နှစ်ရက်တာရန်ကုန်ခရီးစဉ်ပထမပိုင်း

in myanmar •  7 years ago 

image
steemit members အားလုံး မင်္ဂလာပါရှင်။
နှစ်ရက်တာ ရန်ကုန်သို့ ဆေးခန်းပြရန် သွားသမို့ post မတင်ဖြစ်ခဲ့ပါ။ ပြန်လာတော့လည်း ခရီးကပန်း ပျင်းကလည်းပျင်း အလုပ်မှာကလည်း လူကလည်းကျသမို့ စာမရေးဖြစ်နိုင်နဲ့ ဘာရေးရမလဲ အတွေးကလည်း စဉ်းစားမရဖြစ်နေတဲ့ အဆုံး မိုသွားခဲ့တဲ့ ရန်ကုန်ခရီးစဉ်လေးပဲ ပြန်ချရေးလိုက်တာပဲ ကောင်းပါတယ် ဆိုပြီး ချရေးဖြစ်ခဲ့တာပါ။ တင်နေကြချိန် post မတင်ရတော့ နေရတာ တစ်မျိုးကြီး ဖြစ်နေလို့ပါ။
image
မော်လမြိုင် မှ ရန်ကုန် သို့ ၃ရက်နေ့ည ရောင်နီထွန်း ကားလေးနဲ့ အန်တီ နှစ်ယောက်ရယ် ညီမငယ်ဆုံးလေးရယ် ပေါင်းလေးယောက် ခရီးစထွက်ခဲ့တာပေါ့။ ပုံမှန်ဆို မိုတို့က PTT ကားနဲ့သာ သွားလေ့ရှိတာ PTTကားက လက်မှတ်ခက တစ်သောင်း ပေးရပင်မယ့် မြို့ထဲရောက်တယ် ဆိုတော့လေ။ အခုတစ်ခါကတော့ လူကလည်း လေးယောက် ဆိုတော့ ချွေတာတဲ့ အနေနဲ့ ရောင်နီထွန်း ပြောင်းစီးတာ ကားကတော့ ကောင်းပါတယ်။ ဂိတ်ဆုံးက ဦးချစ်မောင်လမ်း ဆိုတော့ အန်တီတို့က ဒါလည်း အဆင်ပြေတာပဲ သွားရတာ သူတို့က သွားဖူးတယ် ဆိုတော့လည်း သွားပေါ့လေ။ မိုကတော့ ရန်ကုန်ဆို တောသား မြို့တက်တဲ့ အတိုင်းပဲ ဘာဆို ဘာမှမသိ ဆေးခန်းပြ နေရလို့ ရန်ကုန်ကို အခေါက်ခေါက် အခါခါ ရောက်ဖြစ်နေလဲ အခုချိန်ထိ ဘယ်လိုမှ တစ်ယောက်တည်း မသွားတက် ဘာမှကိုလည်း မမှတ်မိ အန်တီတွေပါမှ မပါရင်လည်း ဘယ်ခရီးမှမရောက်သူ ဆိုတော့ သူတို့ခေါ်ရာ နောက်လိုက်ပေါ့။
image
ညကားဆိုတော့ အိပ်ပြီးစီးတာပေါ့။ စာရေးသူက ညကားမပြောနဲ့ ဘယ်ကားစီးစီး ကားပေါ်ရောက် အိပ်တဲ့အမျိုး မအိပ်ရင်လည်း ခေါင်းကမူးတက်သမို့ မျက်လုံးမှိတ်ပြီးပဲ လိုက်စီးလေ့ရှိတာလေ။ အခုလည်း အိပ်စီးရင်းပေါ့ ကားကခဏချိန် ဘဲလေး စားသောက်ဆိုင် မိုတို့အကြိုက် ပါခဲ့တဲ့ ညီမလေးကလည်း အဲ့ဆိုင်ဆို အရမ်းကြိုက် မသွားခင်တည်းက ဘဲလေးရောက်ရင် ဘယ်လိုဆွဲမယ် ဆိုတာ အားခဲထားတာလေ ရောက်တော့လည်း ညသန်းခေါင် ဖြစ်နေလည်း အပီပြင်ဆွဲတာပဲ။ အဲ့ဆိုင်လေးက ဈေးလည်းတန်သလို စားလို့လည်း တကယ်ကောင်းတာ ကားတွေနဲ့ ချိတ်ဆက်ထားတော့ နေ့ညမပြတ် ဖွင့်ထားတာ ရောက်သွားချိန်တိုင်းလည်း လူကပြည့်မြဲ လူပြည့်လို့ အလျင်မမှီမှာလည်း မပူရ မြန်ဆန်လွန်းတဲ့ ဝန်ဆောင်မှု မရဖူးဆိုတာလည်း မရှိရလေအောင် တကယ်ကောင်းပါတယ်။ မရောင်းတဲ့ အသားတွေတော့ မရဘူးပေါ့နော်။ ဘဲလေးဆိုင် ကြော်ငြာနေတာတော့ မဟုတ်ပါဘူးနော်။ ခရီးသွားကြောင်း ရေးတာဆိုတော့ ခရီးသွားရင် အစားအသောက်ကောင်း ဆိုတာ လိုအပ်တာမို့ ဒီခရီးကို လာဖြစ်ကြမယ့်သူများ ရှိရင်လည်း ကိုယ့်လို အဆင်ပြေပြေ စားနိုင်ဖို့ တကယ်ကောင်းတဲ့ ဆိုင်လေး ညွှန်းပေးခဲ့တာပါနော်။
image
စားပြီးခရီးဆက် ရန်ကုန်အဝေးပြေး ရောက်တော့ ကားရပ် ဆင်းသူဆင်း အချိန်က တစ်နာရီလောက်ကြာ ဂိတ်ကမဆုံးသေးသမို့ မိုတို့ကတော့ မဆင်း ကိုယ်တည်းမယ့်အိမ်က မြို့ထဲဆိုတော့ ဦးချစ်မောင်လမ်းထိ လိုက်စီးမယ်ပေါ့။ တစ်နာရီလောက်ကြာရပ်ပြီးမှ ကားကထွက် နောက်တော့ ဂိတ်ဆုံးပြီး ဆိုပြီး ကားရပ်လို့ ဆင်းကြတော့ အန်တီတို့က ဦးချစ်မောင်လမ်းလည်း မဟုတ် ဘယ်နေရာမှန်းလည်း မသိဘူးတဲ့ မိုးကလည်းမလင်းသေး မိုးတွေကလည်းရွာနဲ့ တက္ကစီကရှားနဲ့ ဖြတ်လာတဲ့ တက္ကစီကလည်း သွားမယ့်နေရာ ပြောလိုက်ရင် တော်ရုံမလိုက်နဲ့ အခက်ကြုံရ ရန်ကုန်မြို့ကြီး ဆိုတာကလည်း လူပြတ်တဲ့ နေရာတော်ရုံမနေရဲ ဖြစ်နေတာပေါ့။ စိတ်ထဲတော့ ပြောနေမိတယ် နောက်တစ်ခါဆို ကိုယ်သွားနေကျနဲ့ပဲ သွားတော့မယ်လို့ အပေါမလိုက်တော့ဘူးလို့။ တစ်ခါတစ်လေ သက်သာရာလေး လိုက်မိပါတယ် အချိန်ကုန် လူပန်းဖြစ်ရတာလေ။
image
စောင့်ရင်းနဲ့ ကံကောင်းလို့ တက္ကစီ တစ်စီးက သွားမယ်ဆိုလို့ တည်းမယ့်အိမ်ကို ရောက်တော့ မနက်ငါးရီခွဲတော့မယ်။ တစ်ရေးလေးမှိန်းမလို့ အချိန်က သိပ်မရှိ ဆေးရုံကို ခုနှစ်နာရီ အမှီသွားမှ စာအုပ်ထပ်ဖို့ အဆင်ကပြေမှာမို့ ခဏနား မျက်နှာသစ် ရေမိုးချိုးပြီး ပြန်ထွက်ရတာပေါ့။ ကြိုမထွက်ရင်လည်း သိတဲ့အတိုင်း ရန်ကုန်ကားလမ်းက ကိုယ်လိုတဲ့အချိန် ရောက်ဖို့ဆိုတာ မလွယ်ပဲကိုး။ မနက်စာတောင် မစားနိုင် ဆေးရုံကို တန်းသွားတာ ဆေးရုံဝလည်းရောက် ပုံမှန်ဆို လူပြည့်နေတဲ့ ဆေးရုံက လူရှင်းနေတော့ စိတ်ထဲတော့ ထူးဆန်းနေတာပေါ့။ ဒါပေမယ့် ကိုယ်ထပ်ရမယ့် စာအုပ်ထပ်ဖို့ သွားတော့မှ စာအုပ်လက်ခံတဲ့ စာရေးမတွေက ဒီနေ့တရားဝင် ရုံးပိတ်ရက် ဖြစ်သွားလို့ ဆရာ မလာပါဘူးတဲ့လေ။ ကြားလည်းကြားရော ခဲလေသမျှ သဲရေကျ ဆိုသလိုပဲ ကိုယ်က အဓိက ဆေးပြဖို့ ရက်ချိန်းမို့ မဖြစ်မနေ တက်လာရတာ ဆိုတော့ စိတ်ထဲ တော်တော် ညစ်သွားတာပေါ့။ သူကဗုဒ္ဓဟူး တစ်ရက်ပဲ ပြလို့ရတာလေ ဆက်နေဖို့ကလည်း အလုပ်ကတစ်ဖက်မို့ အစီအစဉ် သေချာဆွဲ လက်မှတ်ကြိုမှာပြီး လာရတာ ဆိုတော့။ အန်တီတွေကလည်း သူတို့ဆေးခန်းရက်နဲ့ တိုက်ပြီးလိုက်လာတာမို့ ကိုယ်ပြလို့ မရပင်မယ့်လည်း သူတို့ပြတာတော့ စောင့်ပေးရမှာ ဆိုတော့ နှစ်ရက်တာကို ဘယ်လို အချိန်ဖြုန်းခဲ့ရလည်း ဆိုတာတော့ နောက်ထပ် အပိုင်းခွဲလို့ ဇာတ်သိမ်းပိုင်းလေးမှာ ပြောပြခွင့်ပြုပါနော်။ ဘာလို့ဆို ခရီးကပြန် အလုပ်မှာကရှုပ်နဲ့ ခေါင်းကမကြည်သမို့ စာများများ မရေးနိုင်သေးလို့ပါရှင်။ မိုရဲ့ ရန်ကုန် ခရီးသွား အတွေ့အကြုံလေးတွေပါ။ အမှားများပါရင် ခွင့်လွှတ်ပါနော်။ steemit members အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမားကြပါစေနော်။ ခရီးသွားနှစ်ရက်လုံး မိုးကရွာသမို့ Photo များ မရိုက်လာနိုင်တာမို့ google ကပဲရှာပြီး ထည့်ပေးရတာပါ။ စာရေးသူရဲ့ ရန်ကုန် ခရီးသွား အတွေ့အကြုံ ဇာတ်သိမ်းပိုင်းကိုလည်း စိတ်မပျက်ပဲ စောင့်မျှော် ဖတ်ရှုပေးပါအုန်းလို့ ကြိုတောင်းပန် ထားပါရစေနော်။
Author @ayemomo(MSC 051)
Photo by google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဆက်တင်ပေးပါအုံး။

ဟုတ်ကဲ့ပါ၊ကျေးဇူးပါ

ရန်ကုန်ရောက်ဖူးချင်တယ်

မရောက်ဖူးဘူးလား
တစ်နေ့တော့ရောက်မှာပါ

ကောင်းကောင်း ခရီးသွားရေးလည်း စာပါဘဲ ရေးလိုစိတ်နဲ့ စေတနာပါဘဲလေ မလမ ရယ်

ဟုတ်ကဲ့ပါဆရာရယ်

အော် ရန်ကုန်ခရီးသွားတာတောင် အပိုင်း ၂ မျှော်တဲ့ ဒွတ်ခဒွတ်ခ ဂျပန်၊ အမေရိကန်များသွားရင် အပိုင်း ၁၀၀ များဖတ်ရမလားဖျားဖျား

အင်းဟုတ်မယ်ထင်တယ်

😂😂

ရန်ကုန်ရောက်ရင် မုန့်ကျွေးဘာ

အမ်ပြန်လာပြီလေ
နောက်ခေါက်မှစားတော့နော်

Good Writing!

Thank

ခရီးသွားမှတ်တမ်း ရေးတဲ့ အလေ့အကျင့် တခု ထားတာ အရမ်း အသုံးဝင်တယ်

ဟုတ်ကဲ့ရှင့်

ဇာတ်သိမ်းပိုင်းမျှော်နေတယ်ဗျာ

ကျေးဇူးပါရှင်

Yangon မြို့ကြီးကိုတဲ့​ရောင်​လည်​လည်​​ရောက်​လာခဲ့တယ်​။ မျက်​လုံး​လေးကလယ်​ကလယ်​။

ဟုတ်ပ၊ဂယ်ပဲ
တောသားမြို့တက်လေ

မြင်းကျားမစီးလို့ ပီကယ်ဖမ်းကာ ဒဏ်ရိုက်ခံရတယ်

ဒေါ်ဂွတ်ထော်တို့မြေးဖွါးလိုပေါ့နော် ဟီးဟီး

ရန်ကုန်သွား မြို့လား

ဟုတ်ကဲ့

Nice sis...

Thank

ရန်ကုန်ဆေးရုံသို့ခရီးတစ်ခေါက်ပေါ့ 👍👍

ဟုတ်ကဲ့

Nice post
ကျန်းမာရေးကောင်းပါစေဗျာအမရေ

ကျေးဇူးပါ

အဲ! မဆိုးပါဘူးလို့။ ဒါနဲ့နေကောင်ူသွားပြီလားလို့

ကောင်းပါ့ရှင်

ရန်ကုန်တော့ တစ်ခါလောက်တော့ ရောက်ဖူးအောင် ဆင်းဦးမှပါကွယ်…😄

လည်ပတ်ဖို့တော့ကောင်းပါတယ်

ရွှေတဂုံဘုရားကော ဖူးခဲ့ရဲ့လား..?

ဆေးရုံကို တန်းသွားတာ ဆိုတဲ့စကားထက် ချက်ခြင်းလိုပဲ ဆေးရုံကိုသွားဖြစ်တယ်၊ ဆေးရုံကိုတိုက်ရိုက်သွားခဲ့တယ် ဆိုတဲ့အသုံးအနှုန်းဆိုရင်ပိုချောမွေ့ပါတ်ာဗျာ။ အတာကိုမခေါ်ဘူးလား။ အတာက ထမင်းလေးဘာလေးမကျွေးလိုက်ဘူးလားကွယ်။