လူတစ်​​ယောက်​ရဲ့စိတ်

in myanmar •  7 years ago  (edited)

ကျွန်​​တော်​က ဂစ်​တာတီးရတာကိုအရမ်းဝါသနာပါတာ ငယ်​​ငယ်​ကတည်း ဆို​တော့ သူငယ်​ချင်း​တွေဆီက ဂစ်​တာ​တွေယူပြီးတီး​တော့ တီးတတ်​​နေပြီး ဒါ​ပေမဲ့ ဂစ်​တာက မဝယ်​ရ​သေးဘူး။ကျွန်​​တော်တို့က အလုပ်​လုပ်​ မှာ အစာစားလို့ရတဲ့ ဘဝ ဆို​တော့ စားဝတ်​​နေ​ရေးကို ကိုကြည့်​ရ​သေးတယ်​ ဒါနဲ့ အလုပ်​လုပ်​လို့ရလာထဲ က ​ပိုက်​ဆံ​လေးနည်းနည်းစုပြီး
လအနည်းငယ်​ ကြာလာ​တော့ ပိုက်​ဆံ2​သောင်း​လောက်​စုမိလာတယ်​။ ကျွန်​​တော်​လဲ ဦး​လေးကို ​ခေါ်ပြီး မြို့ထဲက ဂစ်​တာဆိုင်ကိုသွားတယ်​ ဂစ်​တာဆိုင်​ ​ရောက်​​ရောက်​ခြင်း ကျွန်​​တော်​ ဂစ်​တာ​လေးတစ်​ခုကို​တွေ့တယ်​အရမ်းလှတယ်​ အဖြူ​ရောင်​​လေးဗျ ကျွန်​​တော်​ ​တွေ့​တွေ့ခြင်း​ အဲဂစ်​တာ​လေးကို သ​ဘောကျသွားတယ်​ အဲဂစ်​တာ​လေးကို ​ဈေး​မေးကြည့်​​တော့ 5​သောင်း​လောက်​ဖြစ်​​နေတယ်​ လိုချင်​​ပေမဲ့ ပိုက်​ဆံက မ​လောက်​​တော့ 2​သောင်းတန်​ထဲက ဘဲ တစ်​ခု​ရွေးယူခဲ့တယ်​ လမ်း​ရောက်​ ​တော့ ကျွန်​​တော်​လိုချင်​တဲ့ ဂစ်​တာ​လေးကို မရလို့ ညည်းညူရင်းပါးစပ်​က တတွတ်​တွတ်​ ​ပြော​နေတာ ဦး​လေး ကြား​တော့ ငါ့တူ ဘယ်​ဂစ်​တာ​နေ​နေတီးရတာ တူတူဘဲပါကွာ မင်းစိတ်​ က ဖြစ်​​နေတာပါ။ ဦး​လေး မင်း ကို ပုံပြင်​​လေးတစ်​ပုဒ်​​ပြောပြတယ်​ အဲဒီပုံပြင်​က ရိုင်း​ပေမဲ့ အရမ်း​ကောင်းတဲ့ပုံပြင်​​လေးဘဲ။ ​သေချာနား​ထောင်​ဆိုပြီး ပုံပြင်​တစ်​ပုဒ်​​ပြောပြ​တော့တယ်

ဟို​ရှေး​ရှေးတုန်းက တိုင်းပြည်​တစ်​ခုမှာ ဘုရင်​ကြီးတစ်​ပါးရှိတယ်​ အဲဘုရင်​ကြီးက စစ်​တိုက်​သွား​နေတယ်​ နန်း​တော်​ ​မှာ မိဖုရားကြီး ဆီကို ပညာရှိ အမတ်​ တစ်​​ယောက်​က ​ရောက်​လာတဲ့ အချိန်​ မိဘုရားကြီးက ပညာရှိအမတ်​လာတယ်​ဆိုပြီး
မတ်​တတ်​ရပ်​ နှုတ်​ဆက်​စကား ​ပြောမလို့လုပ်​တုန်း ထဘီကကျွတ်​ကျသွားတယ်​ ပညာရှိအမတ်​ကြီးက မသိချင်​​ယောင်​​ဆောင်​ပြီး ပုံမှန်​အတိုင်းဘဲ စကား​ပြောတယ်​ စကား​ပြောလဲပြီး​ရော အမတ်​ကြီးက ပြန်​သွားပြီး ​နောက်​ရက်​​တွေ မိဖုရားကြီးဆီကို မလာ​တော့ဘူး​ပေါ့ အမတ်​ကြီးက စိတ်​ထဲမှာ​တော့ မိဖုရားကြီးကို ပစ်​မှား​နေ​တော့တာ​ပေါ့
တဖြည်းဖြည်း နဲ့ မိဖုရားကြီးက ရိပ်​မိလာတယ်​ ပညာရှိအမတ်​ကြီးက သူဆီမလာ​တော့တာကို မိဘုရားကြီးက ခဏ​လောက်​စဉ်းစားပြီး အကြံလဲရ​ရော ပညာရှိအမတ်​ကြီးကို ချက်​ချင်း သူ​ရှေ့​ကို လာ​ရောက်​ရန်​ ​ခေါ်ခိုင်းလိုက်​တယ်​ အဲချိန်​မှာ အမတ်​ကြီး ရင်​​တွေခုန်​လို့​ပေါ့ မိဖုရားကြီး​ရှေ့လဲ ​ရောက်​​ရော မိဖုရားကြီးက ပညာရှိအမတ်​ကြီးကို ​ပအုန်း​ရေ နဲ့ ဧည့်​ခံအုံးမယ်​ဆိုပြီး ​ရွှေခွက်​ရယ်​ ​ငွေခွက်​ရယ်​ ​ကြေးခွက်​ရယ်​ အဲသုံးခွက်​ထဲမှာ ​ပအုန်း​ရေ ​တွေထည့်​​ပေးထားတယ်​ မိဖုရားကြီးက ​ရွှေခွက်​ကို အရင်​ဆုံး ​သောက်​ခိုင်းတယ်​ ​သောက်​လဲပြီး​ရော ဘယ်​လိုအရသာရှိလဲလို့ အမတ်​ကြီးကို​မေးတယ်​ အမတ်​ကြီးက လဲ ဖန်​တွတွပါဘုရားလို့​ဖြေတယ်​ ​နောက်​တစ်​ခါ ​ငွေခွက်​ကို ​သောက်​ခိုင်းပြန်​တယ်​ ဘယ်​လိုအရသာရှိလဲလို့ ​မေးပြန်​တယ်​ အမတ်​ကြီးက ​ရှေ့နည်းတူ ဖန်​တွတွ ပါဘဲဘုရားလို့ ​ပြောပြန်​တယ်​ ​နောက်​ဆုံး ​ကြေးခွက်​ကို​သောက်​ခိုင်းတယ်​ ​ရှေ့နည်းတူဘဲ မိဖုရားကြီးက ​မေးတယ်​ အမတ်​ကြီးလဲက ဖန်​တွတွပါဘဲ ဘုရားလို့ ​ဖြေတယ်​ ဒီ​တော့မှာ မိဖုရားကြီးက ​ဘယ်​ခွက်​တဲ့ ​သောက်​​သောက်​ ပအုန်း​ရေ အရသာက ဖန်​တွတွဘဲဖြစ်​​နေမှာပါလို့​ပြောလိုက်​​တော့မှ ပညာရှိအမတ်​ကြီးက သ​ဘော​ပေါက်​ပြီး ပြန်​သွား​တော့ အဲချိန်​ကစပြီး အမတ်​ကြီး ပုံမှန်​တိုင်းပြန်​ဖြစ်​သွားတယ်​ တကယ်​​တော့ လူ​တွေက စိတ်​​ကြောင့်​ဖြစ်​​နေတာပါ ရှိတာ​လေးနဲ့ ​ရောင့်​ရဲတင်းတိမ်​​အောင်​ ကြိုးစားပါ ​ဈေးနဲတဲ့ပစ္စည်း​နေ​နေ အသုံးပြုလို့ရတာခြင်း​အတူတူပါဘဲ ဒီစာ​လေးကိုဖတ်​ပြီး ​ ရင်​ထဲက အ​တွေးထဲမှာ တစ်​ခုခုကျန်​​နေခဲ့မယ်​လို့ထင်​ပါတယ်​။😊😊

#👑M.K.K👑bigboss

FB_IMG_1515498115246.jpg

MSC-127

Photo credit -Facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရောင့်ရဲတင်းတိမ်စိတ်က စိတ်ချမ်းသာမှုကိုပေးနိုင်ပါတယ်

Right

အင်း အခုအချိန် ထိ ဖန်တွတွ ပဲ တီးနေဆဲ ဖြစ်ရမယ်

Omm

ရေးအသားကောင်းတယ် နှာခေါင်းရေ

Thz. တီတီ ဘွားဘွား

စာလုံးပေါင်းလေးတွေ နည်းနည်းမှားနေပါတယ်
အရေးအသားကောင်းပါတယ် ဆက်လက်ကြိုးစားပါ

ဟု​ကျေးဇူးပါ

ငမင်း အရေးအသားတွေ ကောင်းလှချည်လား

Thz.ဘုန်းဘုန်း

ဗဟုသုတရပီလေ…

Omm

ပုံပြင်ကောင်းတပုဒ်ပါဗျာ ကျေးဇူပါ

Thz.

Thank

အိမ်း.....ဘာမှ​ပြော​တော့ဘူးလို့ .

Thank for sharing

ကောင်းပါတယ်​ခင်​ဗျာ

Thz

အဓိကကတော့ ကိုယ့်စိတ်ပါပဲ

စိတ် စိတ် ဒီနေ့ စိတ်တွေပဲတွေ့နေရတယ်

Omm

ဗဟုသုတရပါတယ်​အကို

Ok

Nice story bro

Thz

Good

Thz..

ဖတ်​ဖူးတယ်

Omm

အ​ရေးအသား​တေ​ကောင်းပါတယ်​bro

Thz

Nice post
I follow you Follow mee back plz
vote my post

Thz. Ok

အော်​.. အကုန်​လုံး ဖန်​တွတွ​တွေပါလား :-)

Thz

Good bro

i love guitar

ကောင်းပါတယ် bro.
အောင်မြင်ပါစေဗျာ.

Good history post bro

  ·  7 years ago Reveal Comment

good post!

Good writing bro.

ဗဟုသုတရပါတယ်ဗျ

Good