ဘဝရှုံးသောသူမဖြစ်စေဖို့

in myanmar •  7 years ago 

image
Steemit members အားလုံး မင်္ဂလာပါရှင်။
တစ်နေ့ တစ်နေ့ မအားလပ် အရှုတ်တွေလုပ် အဲလေ မဟုတ်ပါဘူး အလုပ်တွေရှုတ်နေတာနဲ့ပဲ စာရေးတဲ့ဘက် မလှည့်နိုင် စာမရေး ဖြစ်တော့ postလည်း မတင်နိုင်ပေါ့။ မအားတဲ့ကြားက ပြေးပြေးလွှားလွှား လိုင်းဖွင့်တိုင်း steemit ဆီ အပြေးသွားလို့ family ဝင်တွေရဲ့ postတွေကို ရသလောက်လေးဖတ် vote& mentတော့ မဖြစ်မနေလုပ် ဘာလို့ဆို steemit နဲ့ အဆက်ပြတ်သွားမှာလည်း စိုးရိမ်တယ်လေ။ အခုလည်း postတင်တာ မတွေ့လို့ မိုကိုမေ့သွားမှာစိုးလို့ ကြိုးစားပြီး စာရေးမလို့ ဘာရေးရမလဲဟင်။
image
ရေးဖို့စဉ်းစားနေတာက တစ်နာရီလောက် ရှိတော့မယ် စဉ်းစားမရ။ အဲဒါနဲ့ ဘေးနားက စာအုပ်တွေကို ဟိုလှန်ဒီလှန် လုပ်ရင်း လူကိုဖျက်အရက်တဲ့ အဲ့စာကြောင်းလေးကို တွေ့တော့ ငယ်သူငယ်ချင်းကို သွားမြင်ယောင်မိတယ်။ သူနဲ့က ငယ်သူငယ်ချင်းလည်း ဖြစ်တယ် တစ်ရပ်ကွက်သားချင်းလည်း ဖြစ်တော့ တစ်နေ့တစ်နေ့ တွေ့နေမြင်နေရတာပေါ့။ သူကိုမြင်ရတာ ကိုယ်ကတော့ စိတ်မချမ်းသာ ဘာလို့ဆို အရက်ရဲ့ ကျေးကျွန် ဖြစ်နေရှာတာလေ။ အိမ်ကလည်း မလှမ်းမကမ်း ဆိုတော့ သူမူးလာပြီးဆို သူ့အိမ်က လူတွေကို သောင်းကျန်း၊ တစ်ခါတလေ ပတ်ဝန်းကျင်က လူတွေကိုပါ အော်ဆဲနဲ့ပေါ့။ ကြားရ မြင်ရသူ စိတ်ပျက်စရာ ဒေါသဖြစ်စရာပေါ့။
တစ်ကယ်တော့ သူငယ်ငယ်က တကယ်ကို လိမ်မာပြီး ရိုးသားတဲ့ ကလေးတစ်ယောက်ပါ။ ဘဝပေး အခြေအနေကြောင့် ပညာကို ဆုံးခန်းတိုင်အောင် မသင် အိမ်ကမိသားစုကလည်း သူတို့ပိုက်ဆံမကုန်ရင် ပြီးရော မအော်မပြော ဆိုဆုံးမမှု မရှိတော့ ဘဝလမ်းကြောင်းက မဖြောင့်ပဲ လမ်းမှားရောက်ကာ အခုတော့ အရက် ကျေးကျွန် ဖြစ်နေတာလေ။ အရက်သောက်လာပြီးဆို လူမှန်းသူမှန်းကို မသိတော့တာ။ မိုသိသလောက်တော့ အရက်သောက်သူ အများစုက စိတ်ညစ်လို့ သောက်ကြတယ် ပြောကြတာ များပါတယ်။ အပျော်သောက်သူတွေလည်း ရှိတယ်လို့ ပြောမှာပေါ့နော်။ အဲဒါတော့ မိုလည်း သေချာ မသိပါဘူး။ အရက်သောက်တဲ့သူတွေပဲ သိမှာပေါ့နော်။
image
စိတ်ညစ်လို့ သောက်ကြတယ် ဆိုလည်း ဘဝ မနှစ်မိဖို့တော့ လိုမယ်လို့ မိုထင်တယ်။ ဒါကလည်း ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ သူငယ်ချင်းကြောင့် မိုတွေးထင်မိတာပါ။ စိတ်ညစ်လို့ပဲ သောက်သောက် ပျော်လို့ပဲ သောက်သောက် ကိုယ့်ဘဝ နစ်မွမ်းလောက်အောင်တော့ မလုပ်သင့်ဘူးလေ။ သူဒီအသက်အရွယ် မိဘကို မထောက်ပံ့ သူရှာလို့ ရသမျှ အရက်ဆိုင်ကိုပို့ ထမင်းစားတော့ အိမ်ပေါ်တက်စား မူးလာရင် အိမ်ကို သောက်ကျန်း အရက်ကြောင့် လူစိတ်ပျောက် မိဘကိုလည်း မိဘမှန်းမသိ ပြောချင်ရာတွေ ပြောနဲ့ပေါ့။ တစ်ခြားမှာမူးလို့ သောင်းကျန်းသမျှ မိဘက လိုက်တောင်းပန် လိုက်ရှင်းပေးရ။ ဒါကိုလည်း သူကတော့ မှားလို့ မှားမှန်းမသိ ဖြစ်နေရှာတာ အရက်က သူ့အသိစိတ်ကို ပျောက်ကွယ်အောင် ဖုံးအုပ်ထားမှတော့ ဘယ်သိနိုင်ရှာမှာတော့လည်း အရက်က သူ့ဘဝကို ဖျက်နေမှန်းလည်း မသိရှာ။ မိုတို့ကတော့ ပွဲကြည့်ပရိတ်သတ် ဆိုတော့ ကြည့်နေရုံပဲပေါ့။ သူ့ကို ကြည့်ပြီး တွေးမိတာလေးကတော့ လူကိုဖျက်တာ အရက် ဆိုတာ သူ့လိုလူမျိုးပါလားလို့ပေါ့။

လောကမှာ လူရယ်လို့ ဖြစ်လာရင် ကိုယ်ကြိုက်ရာ ကိုယ်နှစ်သက်ရာကို လုပ်နေရရင် ပျော်နေကြတာ မှန်ပင်မယ့် ဘယ်လုပ်ရက်ကိုမှ ကိုယ့်အသိစိတ် ပျောက်လောက်အောင် မလုပ်မိစေလိုပါ။ ဒါကြောင့် မလုပ်ခင်ကတည်းက စဉ်းစားဖို့တော့ လိုမယ်ထင်တယ်။ လုပ်ပြီးမှဆို ပြင်ဖို့ ဘယ်လွယ်ပါ့မလဲ။ အခုပဲ သူ့ကို ကြည့်လေ မလုပ်ခင်က မစဉ်းစား လုပ်သင့် မလုပ်သင့်မတွေးတော့ နည်းနည်းက များများ၊ များများက အလွန်အကျွံ ဖြစ်လာတော့ အသိစိတ်လည်းပျောက် ဘဝလည်းရှုံး ရပြီးလေ။
image
တကယ်တော့ အရက်ဆိုတာ မကောင်းတဲ့ အရာတစ်ခုလို့ မိုမြင်ပါတယ်။ မိုအဲလိုပြောတော့ အရက်သမားတွေကတော့ ဘယ်သဘောကျ ပါ့မလဲနော်။ မိုကတော့ ကိုယ့်အတွေးနဲ့ကိုယ် သူငယ်ချင်းကို ကြည့်ပြီး ဒီpostလေးကို ရေးပင်မယ့် အရက်ကြိုက်တဲ့သူတွေကတော့ မိုကို ကြည့်မရဖြစ်တော့မှာပဲနော်။ တကယ်ကို စဉ်းစားကြည့်ရင် အရက်သောက်တဲ့တွေ ကျန်းမာရေးလည်း ထိခိုက်တယ် မူးလာရင်လည်း သွေဆိုးကျ သောင်းကျန်းကြတာက များတယ် ကိုယ့်အတွက်လည်း မကောင်းဘူး မိသားစုတွက်လည်း မကောင်းဘူး ပတ်ဝန်းကျင်တွက်လည်း မကောင်းဘူး ဆိုတာ တစ်ချို့လူတွေက သိတယ် သိရက်နဲ့လည်း သောက်တယ် တစ်ချို့ကလည်း မသိလို့ သောက်တယ်။ မသိတဲ့သူက ထားလိုက်ပါတော့ သိတဲ့သူတွေကလည်း ဘာလို့သောက်လည်း စဉ်းစားမရဘူး။ အဲ့လိုပြောရင် မိန်းကလေး တန်မဲ့ ကိုယ်နဲ့မဆိုင်တာ လိုက်တွေးနေတယ်လို့ ပြောမှာပဲ။ မှန်ပါတယ် မိုနဲ့မဆိုင်ပင်မယ့် သူတို့ကို မြင်တိုင်း သနားလည်းသနားသလို ဒေါသလည်း ဖြစ်မိလို့ စဉ်းစားမိတာပါ။ မိုပြောချင်တဲ့ အဓိက အကြောင်းလေးကတော့ ကိုယ်ဘယ်လောက်ပဲ ကြိုက်ကြိုက် ဒါကိုလုပ်ရင် မကောင်းဘူး ဆိုတာ သိမှတော့ မလုပ်ပဲ နေနိုင်အောင် ကြိုးစားသင့်တယ် မဟုတ်လား။ မကောင်းမှန်း သိတာကို လုပ်မိတော့ ဘဝပါရှုံးရတဲ့ သူငယ်ချင်းကို ဥပမာပြုပြီး စေတနာ အကြံလေးပြု ရေးသားခြင်းပါနော်။ အခုလို ရေးသားခြင်းတွက် အရက်ကြိုက်တဲ့ သူများရှိနေခဲ့ရင်လည်း စေတနာသက်သက်မို့ အပစ်မမြင်ကြပါနဲ့လို့ တောင်းပန်ပါရစေ။ လူကိုဖျက်တာ အရက်ဆိုတာ မျိုးလေး မဖြစ်စေချင်ရုံပါ။ အားလုံး ကိုယ်စိတ် နှစ်ပါး ကျန်းမာ၊ချမ်းသာကြပါစေနော်။
Author@ayemomo(MSC-051)
Photo by google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စိတ်ညစ်လို့...အရက်ကို..သောက်တယ်..
အရာက်သောက်တော့...သိပ်စိတ်ညစ်တယ်......
အကြောင်း....ရှာတော့..ခေါင်းမှာ ချာ..ချာ..လည်.....
တစ်ခုပဲ..သိတယ်.....လောကကြီးမာလေ....
ပိုက်ဆံမရှိရင်....မျက်နှာငယ်......

ဟုတ်တယ်ဟုတ်တယ်
တို့ဆရာပဲကောင်းတယ် လာမန့်ပေးလို့ ကျေးဇူးပါ
အရက်သမားတွေကြောင်းရေးလို့ စိတ်ဆိုးကုန်လားမသိဘူး မန့်မယ့်သူတောင်ရှိတော့ဘူး ဟီးဟီး

စိတ်ဆိုးဘူး
မှန်နေတယ်
မသောက်တက်သူတွေများတယ်

သူကအတွေ့အကြုံများတယ်။ ကိုယ်တွေ့တွေဖြစ်နိုင်တယ် သက်လား

ဘယ်သူလဲဟင်

ကျွန်နော်အရက်ကိုမကြိုက်နှစ်သက်ပါဘူးဗျာ
အရက်သောက်ခြင်းကြောင့်လူတစ်ယောက်၏
စိတ်အဆိုးအကောင်းကိုတော့ကောင်းကောင်းသိရှိ
နားလည်သဘောပေါက်ထားပါတယ်။
လိုရင်ပြောရမည်ဆိုလျှင်ဖြင့်
အရက်ကိုသောက်တက်ရင်တကယ်အသုံးဝင်
အကျိုးရှိစေနိုင်ပါတယ်။ဒါပေမယ့်လူအများစုသည်
အရက်သောက်ခြင်းကြောင့်ဆိုးကျိုးတွေကိုသာဖြစ်ပေါ်လာခဲ့ရပါတယ်။တိုရှင်းစွာထက်ပြောရသော်
မသောက်တက်ရင်တော့ဘေးဆိုးကျိုများဖြစ်ပေါ်လာစေနိုင်ပါတယ်လို့ပြောကြားရင်း@thura

ဟုတ်ကဲ့ပါရှင့်

ဟုတ်ကဲ့ပါဗျ

ဖတ်​လို့​ကောင်းတယ်​..​ကောင်း​သောပိုစ့်​ပါ..

ကျေးဇူတင်ပါတယ်

ဖတ်လို့ကောင်း

ကျေးဇူးပါ

good post

Th

ကောင်းကျိုးထက်ဆိုကျိုးကပိုများလို့
ဘုရားရှင်ကတားမြစ်ထားတာပေါ့။
အရက်ကောင်းကြောင်းကိုပြောနေရင်သေချာတယ်အဲလူကအရက်သမားဒါမှမဟုတ်ရောင်းတဲ့သူ

ဟုတ်တယ်
မသောက်ကြရင်တော့အကောင်းဆုံးပေါ့ရှင်

ယောက်ျားတစ်ယောက်ကို အရက်နဲ့မိန်းမက အဓိက ဖျက်ဆီးတယ်။
.
အဲဒီနှစ်ခုကို ရှောင်နိုင်ရင် ဘ၀မှာ အမှားနည်းတယ်။