မင်္ဂလာပါ အောင်မြင်ချင်သော စာချစ်သူ မိတ်ဆွေတို့ရေ...
အောင်မြင်သော ဘဝတစ်ခုမှာ ဘာတွေ လိုအပ်လဲ
ဆိုတာရယ်၊ လူတစ်ယောက် အောင်မြင်ဖို့ ကံကြမ္မာ နှင့်
မဆိုင်ဘဲ စိတ်ဓာတ်နှင့် ဆိုင်တာရယ်၊ ကြိုးစားဖို့ လိုအပ်
သော်လည်း မှန်ကန်တဲ့ ရွေးချယ်မှု ဖြစ်ဖို့ ပိုအရေးကြီးတယ်
ဆိုတာရယ်တို့ကို သိပြီးသော်လည်း ကျွန်တော်ဟာ
ဘယ်ကစလို့ ဘာလုပ်ရမှန်း မသိသေးပါဘူး။ လက်ရှိလုပ်
နေတဲ့ မိမိတတ်မြောက်ထားတဲ့ ဆေးပညာလေးဖြင့် ဆေးကု
ဝင်ငွေရှာ နေရတာကိုလည်း ညည်းငွေ့နေပါပြီ။ ဒါနဲ့ပဲ ဆရာ
ဦးဇယံ ဆီကိုပဲ ထွက်လာမိပါတော့တယ်။ ဆရာ့ဆီရောက်သော်
HKM။ ။ မင်္ဂလာပါ ဆရာရေ...
ကျွန်တော်ကတော့ အောင်မြင်ချင်တာပဲ သိတယ်။ ဘယ်က
စရမယ်မှန်း မသိဘူး ဖြစ်နေတယ် ဆရာ... အဲ့ဒါ လုပ်ပါဦးဗျ ။
ZY။ ။ အေး! အောင်မြင်ချင်တယ် ဆိုရင် အရင်ဆုံး အောင်မြင်
ချင်စိတ် ရှိဖို့ လိုတယ်။ ဆန္ဒ ပေါ့... ပြင်းပြသောဆန္ဒတော့ ဖြစ်
ရမယ်။ အောင်မြင်ချင်တယ် မည်ကာမတ္တနဲ့တော့ မရဘူး။
လူတိုင်း လူတိုင်းကို မေးကြည့်... ချမ်းသာချင်သလား...လို့ ။
လူတိုင်းလိုလို ချမ်းသာချင်တယ်လို့ ဖြေမှာပဲ...အဲ! ဒါပေမယ့်
လူတိုင်း ချမ်းသာသလား။
HKM။ ။ မချမ်းသာကြပါဘူး ဆရာ။
ZY။ ။ ဒါပါပဲ။ ချမ်းသာချင်တယ် မည်ကာမတ္တနဲ့တော့ မချမ်းသာ
နိုင်ဘူး။ ပြင်းပြတဲ့ဆန္ဒ အစစ်မှန် ဆိုရင်တော့ ဖြစ်နိုင်တယ်။
ဆန္ဒ နှင့်ပတ်သက်ပြီး See You At The Top စာအုပ်
ထဲမှာ Zig Ziglar ပြောတာကတော့ "ဆန္ဒ ဆိုသည်မှာ
ရေပူရေနွေးနှင့် ဆင်တူသော သေးဖွဲသည့် အရာများကို
အောင်မြင်မှု တည်းဟူသော ရေနွေးငွေ့ အဖြစ်သို့ ပြောင်း
လဲပေးနိုင်သည့် အမယ်တစ်ခုသာ ဖြစ်သည်..."လို့ ဆိုတယ်။
အဲဒါပဲ... ဆန္ဒ ဆိုတာသာ တကယ့်အစစ်အမှန် ပြင်းပြင်း
ထန်ထန် ထားရှိခဲ့မယ်ဆို မဖြစ်နိုင်ဘူးလို့ ထင်ရတာတွေ ဖြစ်
လာနိုင်တယ်။ မင်းရဲ့စိတ် (အတွင်းစိတ်)ထဲမှ တကယ် ထုတ်
သုံးချင်သည့် ဆန္ဒသာ ရှိခဲ့ရင် အံ့ဖွယ်အစွမ်းအစများကို ထုတ်
ယူ သုံးစွဲနိုင်မယ်။ ဆိုချင်တာက မင်းဟာ တကယ် အောင်မြင်
ချင်တယ် ဆိုရင် အောင်မြင်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေလာ
သလို၊ တွေ့ရှိလုပ်ဆောင်နိုင်စွမ်းတွေလည်း ပေါ်လာနိုင်တယ်။
"ဆန္ဒ ကြီးလျှင် ကြံသမျှ ပြီးတယ်" လို့ ဆိုကြ မဟုတ်လား။
HKM။ ။ ဒါဆို တကယ်အောင်မြင်ချင်တဲ့ ဆန္ဒ ရှိနေပြီဆို
အောင်မြင်မှာ သေချာပြီပေါ့နော် ဆရာ။
ZY။ ။ ဆန္ဒ တစ်ခုတည်းနဲ့တော့ ဘယ်ဖြစ်မလဲ။ အောင်မြင်ချင်တဲ့
အတိုင်းအတာပေါ် မူတည်ပြီး စွမ်းအားထုတ် မောင်းနှင်ဖို့လည်း
လိုတယ်။ နောက်ပြီး အောင်မြင်ချင်တယ် ဆိုတဲ့ စကားကလည်း
ယေဘုယျ ဆန်တယ်။ ဘယ်နေရာမှာ အောင်မြင်ချင်တာလဲ...
ဘယ်အချိန်မှာ အောင်မြင်ချင်တာလဲ... ဘယ်လောက်အတိုင်း
အတာထိ အောင်မြင်ချင်တာလဲ... သတ်သတ်မှတ်မှတ် တိတိ
ကျကျ ရှိဖို့ လိုတယ်။ အရာရာတိုင်း ထိပ်ဆုံး အောင်မြင်ချင်လို့
တော့ မဖြစ်ဘူး...မလွယ်ဘူး။ ဒီတော့ မင်းဟာ ရည်ရွယ်ချက်၊
မျှော်မှန်းချက်၊ စိတ်ကူးအိပ်မက်၊ ပန်းတိုင် တစ်ခုခုကို ရွေးချယ်
ဆုံးဖြတ် ချမှတ်ဖို့ လိုမယ်ဟေ့။
HKM။ ။ ရည်ရွယ်ချက် ဟုတ်လား ဆရာ... ကျွန်တော်လည်း
ငယ်ငယ်တုန်းက ဆရာဝန် ဖြစ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်
ကျန်းမာရေးမှူး လောက်ပဲ ဖြစ်လာခဲ့တယ်။ ရည်ရွယ်ချက်က
ဘယ်လောက် အရေးကြီးလို့လဲ ဆရာ။
ZY။ ။ အရေးကြီးပါသော်ကော... မင်းကို မြင်သာအောင်
ရှင်းပြရရင် ဘောလုံး အားကစားပွဲကိုပဲ ကြည့်။ ဥပမာ။ ။ ကမ္ဘာ့
ဖလားမှာ ဘရာဇီးအသင်းနှင့် အီတလီအသင်းတို့ဟာ ဗိုလ်လုပွဲ
ကို ရောက်လာကြတယ် ဆိုပါစို့။ အဲဒီ အသင်းနှစ်သင်းဟာ
အနိုင်ဗိုလ်စွဲဖို့ ကြိုးစားပမ်းစား ဂိုးသွင်းရမယ် မဟုတ်လား။ တစ်
ဘက်အသင်းကို နိုင်ဂိုးသွင်းပြီး ဖလား ရယူဖို့ ဘောလုံးကွင်းထဲ
ဝင်လာကြချိန်မှာ ဘောလုံးကွင်းက ဂိုးတိုင်တွေ မရှိခဲ့ဘူး ဆိုရင်
ဘယ်လို ဖြစ်သွားကြမလဲ။ ဂိုးတိုင်တွေ မရှိဘဲ သူတို့တွေ ကစား
ကြမယ်ဆို ခွေးရူးလိုက်တမ်း ကစားသလို အပျော်အပျက် ဖြစ်
သွားမှာပေါ့။ အဲဒီလို ဘောလုံးပွဲမှာတောင် ဂိုးတိုင်ရှိမှ အောင်ပွဲရ
ကစားနိုင်မှာ ဖြစ်သလို မင်းဘဝမှာလည်း ရည်ရွယ်ချက်ပန်းတိုင်
ရှိဖို့ အထူးလိုပါတယ်...မှတ်ထားပါ။
HKM။ ။ ဟုတ် ဆရာ... ရည်ရွယ်ချက်ပန်းတိုင်ကို တိကျအောင်
ဘယ်လို စချရပါမလဲ။
ZY။ ။ ရည်ရွယ်ချက်ပန်းတိုင် ချမှတ်ဖို့ ဘယ်လို စရမလဲ ဆိုရင်
ပထမဦးစွာ စိတ်ကူးအိပ်မက် မက်ရပါမယ်။ စိတ်ကူးအိပ်မက်
ဆိုတာက မင်းဟာ ဘာတွေကို လုပ်ကိုင်နေချင်တယ်...
ဘာတွေကိုတော့ ရယူပိုင်ဆိုင်ချင်တယ်... ဘယ်လို အဆင့်အ
တန်းမျိုးမှာ နေချင်တယ်... ဆိုတာကို ကွဲကွဲပြာပြား မြင်နိုင်စွမ်း
ရှိဖို့ လိုတယ်။ ဒါကို စိတ်ကူးပုံဖော်နိုင်စွမ်း ရှိအောင်လည်း လုပ်
ရမယ်။ အဲဒီ စိတ်ကူးပုံရိပ်ကို ရည်ရွယ်ချက်ပန်းတိုင် အဖြစ် ချ
မှတ်ရမယ်။ နောက်ပြီး "Big Dream is equal to
Goal."တဲ့။ အိပ်မက်ကြီးကြီးများကသာ ပန်းတိုင်သို့ ရောက်
မည်လို့ ဆိုတယ်။ ရည်မှန်းချက်ပန်းတိုင် ဆိုတာ မျှော်ကြည့်
လိုက်တာနဲ့ ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့ အနေအထား ဆိုရင်
တော့ ရဖို့ ပိုသေချာတယ်။ ဒီပုံကို ကြည့်ကွာ...
ဒီမှာ မင်းရဲ့ ရည်မှန်းချက်က သေးကွေးတယ် ဆိုရင် အခက်အခဲ
ကို ကျော်ပြီး မြင်နိုင်စွမ်း ရှိမှာ မဟုတ်လို့ အောင်မြင်နိုင်ဖို့ မသေ
ချာဘူး။ အေး! အခက်အခဲ ကို ကျော်မြင်နိုင်မယ့် ရည်မှန်းချက်
အကြီးကြီး ဆိုရင်တော့ အောင်မြင်ဖို့ ပိုသေချာတာပေါ့။ ရည်မှန်း
ချက် ကြီးကြီးထားဖို့နှင့် ပတ်သက်လို့ ပေတင်ဂျလိယောဂကျင့်စဉ်
ကျမ်းမှာ ဆိုထားတာ ရှိတယ်... ဘာတဲ့။
"မိတ်ဆွေတို့မှာ ကြီးကျယ်တဲ့ ရည်ရွယ်ချက်နှင့် ထူးခြားဆန်းပြား
တဲ့ စီမံကိန်းတွေ ရှိရင် ဉာဏ်ပွင့်လာသလို စည်းတားကန့်သတ်
မှုတွေကို ချိုးဖောက်နိုင်တဲ့ အတွေးအခေါ်တွေ ရလာမှာပါပဲ။
မိတ်ဆွေတို့ စိတ်ဓာတ်က လူ့စွမ်းပကားထက် ကျော်လွန်သွား
တာနဲ့အမျှ အသိဉာဏ်ကလည်း နေရာ အနှံ့အပြား ဖြန့်ကျက်
နိုင်သလို မိတ်ဆွေတို့သည် ကြီးမြတ်ပြီး အံ့သြစရာကောင်းတဲ့
လောကသစ်တစ်ခုမှာ ရောက်နေတာ တွေ့ရပါလိမ့်မယ်။"တဲ့။
ကဲ! ဘယ်လောက်ကောင်းလိုက်သလဲ... ရည်ရွယ်ချက်ပန်းတိုင်
ကြီးကိုကြီးမှ ဖြစ်မှာပါ။
HKM။ ။ ကျွန်တော်လည်း အများကြီးတော့ ရချင် ဖြစ်ချင်တယ်။
ဒါပေမယ့် တိတိကျကျတော့ မရှိသေးဘူး... အဲဒါ ဘယ်လို လုပ်
သင့်လဲ ဆရာ။
ZY။ ။ ဘယ်လိုလုပ်သင့်လဲ ဟုတ်လား။ မင်းမှာ တိတိကျကျ
ရှင်းရှင်းလင်းလင်း ချမှတ်ထားတဲ့ ရည်မှန်းချက်သာ မရှိခဲ့ရင်
မင်းကိုယ်တွင်းမှာ ရှိနေသည့် အစွမ်းအစများကို အပြည့်အဝ
အသုံးချနိုင်မှာ မဟုတ်ဘူး။ ဒီတော့ မင်း လုပ်နိုင်သည့် ၊
တတ်နိုင်သည့် အရာများကို စာရင်း ချရေးပါ။ မင်း လိုချင် ၊
ရချင်၊ ဖြစ်ချင်တာတွေကိုလည်း စာရင်း ချရေးပါ။ "ရေရှည်
ရည်မှန်းချက်များကို ရရှိရန် အတွက် တစ်ခုတည်းသောနည်း
လမ်းမှာ ရေတို ရည်မှန်းချက်များကို ရရှိအောင် ဆောင်ရွက်
ရန်ပင် ဖြစ်သည်။ အဓိက ရည်မှန်းချက်များ အပေါ် မျက်ခြေ
အပြတ်မခံဘဲ နေ့စဉ် ရည်မှန်းချက်များကို ဆောင်ရွက်သည့်
အခါ ထိုရည်မှန်းချက်များနှင့် တဖြည်းဖြည်း နီးလာပြီ ဆိုသည်
ကို မမေ့ပါနဲ့။ ခရီးဆုံးကို ရောက်ချင်လျှင် ခရီးဆုံးကို မြင်တတ်
ဖို့ လိုသည်။"တဲ့။ ငါ ဖတ်မှတ်ထားတာလေး ပြောပြတာ...
ဒါကြောင့် ရည်ရွယ်ချက်ပန်းတိုင် နှင့်ပတ်သက်ပြီး
See You At The Top စာအုပ်ထဲက နည်းစဉ်လေး
ကို အကြံပြုချင်တယ်။
" မင်း အနေဖြင့် ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် -
(၁) ရည်ရွယ်ချက်ပန်းတိုင်ကို စာရွက်ပေါ် ချရေးပါ။
(၂) ထိုရည်ရွယ်ချက်ကို တားဆီးမယ့် အဟန့်အတားများ၊
အခက်အခဲများကို ချရေးပါ။ နောက်ပြီး
(၃) ပြသ၁နာ ပြေလည်နိုင်စေမယ့် နည်းများကိုလည်း ချရေးပါ။"
တဲ့။ ဒါပေမယ့် မင်းအနေဖြင့် စိတ်ကူးယဉ်သမား သက်သက်တော့
မဖြစ်စေချင်ဘူး။
HKM။ ။ ဟုတ်ကဲ့ပါ ဆရာ... ကျေးဇူးပါပဲ ။
ဆက်ရန်......
စာရှုသူ မိတ်ဆွေအားလုံး လက်တွေ့လိုက်နာ ကျင့်ဆောင်
အောင်မြင်ပြီး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ...
Some Photos from google images
Photos Credit to original uploaders
@billionairehein
MSC - 193
Hein Khant Maung ကိုယ်တိုင် စုတုပြု ၍ ရေးသားသည်။
ကျွန်တော့ရည်မှန်းချက် sp ကိုလည်းနည်းနည်းထပ်မြင့်လိုက်ပါဦးမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်ဆက် sp မြှင့်ပါမည်😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆန္ဒရယ် လိုလားမှုရယ် ရှိလျင် ကြံသမျှ ပြီးတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လိုလျှင်ကြံဆ နည်းလမ်းရ
ရသည့်နည်းလမ်း သုံပြီးလှမ်းက
ရောက်မည်အမှန် အောင်မြင်မှုထံ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆရာကောင်းနဲ့အတူ ကံကောင်းပါစေ အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you. Same to you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စုတုပြုတွေက ဖက်လို့ ကောင်းပါတယ်bro😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အနှစ်တွေ ရှာစု တုပ ပြန်ရေး ပြုပြင်ဖန်တီး
😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကံကောင်းပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ ဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီလိုတွေကောင်းလို့လည်းပုံမှန်resteemလုပ်နေရတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီလိုပဲ လေ့လာရင်ူ ကြိုးစားရင်းပါ ညီရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဥပမာတွေကောင်းလိုက်တာ ဘဒို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေ့လာဆည်းပူးခဲ့ရတဲ့အချိန်တွေက မနည်းဘူးကိုး ညီရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆန္ဒ ကြီးလျှင် ကြံသမျှ ပြီးတယ် အဲဒီစကားလေးတော့ ကြိုက်သွားပြီဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကြီးကြီးဆန္ဒရှိထားလိုက်တော့😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတွေ့ကြုံတွေ တော်တော်များခဲ့လို့သာ အခုလိုအောင်မြင်ရေးစာပေတွေရေးနိုင်တာလို့ သုံးသပ်ချင်ပါတယ်ဗျာ
ဗဟုသုတတော်တော်ရှိထားပဲနော် bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်ချင်တော့လည်း လေ့လာရတာပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါတယ် အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စောင့်မျှော်နေပါတယ် bro အပိုင်း(၅)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပိုင်း၅ ကို pro မတင်ပါ
နောက် အပိုင်း၆ pro မတင်ခင် အရင်ရက် တင်ပါမည်
အားပေးလို့ ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်စောင့်ပီဗျို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်ရေးမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဥပမာကောင်းတွေကို မျက်စိထဲမြင်နိုင်သည်ထိ ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ် ကိုဟိန်းရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်လိုသူ မှတ်စုယူပေါ့ဗျာ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စုထားသမျှ ပြန်ထုတ်ပြနေတယ်ပေါ့ ဦးဇယံရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Steemit နဲ့တွေ့မှ ရေးမှတ်ထားခဲ့သမျှ အသုံးဝင်လှသဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဥပမာလေးများနဲ့ ဖတ်ရတာ အသိတွေတိုးရပါ
တယ် Bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ဦးကိုတစ်ဦး မျှဝေရင်း ရှေ့ဆက်ကြတာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးသွားတဲ့စာသား ပေးသွးတဲ့ဥပမာတွေအတွက်
ရှေ့ဆက်လှမ်းမဲ့ခြေလှမ်းတိုင်းအတွက် များစွာအထောက်ကူဖြစ်စေပါတယ်အစ်ကို
ကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လိုက်နာကျင့်ကြံနိုင်ပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာကိုများများဖတ်ပြီး အောင်မြင်မူ့ဆီသို့ ချီတတ်မယ်အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Today reader,tomorrow leader.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းဗဟုသုတရပါ၏ကိုဟိန်း အချက်အလက်စုဆည်းမှုကြီးပဲ အရေးကြီးလိုအပ်တဲ့အချက်........ဒါနဲ့ အပေါ်ပုံက ktv ကလားဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မန္တလေးဘူတာကြီးအပေါ်ထပ်က Hotel မှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာတွေရပါတယ်အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စုတုပြုက မိုက်သားဟ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit