Chinese New Year Festival

in myanmar •  7 years ago 

image

ဒီနေ့ တရုတ်လူမျိုးများရဲ့ နှစ်သစ်ကူး ရိုးရာကန်တော့ပွဲနေ့လေးမို့ မိုတို့အလုပ်ရှင်ကလည်း တရုတ်ဖြစ်တာကြောင့် ဆိုင်ဖွင့်ရင်းနဲ့ပဲ ကန်တော့ပွဲလေးကို တစ်ယောက်တစ်လက် ဝိုင်းဝန်း ပြင်ဆင်ပေးကြရတာပေါ့။ တရုတ်လူမျိုးများတွက်တော့ ဒီနေ့လေးဟာ သူတို့တွက် မင်္ဂလာယူတဲ့ နေ့လေးလို့လည်း ပြောကြပါတယ်။ မိုတို့ဆိုင်မှာက ထုံးစံတစ်ခုရှိတာလေ အဲဒီလို ပြင်ဆင်နေရလို့ ရှုတ်ပြီးဆို ဝယ်သူတွေကလည်း အချိန်ကိုက် တိုးတာ။ သူတို့ကန့်တော့လည်း ပြီးသွားရော လူလည်းရှင်းသွားရော။ အမှန်တော့ အလုပ်ရှင်က ဒီနေ့လေးမှာ လာတဲ့ ဧည့်သည်တွေကို အံပေါင်းပေးဖို့ ပြင်ဆင်ထားတာ ကန်တော့တဲ့ချိန် ဝယ်သူတိုးတဲ့ချိန် ရှုတ်ရှက်ခတ်သွားတာ အံပေါင်းပေးဖို့တောင် သတိမရအား ဖြစ်သွားတာ။ ပြီးလည်းပြီးသွားမှ သတိရတဲ့အဖြစ်။ အံပေါင်းများကိုတော့ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊အပျော်လာတောင်းကြသူများတာ ပေးဖြဟ်တော့တယ်။ ကိုယ်က အမြဲမြင်တွေ့ ဝိုင်းဝန်းလုပ်ကိုင် ပေးနေရတာဆိုတော့ တရုတ်ရိုးရား ကန်တော့ပွဲ တစ်ခုဖြစ်ဖို့ တော်တော်တော့ မလွယ်တာ အမှန်ပဲ။ ဒါပေမဲ့လည်း နှစ်စဉ်တော့ သူတို့အစဉ်အလာကို မဖြစ်ဖြစ်အောင် လုပ်နေကြတာတော့ အမှန်ပဲ ဆိုတာ ဒီနေ့တရုတ်များရဲ့ နှစ်သစ်ကူး ကန့်တော့ပွဲလေးကို ဝေမျှလိုက်ပါတယ်ရှင်။
Author@ayemomo
image
image
Photo by my phone

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အံပေါင်း များများရရင်
မုန့်ဝယ်ကျွေးဘာ

မရလည်းဝယ်ကျွေးနိုင်ပါတယ်ရှင်

Good👍

Thanks