ရတာလေးနဲ့ကျေနပ်စမ်းပါမိဝိုင်းရယ်

in myanmar •  8 years ago  (edited)

image
Steemit members အားလုံး မင်္ဂလာပါရှင်။ လက်ပံလို့ ခေါ်တဲ့ ရွာလေး တစ်ရွာမှာ ငွေကြေးက မပြည့်စုံ ရုပ်ကလေးကလည်း မလှ ဒါပေမယ့် စိတ်ထားလေးက ကောင်းရှာတဲ့ မိဝိုင်း ဆိုတဲ့ ကောင်မလေး တစ်ယောက်ရှိတယ်။ မိဝိုင်းလေးမှာ အမေသာရှိတော့သမို့ အမေတစ်ခု သမီးတစ်ခု ဘဝနဲ့ လက်ပံရွာလေးမှာ အမေနှင့်အတူ အကြော်လေး ဝိုင်းရောင်းရင်း ရွာရှိလူကြီးသူမများကို ဝိုင်းဝန်းကူညီတက်ပြီ ရိုးသားစွာ အေးချမ်းစွာ နေထိုင်တက်သူလေးပေါ့။
image
ရုပ်မလှ မချမ်းသာပင်မယ့် စိတ်ထားလေး ကောင်းပြီး အများကို ကူညီတက်တဲ့တွက် တစ်ရွာလုံးက မိဝိုင်းလေးကို ချစ်ကြတာပေါ့။ မိဝိုင်းလေးက ဘဝကုသိုလ်ကံကြောင့် ဆင်းရဲပြီး ရုပ်မလှပင်မယ့် သူ၏စိတ်ထားလေးက ကောင်းတော့ သူ့ကို တစ်ရွာလုံးက ဘယ်သူမှ မလှဘူးလို့ မပြောကြ ထင်လည်းမထင်ကြ သူမကို မြင်သူတိုင်းက သဘောကျ ချစ်ကြတာလေ။ မိဝိုင်းလေးရဲ့ စိတ်ထားအလှက နဂို မလှတဲ့ ရုပ်ကလေးကိုတောင် မြင်သူတိုင်းက မလှဘူးလို့ မထင်နိုင်တော့တာပေါ့။ လောကမှာ ရုပ်လှဖို့ထက် စိတ်လှဖို့ အရေးကြီးတယ် ဆိုတာ အခုမိဝိုင်းလေးကို ကြည့်ရင်သိနိုင်မယ် ထင်တယ်။ ရွာကလူတိုင်းကတော့ မိဝိုင်းသာ ရွာမှာ အလှဆုံးလို့ တင်စားထား ကြတော့ မိဝိုင်းကလေးကလည်း သူ့ကိုယ်သူ လှတယ်လို့ပဲ ထင်မှတ် နေမိတော့တာပဲ။ တောသူ တောင်သားတွေ ဆိုတာ ရိုးသားတော့ အများက အလှဘွဲ့ ပေးထားတော့လည်း သူ့ရုပ်ကလေးကို သူလှတယ်ပဲ ထင်နေတာပေါ့။ တကယ်တော့ သူစိတ်ထားလေးကြောင့် သူလှနေတယ် ဆိုတာကိုတော့ မသိရှာဘူး ဖြစ်နေတယ်။
image
တစ်နေ့မှာ မိဝိုင်းလေးတို့ ရွာကို ရန်ကုန်မြို့မှ သူဌေးကြီးများက အလှူလာလုပ်ကြတော့ သူဌေးကြီးများ၏ သမီးလေးများလည်း ပါလာကြတာပေါ့။ မြို့သူများဆိုတော့ကာ မြို့အပြင်အဆင်များနှင့် နဂိုရှိပြီးသား အလှများကို ထပ်မံ မွမ်းမံ ထားကြတော့လည်း ရွာသူရွာသားတွေ အတွက်ကတော့ သူတို့ရွာကို ရုပ်ရှင်မင်းသမီးတွေများ နတ်မိမယ်လေးများ ရောက်လာသလား အောက်မေ့ကြတာပေါ့။ ရွာသူရွာသားတွေ ဆိုတော့ မမြင်ဖူးတော့ ရူးတယ်ဆိုရ မလားပဲ သူတို့၏ ပါးစပ်မှာ မြို့သူလေးတွေ ဘယ်လိုလှကြောင်းကိုပဲ အလှူပြီးလို့ မြို့သူလေးများ ပြန်သွားသည့်တိုင် ပြောမဆုံး ဖြစ်နေကြတော့ မိဝိုင်းလေးမှာ သူ့ကိုသူ အားငယ်စိတ် ဝင်လာတော့တာပေါ့။ မြို့သူလေးတွေ မရောက်လာခင်ကဆို ရွာရှိလူများက သူ့ကိုအလှဆုံးလို့ ပြောထားပြီး အခုတော့ မြို့သူလေးတွေ ဖြစ်နေကြတာမို့ သူ့ရုပ်တကယ် မလှမှန်းသိလာပြီး မြို့သူလေးတွေလို လှချင်စိတ်တွေ အားကျစိတ်တွေ ဖြစ်လာတော့ ပါတယ်။
image
နဂိုက တစ်ရွာလုံးက သူ့ကို လှတယ် ပြောထားကြတော့ လှချင်စိတ်ဆိုတာ သူ့မှာမရှိ သူကလှပြီးသားမို့ ဘာမှမလိုချင် တောင်းတစိတ်မရှိပဲ ပျော်နေခဲ့တာပေါ့။ အခုတော့ သူ့မှာ မြို့သူတွေလို လှချင်စိတ် အားကျစိတ်တွေကြောင့် မြို့သူတွေလို ပြင်ဆင်လိုက်ရင် သူလည်းလှသွားမှာပဲလို့ မိဝိုင်းလေးစိတ်မှာ ထင်မှတ်လာခြင်းက မိဝိုင်းလေးရဲ့ ဖြူစင်တဲ့ စိတ်တွေ စတင် အရောင် ပြောင်းလာတော့တာပေါ့။ သူ့စိတ် သူ့အတွေးမှာ ဘယ်လို လှအောင် ပြင်ရမလဲ ဆိုတဲ့ စိတ်လေး လွှမ်းမိုးလာတော့ အလှပြင်မယ်ဆို ပိုက်ဆံရှိမှ ဖြစ်မှာ ငါ့မှာက ပိုက်ဆံက မရှိ ဘယ်လိုလုပ်ရ ပါ့မလဲ တစ်နေ့တစ်နေ့ တွေးနေတော့ အမေနဲ့လည်း အကြော်ဝိုင်းမရောင်း နိုင်ဖြစ်နေရှာပေါ့။ အကြော်ရောင်းတဲ့ ပိုက်ဆံကလည်း သားမိနှစ်ယောက် စားရရုံ ဆိုတော့ ပိုက်ဆံ များများ ရမယ့်အလုပ်ကို တွေးလာမိပြီး ငါမြို့ပေါ်တက်လုပ်ရင်တော့ ပိုက်ဆံများများ ရမှာပဲ ရွာမှာပဲနေလို့ကတော့ ဘာမှဖြစ်လာမှာမဟုတ် မြို့ပေါ်တက် အလုပ်လုပ်ဖို့ ဆုံးဖြတ်ပြီး မြို့တက်ဖို့ လမ်းစရိတ်ကလည်း လိုသေးတာမို့ ဘာလုပ်ရင် ကောင်းမလဲ ကြံနေရာက အမေ အမြတ်တနိုး တန်ဖိုးထားတဲ့ အမေ့ရဲ့ မင်္ဂလာဦး ပစ္စည်းလေး ခိုးရောင်းဖို့ အကြံရသွားတာပေါ့။ မိဝိုင်းလေးစိတ်မှာ လှချင်တာ တစ်ခုပဲ သိတော့တာမို့ ရိုသားတဲ့စိတ်လေးတွေ ကွယ်ပျောက်ကုန်ပြီလေ။ မြို့ရောက်တော့ ရရာအလုပ်တွေ လိုက်လုပ် နေ့များ ညမအားလုပ်တော့ တာပေါ့။ ပင်ပန်းလို့ နားရမှန်းလည်းမသိ ရွာက အမေကိုလည်း သတိမရနိုင် လှချင်စိတ်ကြောင့် အလှပြင်ဖို့သာ အတွေးရောက် နေတာလေ။ ပိုက်ဆံတွေ နင်းကန်စုပြီး အလှပြင်ဖို့ပဲ စိတ်ရောက်နေရှာသူလေး မိဝိုင်းပါ။ ဘဝပေး ကံကြမ္မာကြောင့် မလှတဲ့ရုပ်ပါဆိုမှ ဘယ်လောက်ပြင်ပြင် လှနိုင်ပါ့မလား။ နဂိုရှိမှနဂိုင်းထွက်တယ် ဆိုသလိုပေါ့။ နဂိုရုပ်က မလှဘူးဆိုမှတော့ အပေါ်ယံ အလှကုန် ပစ္စည်းများနဲ့ ဘယ်လောက်ပဲ ဖုံးဖုံး နဂိုရုပ်ကို ဖျောက်ဖျက်လို့ ရတာမှ မဟုတ်တာ မိဝိုင်းလေးမှာတော့ ဒါတွေကို မသိနိုင်ရှာပဲ ရိုးသားတဲ့ စိတ်လေးတွေပါ ပျောက်ပြီး အမေ့ကိုလည်း သတိမရနိုင် အမေ့ပစ္စည်းကိုလည်း ခိုးမိနဲ့ လှချင်တဲ့ စိတ်တစ်ခုနဲ့ မလုပ်သင့်တာတွေ လုပ်မိနေရှာတာလေ။
image
ပိုက်ဆံလေး စုမိဆောင်းမိတော့ ရန်ကုန်မြို့က ဈေးအကြီးဆုံး အလှပြင်ဆိုင်ကိုသွား အလှပြင်တော့တာပေါ့။ အလှကတော့ ပြင်လိုက်တာပဲ သူ့ကိုယ်သူ တကယ်လှမလှ မခွဲခြားတက် ပြင်လိုက်ရင် လှသွားပြီး ဆိုပြီး စိတ်ထဲ စွဲနေတော့ သူလှသွားပြီး ဆိုပြီး ရွာသို့ ပြန်လာတော့ အချိန်တွေ အတော်ကြာ အမေ့ကို မေ့လျော့နေခဲ့မိတာ အမေ့မှာတော့ သမီးမိဝိုင်းလေး အိမ်ကထွက်သွားသည့် နေ့မှစလို့ သတိရစိတ်နဲ့ အိပ်ယာထဲလဲကာ ဖြစ်နေရှာတာပေါ့။ မြို့က သူသမီးလည်း တွေ့ရော ဝမ်းသာမဆုံး ဖြစ်ပြီး အသက်ကကြီး အချိန်တော်ကြာ အိပ်ယာထဲမှာဆိုတော့ နလန်မထူနိုင်တော့ပဲ အသက်ဆုံးသွား ရှာတာပေါ့။ မိဝိုင်းလေးမှာ လှချင်စိတ် တစ်ခုနဲ့ အမေဆိုတဲ့ တန်ဖိုးကြီးသော အရာကို စွန့်ပစ် လိုက်မိပြီးဆိုတဲ့ အသိကို သူ့ကို တမ်းတမ်းတတ စောင့်နေရှာပြီး သူ့ကိုလည်း မြင်ရော ဝမ်းသာမဆုံး ဖြစ်ပြီး စိတ်ချသွားတာကို မြင်မှ သူအချိန်ချိန် တော်တော်ကြာ အမေ့ကို ပစ်ထားခဲ့မိမှန်း သတိရ စိတ်ဝင်လာပါတော့တယ်။ အဲတော့မှ မိဝိုင်းလေး မျက်ရည်တွေ စီးကြကာ အားရပါးရ ငိုတော့တာပေါ့။
image
အဲတော့မှ ရွာကလူတွေက မိဝိုင်းလေး နင်ဘယ်တွေပျောက်ပြီး ဘယ်လိုပုံစံတွေ ဖြစ်လာတာလဲ နဂိုရုပ်ကမှ ကြည့်လို့ကောင်းသေး နင်ပုံစံကြီးက ပူလောင်လိုက်တာဟယ် ငါတို့မျက်စိနဲ့တော့ အဆင်မပြေပါဘူးတော် နင့်ကို ဘယ်သူ မြှောက်ပေးလို့ အခုလိုတွေလုပ်ပြီးမှ ပြန်လာတာလဲ နင့်အမေမှာတော့ နင့်ကို တစ်ရက်မှ ရတက်မအေး ငိုနေရှာ စောင့်နေရှာတာကွယ့်။ မိဝိုင်း နင့်အမေဆီကလည်း ပစ္စည်းခိုးသွား သေးတယ်ဆို ဘယ်တွေ လုပ်လိုက်လဲ နင့်မှာအရင်က အဲ့လိုအကျင့်မျိုး မရှိပါဘူး။ နင်ဘာကြောင့် ပြောင်းလဲသွားတာလဲ ဖြေစမ်းလို့ ရွာကလူကြီးများက ဝိုင်းမေးတော့မှ မိဝိုင်းလေးက မြို့သူလေးတွေ အားကျပြီး လှချင်လို့ပါလို့ ပြောတော့မှ ဖြစ်ရလေ မိဝိုင်းရယ် ငါတို့မြင်တာတော့ နဂိုပုံစံလေးက နင့်နဲ့အရမ်းလှတယ်လို့ပဲ မြင်တယ်။ ရတာလေးနဲ့ပဲ ကျေနပ်စမ်းပါ မိဝိုင်းရယ်။ အရင်တုန်းက မိဝိုင်းက ရုပ်မလှပင်မယ့် စိတ်ထားလေးက အရမ်းလှတော့ ငါတို့နင့်ကို ကြည့်ရင် အမြဲလှနေတယ်လို့ပဲ မြင်တာ အပေါ်ယံ ပစ္စည်းတွေ မွမ်းမံ လိုက်လို့ နင်လှသွားမယ် ဆိုရင်တောင် နင့်အလှက တဒင်္ဂ အလှပဲ ဖြစ်နေမှာ ဘာကြောင့်လဲဆို နင့်ရဲ့ လှချင်စိတ်က နင့်ရဲ့ရိုးသားမှု နင့်ရဲ့ စိတ်အလှကို ဖျောက်ဖျက်လိုက်တဲ့ အတွက် နင့်တစ်ဘဝလုံး စစ်မှန်တဲ့ အလှစစ်ကို နင်မရနိုင်တော့ဘူး။ ဒါကြောင့် မိဝိုင်းရယ် နင်တကယ်လှတဲ့ အလှစစ်ကို လိုချင်ရင် နဂိုက ရှိရင်းစွဲ စိတ်ထားကောင်းလေးကိုပဲ မွေးမြူပြီး ရတဲ့ဘဝ ရတဲ့အလှကိုပဲ ကျေနပ်စမ်းပါ မိဝိုင်းရယ်လို့ ရွာလူကြီးများက ဝိုင်းဝန်း ဆုံးမတော့မှ မိဝိုင်းလေး အသိပြန်ဝင်ကာ ငါတော်တော် မှားသွားပါလား။ ရတာလေးကို မကျေနပ်နိုင်တဲ့ ငါ့ရဲ့လောဘ အတ္တ ဖြစ်ချင်စိတ်ကြောင့် ငါ့ဘဝမှာ တန်ဖိုးရှိဆုံးသော အမေ့ကို ဆုံးရှုံးလိုက်ရပြီး ဆိုတဲ့ အချိန်လွန် နောင်တတွေ မိဝိုင်းလေး ရရှိသွားတော့တာပေါ့။
ဘဝမှာ ရတာလေးနဲ့ မကျေနပ်နိုင်တော့ ရိုသားတဲ့စိတ်လေးတွေပါ ပျောက်ပျက်ရပြီး အလှစစ်လည်း မရှိနိုင်တော့ပဲ တန်ဖိုးကြီးတဲ့ အရာတွေ ဆုံးရှုံးသွားနိုင်တာကို မိဝိုင်းလေးကို ဥပမာပြုရင်း ရတာလေးနဲ့ ကျေနပ်ပါဆိုတဲ့ ဇာတ်လမ်း လေးကို စိတ်ကူးပုံဖော် ရေးသားခြင်းပါနော်။ အဓိကတော့ ဘဝမှာ ရတာလေးနဲ့ ကျေနပ်နိုင်စေဖို့နဲ့ ရုပ်လှဖို့ထက် စိတ်လှဖို့က အရေးကြီးပါတယ် ဆိုတဲ့ အသိနှစ်ခု ရစေဖို့သာ မိဝိုင်းဇာတ်လမ်းလေးကို စိတ်ကူးနဲ့ ပုံဖော် ရေးသားခြင်းပါ။ပြောချင်တာက အကြောင်းရာလေးကို ဇာတ်လမ်း တစ်ခုဖြစ်အောင် ကြိုးစားဖန်တီးထားတာမို့ သည်းခံ ဖတ်ရှုပြီး အမှားများ အကြံပြုပေးကြပါနော်။ steemit members အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ရတာလေးနဲ့ ကျေနပ်နိုင်တဲ့သူများ ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း။
Author @ayemomo(MSC-051)
Photo by google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟုတ်ကဲ့မမ

လိမ္မာလိုက်တဲ့ညီမလေး
ကျေးဇူးပါနော်

ဒေါ်အေးမိုမိုရေ
အကြံတော့မပြုတက်ပေမယ့်
ကျွန်နော်စိတ်ကလှပြီး
လူကချောတာတော့
ကိုယ့်ကိုကိုယ်
သိနေတယ်ဗျ……ဟဲဟဲ

စတာပါနော်
ရှင်းရှင်းလင်းလင်း
တင်ပြထားတာ
တွေ့မြင်ခံစားမိပါတယ်
နောက်ထက်လည်း
ဒီလိုအကြောင်းအရာလေးမျိုး
ဆက်၍တင်ပြပေးပါဦးလို့
ဆန္ဒပြုရင်း………@thura

အခုမှပဲငါးချဉ်နဲ့တိုးနေ
ဟဲဟဲ စတာနော်

ဒီ​ခေတ်​မိန်းက​လေး​တွေကို ဖတ်​​စေချင်​တယ်​။

ဟုတ်တယ်နော်

မိဝိုင်းနဲ့ ကျုပ်​နဲ့တူတူပဲ ရုပ်​​ပြောတာပါ :-)

တွေ့ဖူးလို့လား
ဒါဆိုစိတ်လှမှာပေါ့နော်

မိဝိုင်းနဲ့ ကျုပ်​နဲ့တူတူပဲ ရုပ်​​ပြောတာပါ :-)

Nice Story
Thank you for post

Thank you

Good post for me.

Thank you

အလှမက်တော့ ဘဝပျက်

ဟုတ်တယ်နော်

😬😬😬

အမ်အမ်

ကောင်းပါတယ်ဗျာ နောက်လဲ ပိုပိုကောင်းတဲ့ ဇာတ်လမ်းကောင်းတွေ
ဖန်တီးနိုင်ပါစေ

ဟုတ်လို့လားစာရေးဆရာလေးရယ်

မိဝိုင်းရေမြို့ကိုရောက်တော့ ဒို့ရွာကိုမေ့သွားပီထင်တယ်

အဲမေ့သွားတာဟုတ်ပါဘူးတော်
ဘယ်လိုလာရမှန်းမသိတော့တာပါ လမ်းညွှန်လေးပို့ခဲ့ပါတော် ဟီးဟီး

👍👍👍

Thank

မိန်းက​လေး ​တွေအလှမက်​ရင်​ ​ကြောက်​ဖို့​ကောင်းတယ်​​နော်​ ဟိဟိ။

မိန်းက​လေး ​တွေအလှမက်​ရင်​ ​ကြောက်​ဖို့​ကောင်းတယ်​​နော်​ ဟိဟိ။