတွေများပြီး နောက်ဆုံး ကိုယ်ဘာသာကိုယ်
ပင်လယ်ကြမ်းပြင်အောင် အဆုံးစီရင် သွားကြတဲ့လူတွေ
အများကြီးပါ။ဖိနပ်နဲ့စာပဲ ထားခဲ့ပြီး ရေထဲ ခုန်ချသွားခဲ့
ကြတာပေါ့။
တချို့သောလူတွေကျတော့ အဆင်မပြေလဲ သီးခံပြီး
လုပ်ပေါ့ ။ပြန်မှ မပြန်နိုင်တာကိုးနေိာ့။ပထမပိုင်းမှာပြော
ပြခဲ့သလို့ သင်တန်းကြေး နှစ်နဲ့ချီပြီး အိမ်ကနေ သဘောင်္company ဆီသွားရသောလမ်းစရိတ် စားစရိတ်တွေ ။သဘောင်္မတတ်ခင်
ရိုက်ကြေးပေးထားရတာ တနင့်တပို့း။တခြားအမမျိုးမည်မသိတာတွေလဲ
အများကြီးပေါ့ဗျာ။ အရင်တုန်းက ခုလဲရှိမည်ထင်ပါတယ်
သင်္ဘောမတတ်ခင် စာချုပ်မပြည့်ပဲပြန်လာမှာစိုးလို့
အိမိဂရန်အပေါင်အဖြစ်ထားထားခဲ့တာမျိုးလဲ ရှိတယ်။
ပြန်လာလို့ကတော့ မိသားစုပါ အိမ်ခြေမဲ့ ဘဝမျိုးဖြစ်
သွားမယ့် အခြေနေပေါ့။ ချေးထားရင်တော့ ဖုတ်ပူမီး
တိုက်သလိုဖြစ်သွားမယ်လို့ထင်ပါတယ်။ နှစ်နှစ်လောက်နေမှ အရင်းကြေမယ့် သဘောရှိတယ်။
အဲဒါကြောင့်သီးခံပြီးနေ။ မနေနိုင်တော့လဲ ပြန်လဲမပြန်ချင်
စိတ်ဓါတ်ကျပြီး ရေထဲ ခုန်ချသေ ဒါပဲရှိတော့တာပေါ့။

သင်္ဘောပေါ်သရဲလဲ ခြောက်ခံထိတယ်ဗျ။ သေဘာၤေပၚမွာ
မတော်တစ သေဆုံးသွားတာတွေရှိတယ်။ အဲလိုမျိုးဆို ခြောက်ခံ ထိကြတာများတယ်။ကျွန်တော်လဲ ခြောက်ခံ
ထိဘူးတယ် ။ ဟဲဟဲ။ကျွန်တော်စီးတဲ့ သဘောင်္ပေါ်မှာ
လွန်ခဲ့တဲ့သုံးနှစ်ကျော်လောက်က အင်ဒို အင်ဂျင်နီယာ
တစ်ယောက် အင်ဂျင်နီယာချုပ် အသုံးမကျလို့
ပင်နီယန် ကြီး ပြုတ်ကျလို့ ပိပြီးသေဆုံးသွားခဲ့ဖူးတယ်။
အဲဒီမှာ အင်ဒိုလူမျိုးတွေကို ခြောက်တာ ။မြန်မာတွေကို
တော့သိပ်မခြောက်ပါဘူး။ အင်ဒို လူမျိုးဆို ခြောက်တာ
များတယ်။ ကျွန်တော်ကိုကျတော့ စစခြင်းဆိုတော့ လာ
နုတ်ဆက်တာနေမှာလို့တွေးမိရင်း။ ။ ။

စောင့်မျှော်ဖတ်ရှုပေးပါအုံး ခင်ဗျာ။

လေးစားစွာဖြင့်

writer; @ayeminmaung

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကောင်းတယ် အကို ဆက်ရေးပါ စောင့်မျော်နေပါ့မယ်

ဟုတ်ကဲ့ ဆက်ရေးပါမယ့်
စောင့်မျှော်နေလို့လဲ ကျေးဇူးတင်ပါတယ်ဗျ

အရန်းကောင်းတဲ့ သင်္ဘောအတွေ့အကြုံတွေပါဗျာ
ပင်လယ်ထဲကို အိပ်မက်ထဲတောင်မရောက်ဖူးသေးတော့ စာဖတ်ရင်း စာတွေ့ အတွေ့အကြုံယူရတာပေါ့ဗျာ

ဟုတ် မရောက်ဖူးချင်ပါနဲ့ဗျာ ပျော်စရာထက် စိတ်ညစ်စရာ
ကပိုများတယ်ဗျ

တ​နေ့ သွားမယ်​လို့ ရည်​စူး​ပေမယ့်
အိမ်​က​နေ ဘယ်​မှမသွားရတဲ့ ဘဝ​ရောက်​​နေပြီ​လေ
အဆင်​​ပြေရင်​ ဒီမိသားစုထဲက သွားချင်​တဲ့ညီ​လေး​တေကို ကူညီ​ပေးပါဦး​နော်
အစ်​ကို့ကိုလဲ
Htin Lin လိုခင်​နိုင်​ပါတယ်

ဟုတ်ကဲ့ ကူညီပေးပါ့မယ်ဗျာ
steemit မှ ညီအစ်ကိုများအားလုံး
ကိုလဲ ညီအစ်ကိုလို ခင်ပါတယ်ဗျာ