လူ

in myanmar •  6 years ago 

orca-image-1857288954.jpeg_1536981494521.jpeg

... လူ ...

လူ ထဲက လူ တော့ လူ ပါပဲ...
လူလို နားလည်အောင် စကား မပြောတတ်ဘူး
လူလို နားလည်အောင် စာ မရေးတတ်ဘူး
ဒါပေမယ့်...
လူထဲမှာ လူတွင်ကျယ် လုပ်ချင်တယ်
အဲဒီတော့...
လူထဲကို ရောတယ်
လူတွေနဲ့ ပေါင်းတယ်
လူလို စကားပြောတယ်
လူလို စာရေးတယ်
ခက်တာက လူကို လူတွေက နားမလည်ဘူး
အဲတော့...
လူရာ မဝင်ဘူး

ဒါနဲ့ပဲ...
လူရာဝင်အောင် လူတတ်ကြီး လုပ်ပြန်တယ်
လူလူသူသူ နေပြတယ်
လူသူလေးပါး လေးစားအောင် ဟန်ထုတ်ပြတယ်
ဟန်လုပ်တော့ ဟန်ရုပ်ပေါက်ပြီး
လူလုပ်ပေါက်က ပန်မလာပြန်ဘူး

ဒီလိုနဲ့...
ကြံရာမရ ဖြစ်ပြီး
လူထဲက ထွက်နေပြန်တယ်
လူထဲက ထွက်လိုက်တော့
လူ မဟုတ်တော့ဘူးလား?

တွေးကြည့်ရင်း ငေးကြည့်ရင်းနဲ့
လူ က ဘာကောင်လဲ မသိတော့ပါလား
လူအထဲက လူနဲ့ လူအပြင်က လူ
ဘယ်လူက လူလဲဗျာ...

...... Hein Khant Maung ......
orca-image-1529224864173.jpg_1529224864253.jpeg

@billionairehein

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

You got a 8.49% upvote from @minnowvotes courtesy of @billionairehein!

You got a 8.33% upvote from @dailyupvotes courtesy of @billionairehein!

  ·  6 years ago Reveal Comment

ဘာလူလဲတော့မသိဘူး
လူတော့လူပဲ... 😂😂😂

လူထဲကလူတော့ လူပါပဲကွာ

ဟိုက်စ်

လူတော့လူဘဲ
ဒါပေမဲ့ ပလူထင်တယ်
ဖယောင်းမီးလေး ထွန်းကြိုလိုက်ရအောင်
လျှပ်စစ်မီးက ဓါတ်မလိုက်မှာစိုးလို့ပါ ။
ခ်ခ်

ပလူက ကသာ ထီးချိုင့် ရွှေကူ ဘက် ပေါ ဆိုပဲ😁

လူလုပ်ပေါက်က " ဟန် " မလာပြန်ဘူး

ရေးရမလားလို့  ပန် နဲ့  ဟန်

ပန် ကို ရေးတာပါပဲ..
ဟန်ပန် ကို ဟန်လုပ်တာ ပန်မလာတာ ရေးတာ...
အသုံးအနှုန်း နည်းနည်းကွဲတယ်ထင်ပ...

အော်.. လူ့ လူ လူး..ပါတဲ့လေ ဘီဘီရေ😁

လူ တွေက လူ့ နှင့် လူး တွေ များနေသလားပဲ

You got a 4.24% upvote from @upme thanks to @billionairehein! Send at least 3 SBD or 3 STEEM to get upvote for next round. Delegate STEEM POWER and start earning 100% from your share, daily payouts ( no commission ).
Quick delegation links: 25SP | 50SP | 100SP | 250SP | 500SP | 1000SP | 2000SP | 5000SP | Custom Amount

လူဟာ လူပဲ ပြောစမ်းပါ ဘာလိုလဲ အဲလိုတောင် ပလေးဘွိုင်းသန်းနိုင် က ဆိုထားသေးမှတ်တယ်... ဦးနှော်က်က မှ ခမ်းခြောက်ချင်နေဘီ ထပ်ပြီး ဦးနှောက်စားအောင်လုပ်နေတယ်... မစဉ်းစားတော့ဘူး ကိုဟိန်းရေ ... ဟို ကွေ့ရောက် ဟိုတက်နဲ့လှော် ပြီး ဒီကွေ့ရောက်တော့လည်း ဒီတက်နဲ့ လှော်ပြီး သွားတော့မယ် ☺☺☺

လူတွေက ငါ့ကို အရူးလို့ ပြောကြတယ်... ဘယ်လူဟာ အကောင်းလို့ ပြောနိုင်မလဲ... လွှမ်းမိုး ဆိုထားတာ သတိရမိ...