ရေးချင်ရာ ရေးသည်

in myanmar •  6 years ago 

... မင်္ဂလာပါ မိတ်ဆွေတို့ရေ ...
image
မြန်မာနိုင်ငံသည် ရှေး အစဉ်အဆက်ကတည်းက သူတလူ
ငါတမင်း နေရာလုခဲ့ကြတာ ခုချိန်ထိပါပဲ

နယ်မြေ လုစစ်ပွဲတွေသာမက
တစ်နယ်မြေတည်းမှာပင် အုပ်ချုပ်သူ နေရာ လုခဲ့ကြ
မဟုတ်ပါလား

အဖွဲ့အစည်းလေးတွေ ဖွဲ့စည်းတယ် ဆိုတာ
အင်အားကြီးမားဖို့.. စွမ်းဆောင်ရည် တိုးမြင့်စေဖို့...
စုပေါင်းစွမ်းအားဖြင့် တစ်ခုခုကို အကောင်အထည် ဖော်ကြဖို့ပါ

ဒီလိုမှ မဟုတ်ဘဲ အဖွဲ့အစည်း အတွင်းမှာ စိတ်ဝမ်းကွဲစရာတွေ တွေ့ကြုံလာကြရရင် ပျက်စီးကိန်း ဆိုက်ရောက်တတ်ပါတယ်

ပြိုင်တူတွန်းက ရွေ့နိုင်သည် ဆိုပေမယ့် ဦးတည်ချက် မတူရင် အားထုတ်ရကျိုး ဆုံးရှုံးရတတ်ပါတယ်

ဟိုဘက်ခြံက မြက်က ပိုစိမ်းတယ်... ဟိုဘက်သွားစားမယ်ဆို
ဘာဖြစ်လေမလဲ?

ဟိုပင်ဒီပင် ကူးပါလို့ မြောက်ကြီး ဖင်ခေါင်းကျယ်လေမလား...
မြောက် သစ်ကိုင်းလွတ်ရင်ရော?

ဟိုထဲက အတုံး ငါ့အတုံး ဆိုသလို ထမင်းပုဂံပြားထဲ
ဟင်းတုံးတွေ ယူထည့်၊ လက်က ဇွန်းထဲမှာလည်း
ဟင်းတုံး ရှိနေတာကို ဟင်းပုဂံထဲ ကျန်တဲ့ အတုံးလည်း
ငါ့ဟာ ဆိုချင် ဖြစ်မလား?

ကိုယ့်ခြံက မြက် ပိုစိမ်းအောင် လုပ်လို့ မရဘူးလား...
စားဖို့ပဲ သိတာဆိုရင်တော့ ဘယ်လုပ်လို့ ရလေမလဲ။

တစ်ရွာမပြောင်း သူကောင်း မဖြစ် ဆိုသလို
လူရာဝင်အောင် လူတွင်ကျယ် လုပ်လို့ ရတဲ့ နေရာ
ရွေ့ကြမလား?

သေချင်တဲ့ကျား တောပြောင်းတာတော့ မဖြစ်စေချင်ပါဘူး။

မစည်းလုံးရင် အဖွဲ့ ဆိုတာက တစ်ဦးတည်း လုပ်ရတာလောက်
အလုပ်မတွင်ချင်ဘူး။

မညီညွတ်ရင် အသင်းအဖွဲ့ ဆိုတာက တစ်ဦးတည်း
နေရတာလောက် မပျော်ရွှင်ဘူး။

စည်းကမ်း မရှိကြရင် အဖွဲ့အစည်း ဆိုတာက
တိုးတတ်ဖို့ထက် ဆုတ်ယုတ်ဖို့ ဖြစ်နိုင်လတ္တံ့။

အင်း....
ကျွန်တော်လည်း ဘာတွေ ရေးနေပါလိမ့်....

စိတ်ထဲရှိတာ ရေးချင်တာ ရေးနေတာပါပဲ....

ဘယ်သူ့ကို ဦးမတည်ဘူး...
ဘယ်အဖွဲ့ကိုမှ မရည်စူးဘူး...

ဘယ်သူ့ကိုမှ ခလုပ်တိုက်ချင်စိတ် မရှိဘူး...
ဘယ်အဖွဲ့ကိုမှ အပြုတ်တိုက်ချင်စိတ် မရှိဘူး...

ရေးသာရေးရတာပါ...
ခုလို ရေးထားတာတွေ ဖတ်မိတဲ့သူတွေမှာ

အတွေးတစ်စ ရချင်လည်း ရသွားကြမယ်...
သဘောကျတဲ့သူ ရှိနိုင်သလို
စိတ်ခုတဲ့သူတွေလည်း ရှိနိုင်တာပါပဲ...

အနာနှင့် ဆေး တွေ့သွားတာမျိုး ဖြစ်နိုင်သလို
အနာရှိလို့ စပ်သွားတာလည်း ဖြစ်နိုင်ပါတယ်...

ဘယ်သူ ရီအောင် ကလိ ထိုးနေတာ မဟုတ်သလို
ဘယ်သူ မကြည်အောင် မထိတထိ ကလိနေတာလည်း မဟုတ်ပါဘူး။

ဖုန်းစခရင်ပေါ်က Note ပေါ်လက်တင်
ခေါင်းထဲ ပေါ်လာတာတွေလား... စိတ်ထဲ ပေါ်လာတာတွေလား...
ရင်ထဲ ရှိတာတွေလား... လက်ထဲ ထိမိသလို ရေးမိတာလား...

မသဲကွဲဘူး... အားလုံးပေါင်းပြီး စာလုံးတွေ ဖြစ်ပေါ်လာတာလည်း
ဖြစ်နိုင်ပါတယ်...

ဒီတော့ ရေးချင်တာရေးတယ်ပဲ ပြောလိုက်ပါရစေတော့...

မြန်မာဆိုတော့ myanmar tag သုံးပါတယ်...
Busy သုံးရင် busy tag ထည့်ပါတယ်...
Esteem App သုံးရင် esteem tag ထည့်ပါတယ်...
Partiko App သုံးရင် partiko tag အလိုလို ပါတယ်...
စာတွေ ရေးလိုက်တာမို့ writing tag သုံးပါတယ်...
MSC အဖွဲ့ဝင်မို့ msc tag မသုံးကြပေမယ့်
MSC နံပါတ် ထည့်ပါတယ်...

ဖွင့်ဟဝန်ခံချက်။ ။ စာရေး ကဗျာရေး ဝါသနာပါလို့
ရေးပါတယ်... Online Earning က Coin တွေ
ငွေတွေ ရချင်လို့ Steemit မှာ ပို့စ် တင်ပါတယ်...

ဝါသနာက ဝါသနာပါဗျာ ဝင်ငွေတစ်ခု ရချင်လို့
လုပ်နေပါတယ်...

ဝါသနာပါရုံသက်သက် ပို့စ် တင်နေခြင်း မဟုတ်ပါ...
ပိုက်ဆံ ရချင်ပါတယ်ဗျာ...

ကဲ... ကိုယ့်အကြောင်းနဲ့ကိုယ်ပဲ....

ကိုယ် ဘာတွေ ပြောနေနေ... ဘယ်သူမှ မသိလည်း
ကိုယ့်ဟာကိုယ် သိကြမယ် မဟုတ်လား?
သူများကို ညာလို့ ရချင် ရမယ်...
ကိုယ့်ကိုကိုယ် ညာလို့ ဖြသ်မလား?

Online Earning က Money ရချင်လို့
Post တင်လိုက်ပါပြီဗျာ😁😁😁
image
MSC - 193

@billionairehein

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ပက်ဆံလိုချင်လို့ post တင်သည် တစ်ခါမှ ထုတ်မသုံးဖူးတော့ ခက်လှသည်။😁

Posted using Partiko Android

ဟုတ်ပ ဝယ်သာထည့်ဖူးတာ... ထုတ်သုံးဖူးသေးပါဘူး...

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

သူပြောလို့ပြောမှန်းမသိ esteem ဆိုတဲ့ကောင် စာမဖတ်တတ်ဘူး

Posted using Partiko Android

ဖတ်တတ်တဲ့သူတွေ ဘာသာပြန်ပေးလိုက်ပေါ့ ဦးမင်းရာ...
လက်တစ်လုံးခြား မနေတော့ဘူး ဗြောင်ချကြစို့😁😁

Posted using Partiko Android

စိတ်မကောင်းပါ၊ ရီစရာကိုငိုစရာထင်ပြန်တော့လေ

Posted using Partiko Android

ဗြောင်ချကြစို့ ဆိုတာ စိန်ခေါ်တာ မဟုတ်ပါ...
သေဖော် ရှင်ဖက် ညှိတာပါဗျ😁😁😁

Posted using Partiko Android

Thank for your support

Posted using Partiko Android

Congratulations @billionairehein! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published a post every day of the week

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

Trick or Treat - Publish your scariest halloween story and win a new badge
SteemitBoard notifications improved

Support SteemitBoard's project! Vote for its witness and get one more award!

Thank for your badge

Posted using Partiko Android

အင်းဘယ်‌လိုေ ပြာရမလဲ‌ပေါ့‌နော်‌ ၊အဲ့ဒါက ဟိုလို‌လေ ၊ဘာေ ပြာရင်‌‌ကောင်းမလဲ ၊ဟိုဟာ‌လေ ဒီဟာ‌လေ‌တွေထက်‌စာရင်‌ ဒီလို‌ရေးသားထားတာ‌ကောင်းပါတယ်‌ ။‌ပြောကြည့်‌လိုက်‌ ရင်‌ထဲ‌ပေါ့သွားတာ‌ပေါ့ ကိုဟိန်း‌ရေ။

ပြောကြည့်ရုံသာ ဒီထက် ဘာမှ ပိုမလာ😁😁

Posted using Partiko Android

ရေးချင်​ရာ​ရေးလိုက်​​တော့လည်း​ပိုစ့်​တစ်​ခုဖြစ်​လာတာပါ....ဖတ်​ခဲ့ပါသည်​.. .

Posted using Partiko Android

ဖတ်ခဲ့ရုံတော့ မလုပ်နဲ့နော်
ပိုက်ဆံရချင်တယ် vote ရောပါမှနော်😁😁

Posted using Partiko Android

ဟုတ်​ပ ကိုဟိန်း ဝါသနာပါလို့ စာ​ရေးတယ်
Money ​လေးလည်းရချင်​တာပဲ 😁😁

Posted using Partiko Android

ရှင်းရှင်းပြောပစ်လိုက်တယ် ပိုက်ဆံ ရချင်တာ ရှက်စရာလားဗျာ😁

Posted using Partiko Android

ဝုတ်​တယ်​ မ​ပေးလို့ ​ပေး ရလျင်​တာ​ပေါ့လို့ ရှက်​စာလား 😁😁

Posted using Partiko Android

ရချင်တာကို ငွေ ကြောင့် မဟုတ်ဘူး ပြောနေကြတာ အများသား...

Posted using Partiko Android

စာ​ရေးတာက ဝါသနာပါလို့​ရေးတာဟုတ်​တယ်​ ပိုက်​ဆံက airdrop ​တွေ​တောင်​ ​လျှောက်​ရှာ​နေရတာပဲ​လေ
ကို ဒါနဲ့ ရ​တော့ ရ​လေ ​ကောင်း​လေ ပဲ​လေ ​နော့ 😁😁

Posted using Partiko Android

ရလေ လိုလေ အိုတစ္ဆေတော့ မဖြစ်စေနဲ့ပေါ့😁😁

Posted using Partiko Android

တော်​​ရော​ပေါ့ တန်​ရာ တန်​​ကြေး​လေးရ​နေရင်​ 😁😁

Posted using Partiko Android

ရသလောက် အမြတ်ထုတ်ချင်ကြတဲ့ လူ့လောဘက ရှိသေး😁

Posted using Partiko Android

အား လုံး​ရေးချင်​တာ​ရေး​ကြေပါသည်​ အဟီး

ရေးချင်တာရေး လက်မနှေးစေနဲ့😁😁😁

Posted using Partiko Android

ဒါကြောင့်ပြိုင်တူတွန်းလျင် ရွေးအောင်တွန်းရမှာပေါ့နော်

Posted using Partiko Android

ပြိုင်တူတွန်းက ပိန့်ခွက်ရ၏😁😁

Posted using Partiko Android

ရေးထားတယ် ရေးထားတယ် မသိဘူး ☺

မသိလည်း ရေး သိလည်းရေး
ရေးချင်တာ ရေး စာတွေရေး😁😁😁

Posted using Partiko Android

တွေးချင်ရာတွေး ရေးချင်ရာရေး ရင်း...
နောက်... ထင်ချင်သလိုထင်ကြပေါ့။ 😁

သာဒင်ကို ဘာထင်သလဲ ပေါ့😁😁

Posted using Partiko Android

လာပါတယ်နော်😁

ပျော်ပြီဗျာ

Posted using Partiko Android

ဘွတူဒေပါအေ ။

ဘွတူချင်တူမယ် S power မတူဘူး😁😁😁

Posted using Partiko Android